China
တရုတ် အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံ B ကို အာကာသစခန်းပြင်ပမစ်ရှင် စုစုပေါင်း အကြိမ် ၂၀ တွင် အသုံးပြုပြီးဖြစ်၊ “၄ နှစ်အတွင်း အကြိမ် ၂၀” အသုံးပြုခြင်း ဝတ်စုံသက်တမ်းတိုးမှုရည်မှန်းချက်ကို ဖော်ဆောင်နိုင်ခဲ့

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့သည် လွန်ခဲ့သည့်ရက်ပိုင်းက တတိယအကြိမ် အာကာသစခန်းပြင်ပ လှုပ်ရှားမှု (EVAs) ကို အောင်မြင်စွာ အပြည့်အဝဆောင်ရွက်ပြီးစီးခဲ့သည်။
အဆိုပါမစ်ရှင်တွင် အာကာသယာဉ်မှူး ချန်တုန်း ဝတ်ဆင်ခဲ့သည့် အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံ B ကို စခန်းပြင်ပမစ်ရှင်တွင် စုစုပေါင်း အကြိမ် ၂၀ အသုံးပြုခဲ့ပြီးဖြစ်ရာ ယင်းမှာ တရုတ်အာကာသစခန်း၏ “၄ နှစ်အတွင်း အကြိမ် ၂၀” အသုံးပြုနိုင်သည့် သက်တမ်းတိုးမှုရည်မှန်းချက်အား ဖော်ဆောင်နိုင်သည့် ပထမဆုံးဝတ်စုံဖြစ်ခဲ့ကြောင်း သတင်းထောက်က ဩဂုတ် ၁၈ ရက်တွင် တရုတ်နိုင်ငံ အာကာသယာဉ်မှူး သိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစင်တာမှ သိရှိရသည်။
တရုတ်အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံ B ကို အာကာသယာဉ်မှူး ၁၁ ဦးက လူတင်ပျံသန်းမှုမစ်ရှင် ၈ ကြိမ်တွင် လက်ဆင့်ကမ်း အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ လှုပ်ရှားမှုအနေအထားအလိုက် အတိအကျ အကဲဖြတ်ရာတွင် ၎င်း၏အခြေအနေက တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း၊ အာကာသဝတ်စုံ အင်ဂျင်နီယာလုပ်ငန်း အသုံးချမှုအတွက် အရည်အသွေးနှင့် ထိရောက်မှုကို အဆင့်မြှင့်တင်ပေးသလို အာကာသစခန်း ပုံမှန် EVAs မစ်ရှင်များအတွက်လည်း ခိုင်မာအားကောင်းသည့် အထောက်အပံ့အဖြစ် ပံ့ပိုးပေးခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသယာဉ်မှူး သိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစင်တာမှ ကျန်းဝမ့်ရှင်း၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။
အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံသည် အာကာသယာဉ်မှူးများ၏ EVAs လှုပ်ရှားမှုလုပ်ငန်းစဉ်အတွင်း အဓိကပင်မ ပစ္စည်းကိရိယာဖြစ်ရာ EVAs လှုပ်ရှားမှုများအတွင်း အာကာသယာဉ်မှူးများ၏ အသက်အိုးအိမ် လုံခြုံရေးနှင့် ထိရောက်မှုမြင့်မားသည့် လုပ်ငန်းဆောင်ရွက်မှုများအတွက် အာမခံပေးလျက်ရှိသည်။ တရုတ်အာကာစခန်းပြင်ပသုံး အာကာသဝတ်စုံသည် “ဖေးထျန်း အာကာသစခန်းပြင်ပသုံး ဝတ်စုံ (Feitian extravehicular spacesuits)” ၏ ဒုတိယ မျိုးဆက်ဖြစ်ပြီး ဒီဇိုင်းရေးဆွဲထားသည့်စံနှုန်းအရ အသုံးပြုရန်သက်တမ်းမှာ “ပတ်လမ်းအတွင်း ၃ နှစ်ကြာ သိမ်းဆည်းနိုင်ကာ ယင်းကာလအတွင်း အာကာသစခန်းပြင်ပ၌ အသုံးပြုသည့်အကြိမ်ရေမှာ ၁၅ ကြိမ်နှင့်အထက်” ဖြစ်သည်။
တရုတ်အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံသည် တရုတ်နိုင်ငံ၏ ပထမဆုံး ပတ်လမ်းတွင် သက်တမ်းအကဲဖြတ်မှုနှင့် သက်တမ်းတိုးအသုံးပြုသည့် ပျံသန်းရေးသုံးထုတ်ကုန်ပစ္စည်း ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပတ်လမ်းပျံသန်းမှုအတွင်း အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံသည် “၃ နှစ်ကြာ ၁၅ ကြိမ်” အသုံးပြုသည့် သက်တမ်းဒီဇိုင်း စံချိန်စံညွှန်း၏အဆုံးစွန်ကို နီးကပ်ခဲ့ကြောင်း သိရသည်။ အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံ၏ ကျန်ရှိသည့်သက်တမ်းကို အတိအကျ အကဲဖြတ်ရန်အတွက် သိပ္ပံသုတေသနအဖွဲ့သည် သိပ္ပံနည်းကျသည့် သက်တမ်းအကဲဖြတ်မှု၊ ကောင်းမွန်မှုဆိုင်ရာ ကြီးကြပ်စမ်းသပ်မှုနည်းလမ်းနှင့် ပတ်လမ်းတွင် စမ်းသပ်စစ်ဆေးခြင်း နည်းလမ်းများကို ရေးဆွဲသတ်မှတ်ခဲ့သည်။ ထို့အပြင် ပတ်လမ်းနှင့် မြေပြင်စမ်းသပ်မှု အချက်အလက်များကို ထဲထဲဝင်ဝင် ဖော်ထုတ်ခြင်းဖြင့် ကုန်ကြမ်းအဆင့်နှင့် ထုတ်ကုန်ပစ္စည်းအဆင့်ရှိသည့် စိစစ်အတည်ပြုစမ်းသပ်မှု အများအပြားကို လုပ်ဆောင်ခဲ့ရာ အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံ၏ ပတ်လမ်းအတွင်း ကောင်းမွန်မှုနှင့် သက်တမ်းတိုးမှုအတွက် လှုပ်ရှားမှုအလိုက် အတိအကျ အကဲဖြတ်မှုကို ဖော်ဆောင်ခဲ့သည်။ အာကာသစခန်းပြင်ပသုံး အာကာသဝတ်စုံသည် ပထမဆုံး ပတ်လမ်းအတွင်း သက်တမ်းအကဲဖြတ်မှုနှင့် သက်တမ်းတိုးအသုံးပြုသည့် ပျံသန်းရေးသုံးထုတ်ကုန်ပစ္စည်း ဖြစ်လာခဲ့ပြီး အာကာစခန်းပြင်ပသုံး အာကာသဝတ်စုံကို ပတ်လမ်းအတွင်း လုံခြုံစိတ်ချစွာ သက်တမ်းတိုး အသုံးပြုနိုင်ရန် သေချာအာမခံပေးလိုက်ကြောင်း သိရသည်။
ဇူလိုင် ၁၅ ရက်တွင် ထျန်းကျိုး-၉ အာကာသယာဉ်သည် တရုတ်အာကာသစခန်းသို့ အထောက်အပံ့ပစ္စည်းအသစ် တစ်သုတ် ပို့ဆောင်ခဲ့ရာ ၎င်းတို့အနက် ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသစခန်းပြင်ပသုံးဝတ်စုံ နှစ်စုံပါဝင်သည်။ လက်ရှိတွင် ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသစခန်းပြင်ပသုံး ဝတ်စုံနှစ်စုံ D ၊ E ကို အထုပ်ဖြည်၍ စမ်းသပ်စစ်ဆေးပြီးဖြစ်ရာ အခြေအနေကောင်းမွန်ကြောင်း၊ အနာဂတ် EVAs မစ်ရှင်များတွင် ဖြည်းဖြည်းချင်း ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပထမမျိုးဆက် “ဖေးထျန်း” အာကာစခန်းပြင်ပသုံးဝတ်စုံနှင့် နှိုင်းယှဉ်ပါက ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသစခန်းပြင်ပသုံး ဝတ်စုံသည် သက်တမ်းရှည်ကြာမှု၊ လုံခြုံစိတ်ချရခြင်း မြင့်မားမှု၊ ထိရောက်မှုမြင့်မားသော လုပ်ငန်းဆောင်ရွက်ခြင်းများကို ထောက်ပံ့မှု စသည့် အချက်အချာ နည်းပညာများတွင် ကျော်လွှားနိုင်ခဲ့ရာ တရုတ်အာကာသစခန်း တည်ဆောက်ရေးကာလနှင့် လည်ပတ်ရေးကာလ၏ EVAs မစ်ရှင်များအတွက် အားကောင်းစွာ အာမခံပေးမည်ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
中国空间站舱外航天服B累计保障20次出舱任务 实现“4年20次”延寿目标
新华社北京8月18日电(李国利、占康)神舟二十号乘组日前圆满完成第三次出舱活动。记者18日从中国航天员科研训练中心获悉,在这次任务中,航天员陈冬穿着的空间站舱外航天服B已累计保障20次出舱任务,成为中国空间站首套实现“4年20次”延寿目标的舱外航天服。
据中国航天员科研训练中心张万欣介绍,中国空间站舱外航天服B已由11名航天员在8次载人飞行任务中接力使用,经动态精准评估其状态稳定良好,为航天服工程应用质效提升和空间站常态化出舱活动任务提供了坚实支撑。
舱外航天服是航天员在太空出舱活动过程中的核心装备,保障着航天员在舱外活动中的生命安全和高效作业。中国空间站舱外航天服是第二代“飞天”舱外航天服,按照设计标准,使用寿命为“在轨贮存3年,其间出舱使用次数不小于15次”。
据介绍,中国空间站舱外航天服是我国首个在轨开展寿命评估并延寿使用的飞行产品。
2024年初,在轨飞行的舱外航天服接近“3年15次”的寿命设计指标极限。为准确评估舱外航天服的剩余寿命,科研团队制定了科学合理的寿命评估、健康监测方案和在轨检测方法,通过深入挖掘在轨和地面试验数据,开展大量材料级和产品级的验证试验,实现了舱外航天服在轨健康与延寿的动态精准评估,使舱外航天服成为首个在轨开展寿命评估并延寿使用的飞行产品,确保了舱外航天服在轨安全可靠地延寿使用。
7月15日,天舟九号向中国空间站送上新一批补给,其中包括两套第二代“飞天”舱外航天服。目前,这两套第二代“飞天”舱外航天服D、E已完成解包检测,状态良好,将在未来出舱任务中逐步投入使用。
与我国第一代“飞天”舱外航天服相比,第二代“飞天”舱外航天服突破了长寿命、高安全可靠性、高效作业支持等关键技术,有力保障了中国空间站建造期及运营期的出舱活动任务。(完)
1. 这是8月15日在北京航天飞行控制中心屏幕上拍摄的神舟二十号乘组航天员陈冬在舱外工作的画面。 (配本社同题文字稿) 新华社记者 厉彦辰 摄