International Organizations
ဘာစီလိုနာ ဂိုးသမားအဖြစ် မှတ်ပုံတင်နိုင်ရေးအား ဂါဆီယာ စိုးရိမ်ခြင်း မရှိ

မက်ဒရစ်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ယခုသီတင်းပတ်ကုန်ရက်၌ မာယော့ကာနှင့်ကစားရမည့် လာလီဂါအဖွင့်ပွဲအမီ ဘာစီလိုနာကစားသမား အဖြစ် မှတ်ပုံတင်နိုင်ခြင်း ရှိ၊ မရှိကို စိုးရိမ်ပူပန်မှု မရှိကြောင်း ဂိုးသမား ဂျိုအန်ဂါဆီယာက ပြောကြား ခဲ့သည်။
ဘာစီလိုနာမှာ ဂျိုအန်ဂါဆီယာကို နွေရာသီ စျေးကွက်အဖွင့်တွင် ဒေသတွင်း ကာတာလန်ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုအသင်းထံမှ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ဘဏ္ဍာရေးမျှခြေစည်းမျဥ်းများကြောင့် လာလီဂါရာသီသစ်အတွက် ဂျိုအန်ဂါဆီယာကို ဘာစီလိုနာ ပထမအသင်းကစားသမားအဖြစ် လက်ရှိအချိန်အထိ မှတ်ပုံတင်နိုင်ခြင်း မရှိသေးပေ။
ဂါဆီယာကို အသင်းလူစာရင်းတွင် ထည့်သွင်းမှတ်ပုံတင်ရန် ဘာစီလိုနာဘက်မှ အချိန် ကသောင်းကနင်းဖြစ်နေသော်လည်း ကာယကံရှင်ကမူ အဆိုပါ အခြေအနေများအား မျှော်လင့်ထားပြီးသားဖြစ်သည်ဟု အယ်မန်ဒို ဒီပို့တီဗိုသတင်းစာသို့ ပြောကြားခဲ့သည်။
“ကျွန်တော် ဘာစီလိုနာနဲ့စာချုပ်လိုက်ပြီဆိုကတည်းက ဘာတွေကြုံလာရနိုင်တယ်ဆိုတာကို သိထားပြီးသားပါ။ ဒါကို ရင်ဆိုင်ဖို့ အသင့်ပါပဲ” ဟု ဂါဆီယာက ပြောခဲ့သလို အခြေအနေအားလုံး အကောင်းဘက်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် ဘာစီလိုနာကိုယုံကြည်မှုရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။
ခါးသီးသည့် ကာတာလန်ပြိုင်ဘက် အက်စ်ပန်ညိုမှ ပြောင်းရွှေ့လာခြင်းကြောင့် ဘာစီလိုနာပရိသတ်အချို့၏ ပြင်းထန်သည့် မနှစ်သက်မှုများရှိနေသော်လည်း အားကစားရှုထောင့်မှ သုံးသပ်လျှင်မူ ၄င်း၏ အနာဂတ်အတွက် သံသယလုံးဝ မရှိကြောင်း ဂါဆီယာက ပြောခဲ့သည်။
“သေချာတာပေါ့ဗျာ။ အက်စ်ပန်ညိုကနေ ပြောင်းလာတာဆိုတော့ နည်းနည်းတော့ သံသယရှိကြတာပေါ့။ ဒါပေမဲ့ အားကစားရှုထောင့်အရ ဆိုရင်တော့ ကျွန်တော့်မှာ ပြသာနာလုံးဝ မရှိဘူး”ဟု ဂါဆီယာက ပြောခဲ့ခြင်းဖြစ်သည်။
အလားတူ ခါးသီးပြိုင်ဘက်အသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့် နာကျင်စိတ်ပျက်ခဲ့ကြသည့် အက်စပန်ညိုပရိသတ်များ၏ခံစားချက်ကိုလည်း နားလည်ကြောင်း၊ နောက်ဆုံးတွင်မူ မိမိ၊ မိသားစုနှင့်အနာဂတ်အတွက် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဂါဆီယာက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
Barcelona keeper Garcia unconcerned over registration issues
MADRID, Aug. 14 (Xinhua) — FC Barcelona goalkeeper Joan Garcia says he is not worried about whether the club will be able to register him in the squad in time for this season’s La Liga opener in Mallorca this weekend.
Barca paid 25 million euros to local rivals Espanyol to sign Garcia at the start of the summer, but financial fair play rules means he has still not been registered with the first team for the new season.
Although Barca is scrambling for time to include him in the squad, Garcia told the El Mundo Deportivo newspaper that he had been expecting the situation.
“When I signed, I already knew what was coming. I was already ready to face it, and I’m calm,” he said, insisting that “everything will turn out well, and I have confidence in the club.”
He explained that “from a sporting perspective and for my future, I didn’t have any doubts at all,” from a club whose fans have an intense dislike for their neighbors.
“Obviously, on the other side, coming from Espanyol, there are a few more doubts, but from a sporting perspective, I didn’t have any,” he said.
He said he “understood,” the “pain and disappointment” Espanyol fans could feel at seeing him cross the club, “in the end, but it was the decision I had to make for myself, for my family, and for my future.”