Connect with us

China

“ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးစာချုပ်” ဟူသည် တရားမဝင်၊ အကျိုးသက်ရောက်မှုမရှိ၊ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်ဆိုင်သော သမိုင်းကြောင်းနှင့် တရားဥပဒေဖြစ်ရပ်မှန်များမှာ အငြင်းပွားဖွယ်ရာမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဩဂုတ် ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ဒေသဆိုင်ရာ ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ၏ သက်ဆိုင်ရာ ပြောကြားချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးစာချုပ်” ဟူသည် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နိုင်ငံက နိုင်ငံအချို့အား စုစည်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုကို ဖယ်ကြဉ်ထားသည့်အခြေအနေတွင် ဂျပန်နှင့်သီးသန့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးခဲ့သည့် တရားမဝင်၊ အကျိုးသက်ရောက်မှုမရှိသော စာရွက်စာတမ်းဖြစ်ကြောင်း၊ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်ဆိုင်သော သမိုင်းကြောင်းနှင့် တရားဥပဒေဖြစ်ရပ်မှန်များမှာ အငြင်းပွားဖွယ်ရာမရှိကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီရက်က ထိုင်ဝမ်ဒေသ ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူက ဒုတိယကမ္ဘာစစ်အပြီး “ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးစာချုပ်” က “ကိုင်ရိုကြေညာစာတမ်း” နှင့် “ပေ့ါစ်ဒမ် ကြေညာချက်” စသည့် နိုင်ငံရေးကြေညာချက်များကို အစားထိုးခဲ့ကြောင်း၊ ဤ ”ငြိမ်းချမ်းရေးစာချုပ်” က ထိုင်ဝမ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းမရှိသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း မည်သည့်အခါမျှ ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ကြောင်း ပြောကြားခဲ့ရာ ယင်းအပေါ် တရုတ်ဘက်က မည်သည့် တုံ့ပြန်မှုများရှိသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ယုတ္တိမတန်တဲ့အဆိုနဲ့ အမှားအမှန် ပြောင်းပြန်လှန်ခြင်း၊ အမှန်တရားကို ဝေခွဲမရဖြစ်အောင်လုပ်နေခြင်းတို့က အာဏာပိုင် လိုက်ချင်းသဲရဲ့ လုံးဝဥဿုံ ‘ထိုင်ဝမ် ခွဲထွက်ရေး’ ပင်ကိုစရိုက်ကို တစ်ဖန်ဖော်ထုတ်ပြသလိုက်ခြင်းဖြစ်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ ထိုင်ဝမ်ဒေသ ပြန်လည်ရောက်ရှိလာခြင်းသည် ဒုတိယကမ္ဘာစစ်၏အောင်ပွဲရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်များ၏ အရေးပါသောအစိတ်အပိုင်းဖြစ်ကြောင်း၊ “ကိုင်ရိုကြေညာစာတမ်း” ၊ ပေါ့စ်ဒမ်ကြေညာချက်” နှင့် “ဂျပန်လက်နက်ချအညံ့ခံခြင်းဆိုင်ရာ အကြောင်းအရာများ” စသည့် နိုင်ငံတကာဥပဒေသက်ရောက်မှုရှိသည့် စာရွက်စာတမ်းများအားလုံးက တရုတ်နိုင်ငံ၏ ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်ဆိုင်သော သမိုင်းကြောင်းနှင့် တရားဥပဒေဖြစ်ရပ်မှန်များမှာ အငြင်းပွားဖွယ်ရာမရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။

၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုပြည်သူ့အစိုးရ တည်ထောင်ကြောင်း ကြေညာခဲ့ပြီး တရုတ်တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်လာကြောင်း၊ ဤသည်မှာ တရုတ်နိုင်ငံက နိုင်ငံတကာဥပဒေပင်မအကြောင်းအရာ မပြောင်းလဲသည့် အခြေအနေအောက်တွင် အစိုးရပြောင်းလဲခြင်းသာဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲ နယ်နိမိတ်များကို ပြောင်းလဲခြင်းမရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပါအဝင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တရားနည်းလမ်းကျစွာ အပြည့်အဝ ခံစားပိုင်ဆိုင်ခွင့်နှင့် ကျင့်သုံးပိုင်ခွင့်ရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။
“’ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေးစာချုပ်’ ဆိုတာ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်နိုင်ငံက နိုင်ငံအချို့အား စုစည်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုကို ဖယ်ကြဉ်ထားတဲ့ အခြေအနေအောက်မှာ ဂျပန်နှင့်သီးသန့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးခဲ့သည့် တရားမဝင်၊ အကျိုးသက်ရောက်မှုမရှိသော စာရွက်စာတမ်းဖြစ်တယ်။ ဒီစာရွက်စာတမ်းမှာ ၁၉၄၂ ခုနှစ် တရုတ်-အမေရိကန်-ဗြိတိန်-ဆိုဗီယက် စသည့် နိုင်ငံ ၂၆ နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ ‘ကုလသဂ္ဂနိုင်ငံများ ကြေညာစာတမ်း’ စည်းမျဉ်းစည်းကမ်း၊ ‘ကုလသမဂ္ဂပဋိညာဉ်စာတမ်း’ နဲ့ နိုင်ငံတကာဥပဒေ အခြေခံမူတွေကို ချိုးဖောက်ခဲ့ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ၊ ပိုင်ဆိုင်မှု စတာနဲ့သက်ဆိုင်တဲ့ ဘယ်ကိစ္စရပ်မဆို တရုတ်နိုင်ငံက သဘောတူညီချက်တွင် ပါဝင်ခြင်းမရှိတဲ့ နယ်မြေပိုင်နက်နဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခွင့်အရေးများကို စီမံဆောင်ရွက်ခြင်းမှန်သမျှက တရားမဝင်သလို အကျုံးမဝင်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
“လိုက်ချင်းသဲ အာဏာပိုင်က အမျိုးသားရေး ရပ်တည်ချက်ကို လုံးဝ ပျက်သုဉ်းဆုံးရှုံးသွားခဲ့ပြီး တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းကို လျစ်လျူရှုကာ ဒုတိယ ကမ္ဘာစစ်သမိုင်းကို လိုသလို ပုံပြောင်းဖော်ပြခြင်းက စက်ဆုပ်ဖွယ်ကောင်းလှပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လိုက်ချင်းသဲ အာဏာပိုင်အနေဖြင့် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်အစိတ်အပိုင်းဖြစ်သည့် သမိုင်းကြောင်းနှင့် တရားဥပဒေဖြစ်ရပ်မှန်များကို ပြောင်းလဲနိုင်မည်မဟုတ်သလို နိုင်ငံတကာအသိုင်းအဝိုင်းက အခိုင်အမာ လက်ကိုင်ထားသော တရုတ်တစ်နိုင်ငံတည်းမူဝါဒ အခြေခံသဘောတူညီချက်ကိုလည်း ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းမည်ဖြစ်သလို မုချမသွေ ပြန်လည်ပေါင်းစည်းမည့် သမိုင်းလမ်းကြောင်းကို ဟန့်တားနိုင်မည်မဟုတ်ကြောင်း မော်နင်က အလေးပေးပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:所谓“旧金山和约”非法无效,台湾属于中国的历史和法理事实不容置疑
新华社北京8月18日电(记者邵艺博、马卓言)针对台湾地区外事部门负责人有关言论,外交部发言人毛宁18日表示,所谓“旧金山和约”是二战之后美国纠集一些国家,在排斥中华人民共和国、苏联的情况下,对日本单独媾和而发表的非法、无效的文件。台湾属于中国的历史和法理事实不容置疑。
当日例行记者会上,有记者问:日前,台湾地区外事部门负责人称,二战后,“旧金山和约”取代《开罗宣言》《波茨坦公告》等政治声明,该“和约”未将台湾交给中华人民共和国,中华人民共和国从未统治过台湾。中方对此有何回应?
“有关谬论颠倒黑白、混淆视听,再次暴露赖清德当局彻头彻尾的‘台独’分裂本质。”毛宁说。
她表示,台湾回归中国是二战胜利成果和战后国际秩序的重要组成部分。《开罗宣言》《波茨坦公告》《日本投降条款》等一系列具有国际法效力的文件都确认了中国对台湾的主权。台湾属于中国的历史和法理事实不容置疑。
毛宁说,1949年10月1日,中华人民共和国中央人民政府宣告成立,成为代表全中国的唯一合法政府。这是在中国这一国际法主体没有发生变化情况下的政权更替,中国的主权和固有领土疆域没有改变,中华人民共和国政府理所当然地完全享有和行使中国的主权,包括对台湾的主权。
“所谓‘旧金山和约’是二战之后美国纠集一些国家,在排斥中华人民共和国、苏联的情况下,对日本单独媾和而发表的非法、无效的文件。这一文件违反1942年中美英苏等26个国家签署的《联合国家宣言》规定,违反《联合国宪章》和国际法基本原则,对台湾主权归属等任何涉及中国作为非缔约国的领土和主权权利的处置都是非法、无效的。”
“赖清德当局完全丧失民族立场,无视中国人民抗日战争胜利成果,肆意歪曲二战历史令人不齿。”毛宁强调,无论赖清德当局说什么、做什么,都改变不了台湾是中国领土一部分的历史和法理事实,改变不了国际社会坚持一个中国原则的基本共识,阻挡不了中国终将统一,也必将统一的历史大势。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.