Connect with us

Media

မြန်မာနိုင်ငံ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ပေါက်ဖွားခဲ့သည့် အောက်ချင်းငှက် အကောင်ပေါက်

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် သဘာဝ၏ အမွေအနှစ်လည်းဖြစ်ပြီး တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရမည့် အဖိုးတန်ငှက်မျိုးစိတ်ဖြစ်သော အောက်ချင်းငှက် အကောင်ပေါက်လေးတစ်ကောင် မကြာသေးမီက အောင်အောင်မြင်မြင် မွေးဖွားခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန် )၌ ပေါက်ဖွားခဲ့သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို ဇူလိုင် ၆ ရက်နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ အဆိုပါ အောက်ချင်းငှက် အကောင်ပေါက်ကို အောက်ချင်းငှက်အဖို၊အမတို့က အစာခွံ့ကျွေးမှုနေမှု မြင်ကွင်းများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ အောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန် ၁၇ ရက်တွင် အသိုက်အတွင်းမှ အပြင်သို့ စတင်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ (Xinhua)