Connect with us

Asia

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ နျူကလီးယားဗုံးပေါက်ကွဲမှု နှစ် ၈၀ ပြည့်၊ ဂျပန်အစိုးရ လက်နက် ပြင်ဆင်မှုတိုးချဲ့ခြင်းအား ပြည်သူလူထု ဆန္ဒပြ

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပသော အဏုမြူဗုံးကြဲခံရခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအပြီး ပြည်သူလူထုက တန်းစီ၍ ပန်းဖြင့် ဂါရဝပြုနေသည်ကို ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟီရိုရှီးမား (ဂျပန်)၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ အဏုမြူဗုံးကြဲခံရခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၆ ရက်က ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ ဒေသအသီးသီးမှ ပြည်သူများသည် ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲခံခဲ့ရသည့် ကျန်ရှိနေရာများရှေ့တွင် စုဝေးပြီး ဂျပန်အစိုးရ၏ လက်နက် ပြင်ဆင်မှုတိုးချဲ့ရေးမူဝါဒ ဖော်ဆောင်ခြင်းကို ဝေဖန်ခဲ့ကြသည့်အပြင် စစ်ပွဲ၏အမှားများ ထပ်မံဖြစ်လာခြင်းကို တားဆီးရန်အတွက် လက်တွေ့လုပ်ဆောင်ချက်ဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းခဲ့သည်။
ဩဂုတ် ၅ ရက် ညပိုင်းမှစတင်၍ ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲခံခဲ့ရသည့် ကျန်ရှိရာနေရာများရှေ့တွင် ပြည်သူများစွာ စုဝေးခဲ့ကြသည်။ ၎င်းတို့သည် “ဂျပန်-အမေရိကန် မဟာမိတ်သည် စစ်မဟာမိတ်ဖြစ်သည်”၊ “နျူကလီးယားစစ်ပွဲများ တားဆီးကြပါစို့” စသည့် ဆောင်ပုဒ်များကို ကိုင်မြှောက်ကာ ဂျပန်က လက်နက် ပြင်ဆင်မှုတိုးချဲ့ခြင်းအား စဉ်ဆက်မပြတ် ဖော်ဆောင်မှုအပေါ် ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ ပြည်သူလူထုက စစ်ပွဲဆန့်ကျင်ရေး စုဝေးပွဲ ကျင်းပနေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………
(Chinese Version)
广岛核爆80周年 日本民众抗议政府实施军备扩张
新华社照片,广岛(日本),2025年8月6日
日本广岛市6日在和平纪念公园举行遭原子弹轰炸80周年纪念仪式。来自日本各地的民众在广岛原子弹轰炸遗址前集会,批评日本政府实施军备扩张政策,呼吁以实际行动守护和平宪法,防止重蹈战争覆辙。
自5日晚起,广岛原子弹轰炸遗址前聚集了大量民众。他们高举“日美同盟是战争同盟”“阻止核战争”等标语,表达对日本持续实施军扩的强烈担忧。
图说1:8月6日,民众在日本广岛举行的遭原子弹轰炸80周年纪念仪式后排队献花。新华社记者 贾浩成 摄
图说2:8月5日,民众在日本广岛和平纪念公园举行反战集会。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.