Connect with us

China

တရုတ်နိုင်ငံ ၂၀၂၅ ခုနှစ် နွေရာသီ ရုပ်ရှင်လက်မှတ်ရောင်းအား ယွမ် ၁၀ ဘီလီယံ ကျော်လွန် ၊ ပြည်တွင်းရုပ်ရှင်ဇာတ်ကားများ ဦးဆောင်နေ

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ကျန်ဆူးပြည်နယ် နန်ကျင်း ရှိ ရုပ်ရှင်ရုံတစ်ခု၏ ရုပ်ရှင်ပိုစတာ နံဘေးမှ ဖြတ်သန်းသွားလာနေသည့် ရုပ်ရှင်ချစ်သူများကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် နွေရာသီ ရုပ်ရှင်လက်မှတ်ရောင်းချမှုမှ ရရှိငွေမှာ သြဂုတ် ၁၈ ရက်အထိ ယွမ် ၁၀ ဘီလီယံ (အမေရိကန်‌ဒေါ်လာ ၁.၄ သန်းခန့်) ကျော်လွန်ခဲ့ပြီး ပြည်တွင်းရုပ်ရှင်များက လူကြိုက်များသည့် ထိပ်ပိုင်း သုံးနေရာကို ရယူထားကြောင်း Maoyanနှင့် Beacon အွန်လိုင်းလက်မှတ်ရောင်းချမှုများ၏အဆိုအရ သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း နန်ကျင်းလူအစုအပြုံလိုက်သတ်ဖြတ်ခံရမှု အကြောင်း ရိုက်ကူးထားသည့် Dead To Rights ရုပ်ရှင်ဇာတ်ကားသည် ဇူလိုင် ၂၅ ရက် စတင်ပြသချိန်ကတည်းက ဝင်ငွေယွမ် ၂.၆ ဘီလီယံ ရရှိကာ ဦးဆောင်လျက် ရှိသည်။
ဒုတိယနေရာတွင် Nobody ဇာတ်ကားရှိနေပြီး ချီးကျူးမှုရရှိထားပြီးဇာတ်ကားဖြစ်သည့် အန်နီမေးရှင်း ဇာတ်လမ်းတွဲ Yao-Chinese Folktales က သြဂုတ် ၂ ရက်တွင် စတင်ပြသပြီးနောက် ဝင်ငွေ ယွမ် ၁ ဘီလီယံ ကျော်ရရှိကာ အမြင့်ဆုံးဝင်ငွေစံချိန်တင်ထားသည့် တရုတ်နိုင်ငံတွင် ထုတ်လွှင့် ပြသသည့် 2D အန်နီ မေးရှင်းရုပ်ရှင် ဖြစ်သည်။
ထန်မင်းဆက် (၆၁၈-၉၀၇) က ဇာတ်လမ်းဖြစ်သည့် အရောင်းရဆုံးဝတ္ထုကို မှီငြမ်း ရိုက်ကူးထားသည့် ကြည်နူးဝမ်းနည်းဖွယ်ရာများရောပြွမ်းနေသော ဒရာမာဇာတ်ကား The Lychee Road က တတိယနေရာမှာ ရှိနေပြီး ဇူလိုင် ၁၈ ရက် ပွဲဦးထွက် ပြသချိန်ကစ၍ ဝင်ငွေ ယွမ် ၆၇၀ သန်းရရှိထားကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ နွေရာသီ ရုပ်ရှင်ရာသီ ဖြစ်သည့် ဇွန် ၁ရက်မှ သြဂုတ် ၃၁ ရက်အထိသည် နိုင်ငံ၏ ရုပ်ရှင်လက်မှတ်ရောင်းရငွေ အကောင်းဆုံးကာလ တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)
……………………….
(English Version)
China’s 2025 summer box office surpasses 10 billion yuan, led by domestic films
BEIJING, Aug. 18 (Xinhua) — China’s 2025 summer box office revenue has exceeded 10 billion yuan (about 1.4 billion U.S. dollars) as of Monday, with local productions dominating the top three spots, according to ticketing platforms Maoyan and Beacon.
“Dead To Rights,” a film about the Nanjing Massacre during World War II, leads with 2.6 billion yuan in ticket sales since its July 25 release.
In second place is “Nobody,” a spinoff from the acclaimed “Yao-Chinese Folktales” animation series. Since opening on Aug. 2, the film has earned more than 1 billion yuan, setting a record for the highest-grossing two-dimensional animated release in China.
“The Lychee Road,” a bittersweet period drama adapted from a bestselling novel set in the Tang Dynasty (618-907), holds third place, having grossed over 670 million yuan since its July 18 premiere.
China’s summer moviegoing season, running from June 1 through Aug. 31, is one of the country’s most lucrative box office periods.
Photo : Moviegoers walk past film posters at a cinema in Nanjing, east China’s Jiangsu Province, Aug. 17, 2025. (Photo by Su Yang/Xinhua)