Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအတွက် ယွမ်ငွေ သန်း ၁၅၀ ခွဲဝေချထားပေး

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်းနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၏ သက်ရောက်မှု ခံစားရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန်အတွက် ဗဟိုသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေမှ ယွမ်ငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၂၀.၉၇ သန်းခန့်) အား ခွဲဝေချထားပေးခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၎င်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က ခွဲဝေချထားပေးသည့် အရေးပေါ်ရန်ပုံငွေများကို ကျဲ့ကျန်း၊ ဖူကျန့်၊ စီချွမ်း၊ ချုံချင့်၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကန်းစု အစရှိသည့် ပြည်နယ်အဆင့် ဒေသကြီး ခြောက်ခုသို့ ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ယခုအခါ ရေကြီးမှုအများဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ရာ အချို့ဒေသများတွင် ရေကြီးမှုများနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး ယခုနှစ်၏ စတုတ္ထမြောက် တိုင်ဖွန်းမုန်တိုင်း ဒါနပ်စ် (Danas) သည် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသအချို့ကို ထိခိုက်စေခဲ့ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်များကို ဖြစ်ပွားစေခဲ့ကြောင်း ၎င်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေများကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး ဘေးအန္တရာယ်သင့် ဒေသခံများအား ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်းနှင့် နေရာရွှေ့ပြောင်းပေးခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်များကို ထောက်လှမ်းခြင်းနှင့် ပျက်စီးသွားသော အိမ်များ ပြန်လည်ပြုပြင်ခြင်း အပါအဝင် အခြား ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများအတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-
English Version
China earmarks 150 million yuan for natural disaster response
BEIJING, July 9 (Xinhua) — China has earmarked 150 million yuan (about 20.97 million U.S. dollars) from its central natural-disaster-relief fund to support relief efforts in regions affected by flooding, typhoons and geological disasters, the Ministry of Finance (MOF) said on Wednesday.
An MOF statement said that emergency funds, allocated by the MOF and the Ministry of Emergency Management, were distributed to six provincial-level regions: Zhejiang, Fujian, Sichuan, Chongqing, the Xizang Autonomous Region and Gansu.
As China has now entered its main flood season, certain regions have been hit frequently by flooding and geological disasters, and Danas — the fourth typhoon of this year — has impacted several southeastern coastal regions and caused secondary disasters, the MOF said.
The funds will be used to support emergency rescue and relief efforts, focusing on search, rescue and relocation for residents affected by disasters. They will also be used for the detection of secondary disasters, and to repair damaged houses, among other tasks.

English Version
This aerial drone photo taken on July 6, 2025 shows vessels mooring at a port to shelter from an approaching typhoon in Fuzhou, southeast China’s Fujian Province. (Photo by Wang Wangwang/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.