Connect with us

China

အမေရိကန်က ထိုင်ဝမ်အားကူညီ၍ “သံတမန်ရေးမဟာမိတ်” ဟူသည်အား ခိုင်မြဲစေရန် လုပ်ဆောင်ခြင်းကို ရပ်တန့်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်က လိုက်ချင်းသဲ၏ အဲ့စ်ဝါတီးနီနိုင်ငံသို့ ခရီးစဉ်သွားရောက်မှု ယာယီရပ်ဆိုင်းခြင်းအပေါ် မှားယွင်းသည့် ပြောဆိုချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်က ထိုင်ဝမ်အရေးအကြောင်းပြုကာ တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်ခြင်းအား ရပ်တန့်ရန်၊ ထိုင်ဝမ်အားကူညီ၍ “သံတမန်ရေးမဟာမိတ်” ဟူသည်အား ခိုင်မြဲစေရန် လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများထံသို့ မှားယွင်းသော အချက်ပြမှုအား ရပ်တန့်ရန် တိုက်တွန်းကြောင်း ဧပြီ ၂၃ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကောကျားခွန်းက ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျသဘောတူညီချက်ဖြစ်ရာ ပြည်သူများ၏ဆန္ဒ၊ အခြေအနေကြီး၏ အလားအလာ၊ တရားမျှတ၍ သမာသမတ်ကျမှု၏ တည်ရှိရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်က တရုတ်ဘက်၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်သော လှုပ်ရှားမှုအပေါ် စွက်ဖက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများက တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ကာကွယ်ခြင်းဟူသည့် မှန်ကန်သောလုပ်ဆောင်ချက်အပေါ် ပြစ်တင်ခြင်းမှာ အမှားအမှန်ဝေခွဲမရဘဲ ရှုပ်ထွေးအောင် ပြောင်းပြန်လှန်လုပ်ဆောင်ခြင်း သက်သက်ပင်ဖြစ်ပြီး တရုတ်ဘက်က ခိုင်မာစွာကန့်ကွက်သလို လုံးဝလက်ခံမည်မဟုတ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးရပ်ကို လိုက်နာစောင့်ထိန်းရန်၊ ထိုင်ဝမ်အရေးအကြောင်းပြကာ တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်ခြင်းအား ရပ်တန့်ရန်၊ ထိုင်ဝမ်အားကူညီ၍ “သံတမန်ရေးမဟာမိတ်” ဟူသည်အား ခိုင်မြဲစေရန် လုပ်ဆောင်ခြင်းကို ရပ်တန့်ရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများထံသို့ မှားယွင်းသော အချက်ပြမှုအား ရပ်တန့်ရန် တရုတ်နိုင်ငံအနေနဲ့ တိုက်တွန်းလိုက်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:中方敦促美方停止助台巩固所谓“邦交”
新华社北京4月23日电(记者曹嘉玥、邵艺博)针对美方在赖清德“暂缓”窜访斯威士兰问题上的错误言论,外交部发言人郭嘉昆23日在例行记者会上说,中方敦促美方停止借台湾问题干涉中国内政,停止助台巩固所谓“邦交”,停止向“台独”分裂势力发出错误信号。
郭嘉昆指出,世界上只有一个中国,台湾是中国领土不可分割的一部分,一个中国原则是国际关系基本准则和国际社会普遍共识,是人心所向、大势所趋、大义所在。
郭嘉昆表示,美方对中方捍卫国家主权和领土完整的正当行动指手画脚,对有关国家维护一个中国原则的正义之举横加指责,完全是混淆是非、颠倒黑白,中方坚决反对,绝不接受。
“中方敦促美方恪守一个中国原则和中美三个联合公报,停止借台湾问题干涉中国内政,停止助台巩固所谓‘邦交’,停止向‘台独’分裂势力发出错误信号。”郭嘉昆说。(完)