Connect with us

Africa & Middle East

ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် အချို့သောနိုင်ငံများ တွန်းအားပေးမှုက ငြိမ်းချမ်းရေး သယ်ဆောင်လာမည် မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဆို

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် အာဟာရချို့တဲ့သော ကလေးငယ်တစ်ဦးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် အချို့သောနိုင်ငံများ တွန်းအားပေးမှုလုပ်ရပ်သည် “အလွန်အဓိပ္ပာယ်မရှိ” ကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးကို သယ်ဆောင်လာမည် မဟုတ်ဘဲ “နောက်ထပ်စစ်ပွဲတစ်ခု နီးကပ်လာအောင် သယ်ဆောင်လာမှာ” ဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ဩဂုတ် ၁၀ ရက်တွင် ဝန်ကြီးချုပ်ရုံး၌ သတင်းစာရှင်းလင်းပွဲ ကျင်းပစဥ် ပြောကြားခဲ့သည်။
အစ္စရေးပြည်သူနှင့် လွှတ်တော်အမတ် အများစုသည် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခြင်းကို ကန့်ကွက်ကြောင်း၊ အစ္စရေးအနေဖြင့် “လူထုသဘောထား ကောင်းမွန်ရန်” အတွက် “နိုင်ငံတော်က မိမိကိုယ်ကို အဆုံးစီရင်” သည့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်မည်မဟုတ်ကြောင်း နေတန်ယာဟုကာ ဆိုသည်။
အစ္စရေး လုံခြုံရေး ကက်ဘိနပ်က ဂါဇာမြို့အား လက်လွှဲရယူရန်အစီအစဉ်အား ခွင့်ပြုမှုနှင့် စပ်လျဉ်း၍ နေတန်ယာဟုက အဆိုပါဆုံးဖြတ်ချက်သည် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) က အပစ်ရပ်မှု ဆွေးနွေးညှိနှိုင်းရာတွင် အလျော့ပေးရန် ငြင်းပယ်မှု အခြေအနေကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ (“ဖီလာဒဲဖီးယားစင်္ကြံ” အပါအဝင်) မှ လုံးဝဆုတ်ခွာခြင်း စသည်တို့ အပါအဝင် ဟားမက်စ်က အဆိုပြုသည့် တောင်းဆိုချက်များသည် မည်သည့် တာဝန်ယူမှုရှိသည့် အစိုးရမဆို လက်ခံမည်မဟုတ်သည့် “အညံ့ခံမှု တောင်းဆိုချက်” များဖြစ်ကြောင်း၊ “ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း” မှာမူ ဟားမက်စ်ကို အနိုင်တိုက်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အချို့သော စစ်တပ်အဆင့်မြင့်အရာရှိနှင့် ကာကွယ်ရေး အရာရှိများက “ဂါဇာ‌မြို့ လက်လွှဲရယူမှု” အပေါ် မတူညီသော သဘောထားများရှိကြောင်းလည်း နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် ကြီးမားသည့်ဆုံးဖြတ်ချက်ကို နိုင်ငံရေးခေါင်းဆောင်အလွှာနှင့် ကက်ဘိနပ်မှ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ “အစ္စရေးက စစ်တပ်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံပါ၊ စစ်တပ်က ဦးဆောင်တဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်ပါဘူး” ဟုလည်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းတွင် ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ စသည့်နိုင်ငံများစွာက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရန် တိုက်တွန်းသံများ တစ်ဆင့်တိုး မြင့်တက်လာခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့တွင် ဒေသခံကလေးငယ်များက အစားအစာရယူရန် စောင့်ဆိုင်းနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
以总理称部分国家推动承认巴勒斯坦国不会带来和平
新华社耶路撒冷8月10日电(记者冯国芮 王卓伦)以色列总理内塔尼亚胡10日在总理办公室举行记者会时表示,部分国家推动承认巴勒斯坦国的行为“荒谬”,这不会带来和平,而是“把下一场战争带得更近”。
内塔尼亚胡称,大多数以色列民众和议员反对建立巴勒斯坦国,以色列不会为了“舆论好评”而作出“国家自杀”的决定。
对于以色列安全内阁批准接管加沙城计划,内塔尼亚胡表示,这一决定是在巴勒斯坦伊斯兰抵抗运动(哈马斯)在停火谈判中拒绝妥协的情况下作出的。他称,哈马斯提出的包括以军完全撤出加沙地带(包括“费城走廊”)等条件,是任何负责任政府都不会接受的“投降条件”,“唯一能解救所有被扣押人员的办法”就是击败哈马斯。
内塔尼亚胡还透露,部分军方高层和防务官员对“接管加沙城”持不同意见。但他强调,重大决策由政治领导层和内阁决定,“以色列是一个拥有军队的国家,而不是一个由军队主导的国家”。
连日来,法国、英国、加拿大等多国表示将承认巴勒斯坦国,国际社会要求落实“两国方案”的呼声进一步加强。(完)
1、这是7月23日在加沙城一所医院里拍摄的营养不良的儿童。新华社发(里泽克·阿卜杜勒贾瓦德摄)
2、7月20日,在加沙城,当地儿童等待领取食物。新华社发(里泽克·阿卜杜勒贾瓦德摄)