Connect with us

Media

မီတာ ၆,၀၀၀ အဆင့် ရေအောက် အဝေးထိန်းရေငုပ်ကိရိယာ“ဟိုင်ချင်” တောင်တရုတ်ပင်လယ်၌ ပင်လယ်တွင်း စမ်းသပ်မှု အောင်မြင်

“ကျုံးဆန်းတာ့ရွှယ်” သင်္ဘော ၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဩဂုတ် ၂၃ ရက် နံနက်ခင်းတွင် တောင်တရုတ်ပင်လယ်၏ အရုဏ်ဦးဆည်းဆာချိန်၌ တရုတ်နိုင်ငံမှ သုတေသနပြုလုပ်၍ ထုတ်လုပ်သည့် မီတာ ၆,၀၀၀ အဆင့် ရေအောက် အဝေးထိန်းရေငုပ်ကိရိယာ “ဟိုင်ချင်” (ROV) သည် အချိန် ၈ နာရီကြာ လုပ်ငန်းလုပ်ဆောင်ပြီးနောက် မီတာ ၄,၁၄၀ ပင်လယ်ရေနက်နေရာမှ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့သောကြောင့် ပင်လယ်တွင်းစမ်းသပ်မှု အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံသည်လည်း ပင်လယ်နက်သုတေသနပြုလုပ်ရာတွင် “သိပ္ပံသုတေသန အားထားဖွယ်ကိရိယာ” တစ်ခု ထပ်မံတိုးလာခဲ့သည်။
“ဟိုင်ချင်” ရေအောက် အဝေးထိန်းရေငုပ်ကိရိယာကို ရှန်ဟိုင်းကျောင်းထုန်းတက္ကသိုလ် ရေအောက်စီမံကိန်း သုတေသနဌာနမှ ကိုယ်တိုင်သုတေသနပြုလုပ် ထုတ်လုပ်ခြင်းဖြစ်ပြီး “ကျုံးဆန်းတာ့ရွှယ်” ပင်လယ်သမုဒ္ဒရာ အထွေထွေ သိပ္ပံသုတေသန လက်တွေ့လေ့ကျင့်ရေးသင်္ဘောအတွက် အထူးသတ်မှတ်ထုတ်လုပ်ထားသော ထိရောက်မှုမြင့်မားသည့် ပင်လယ်ရေနက် လျှပ်စစ်အသုံးပြုသည့် ROV စနစ်ပုံစံအသစ်ဖြစ်သည်။
ယင်းတွင် ကြည်လင်ပြတ်သားသော ကင်မရာ၊ စက်ရုပ်လက်မောင်းတံ၊ စူးစမ်းလေ့လာရန် အာရုံခံကိရိယာ စသည့် သိပ္ပံသုတေသန စက်ပစ္စည်းများ တပ်ဆင်ထားပြီး ဦးတည်ချက်အား အလိုအလျောက် သတ်မှတ်မှု၊ ရေထဲတွင် ရပ်နားကာ နေရာသတ်မှတ်မှု၊ အလိုအလျောက် ကင်းလှည့်မှုလိုင်း စသည့် စမတ်လုပ်ဆောင်ချက် စွမ်းရည်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

————————
(Chinese Version)
新华全媒+|我国自主研制的6000米级深海无人遥控潜水器“海琴”号在南海成功海试
新华社照片,“中山大学”号,2025年8月24日
8月23日清晨,在南海的晨曦中,我国自主研制的6000米级深海无人遥控潜水器(ROV)“海琴”号,经过8个小时作业,从4140米深海凯旋,成功进行海试,我国深海研究又多了一个“科考利器”。
“海琴”号由上海交通大学水下工程研究所自主研制,是为“中山大学”号海洋综合科考实习船量身定制的新型高效深海电动ROV系统,搭载了高清摄像机、多功能机械手、探测传感器等科考设备,具备自动定向、悬停定位、自动巡线等智能作业能力。