Europe
ယူကရိန်းအရေး ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းတွင် ဥရောပ ပါဝင်သင့်ကြောင်း မက်ခရွန် ဆို

ပဲရစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ပြင်သစ် သမ္မတ မက်ခရွန်သည် ဩဂုတ် ၁၇ ရက်တွင် “Coalition of the Willing” ဗီဒီယိုအစည်းအဝေး တက်ရောက်ပြီးနောက် မီဒီယာများအား ယူကရိန်းအရေးကိစ္စသည် ဥရောပဘေးကင်းလုံခြုံမှုနှင့် သက်ဆိုင်နေကြောင်း၊ ဥရောပအနေဖြင့် သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း သမ္မတ ဇယ်လန်းစကီးသည် ဩဂုတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ဩဂုတ် ၁၇ ရက်တွင် မက်ခရွန်နှင့် ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမား၊ ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် စသည့် ဥရောပအကြီးအကဲများက ဇယ်လန်းစကီးနှင့်အတူ အမေရိကန်သို့ သွားရောက်မည်ဟု ကြေညာခဲ့သည်။
ယခုအကြိမ်ခရီးစဉ်သည် ဥရောပကိုယ်ပိုင်အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်း၍ “ဥရောပနှင့် ယူကရိန်းသည် တစ်ပြေးညီရပ်တည်နေကြောင်း” ဖော်ပြရန်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်းအရေးကိစ္စ၏ ဦးတည်ချက်လားရာသည် ဥရောပလုံခြုံရေးဖွဲ့စည်းပုံအသစ်အား မည်ကဲ့သို့ တည်ဆောက်မည်နည်းနှင့် ပတ်သက်လျက်ရှိကြောင်း၊ “ဥရောပအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းမှာ ပါဝင်သင့်ပါတယ်” ဟု မက်ခရွန်က ဆိုသည်။
နယ်မြေပိုင်နက် အရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုနှင့် စပ်လျဉ်း၍ ယူကရိန်း မပါဝင်၍မရကြောင်း၊ ဥရောပလုံခြုံမှု၏ ဆွေးနွေးညှိနှိုင်းမှုနှင့်ပတ်သက်၍ ဥရောပမပါဝင်၍ မရကြောင်းလည်း မက်ခရွန်က ဆိုခဲ့သည်။ ဥရောပအကြီးအကဲများသည် ဩဂုတ် ၁၈ ရက် တွေ့ဆုံဆွေးနွေးမှုအတွင်း ထရမ့်အား ယူကရိန်းအတွက် လုံခြုံရေး အာမခံမှု ပံ့ပိုးပေးရာတွင် အမေရိကန်က မည်သည့်အတိုင်းအတာအထိ ပါဝင်သွားမည်နည်းကို မေးမြန်းသွားမည်ဖြစ်ကြောင်းလည်း မက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှား-အမေရိကန်ခေါင်းဆောင်များသည် ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဇယ်လန်းစကီးက ဖိတ်ကြားချက်အရ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သို့ သွားရောက်၍ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဥရောပနှင့် ယူကရိန်း ရပ်တည်ချက်အား ညှိနှိုင်းရန်အတွက် ဗြိတိန်နှင့် ပြင်သစ်မှ ဦးဆောင်ဖွဲ့စည်း၍ ယူကရိန်းအား ပံ့ပိုးပေးရန် ရည်ရွယ်သည့် “Coalition of the Willing” သည် ဩဂုတ် ၁၇ ရက်တွင် ဗီဒီယိုအစည်းအဝေး ကျင်းပခဲ့သည်။ နယ်မြေပိုင်နက်နှင့် ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုမှန်သမျှတွင် ယူကရိန်း ပါဝင်ရမည်ဖြစ်ကြောင်း အာဆူလာ ဗွန်ဒါလေယန်က ထပ်မံအလေးထားပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
马克龙:欧洲应坐在乌克兰问题的谈判桌前
新华社巴黎8月17日电(记者乔本孝)法国总统马克龙17日参加“志愿者联盟”视频会议后对媒体说,乌克兰问题事关欧洲安全,欧洲要参与相关谈判。
乌克兰总统泽连斯基将于18日在美国首都华盛顿与美国总统特朗普会晤。17日,马克龙及英国首相斯塔默、德国总理默茨、欧盟委员会主席冯德莱恩等欧洲领导人宣布将与泽连斯基同往美国。
马克龙说,此行是为了维护欧洲自身利益,展现“欧洲和乌克兰的统一战线”,因为乌克兰问题走向事关如何搭建新的欧洲安全架构。“欧洲应坐在谈判桌前。”
马克龙还说,关于领土问题的谈判,不能没有乌克兰参与;关于欧洲安全的谈判,不能没有欧洲参与。马克龙还透露,欧洲领导人将在18日的会晤中向特朗普提问,美国将以何种程度参与为乌克兰提供安全保障。
15日,俄美领导人在美国阿拉斯加会晤。之后,泽连斯基宣布将应邀于18日赴美与特朗普会晤。为协调欧洲和乌克兰立场,英法牵头组建的、旨在支持乌克兰的“志愿者联盟”于17日举行视频会议。冯德莱恩重申,任何涉及领土问题的谈判都必须由乌克兰参与。(完)
图说:3月26日,法国总统马克龙(前左)在巴黎总统府爱丽舍宫迎接到访的乌克兰总统泽连斯基。新华社记者高静摄