Connect with us

China

တရုတ်ကုမ္ပဏီလုပ်ငန်းများက အနောက်မြောက် ဥရောပမှ ဂျာမနီတောင်ပိုင်းအထိ တိုက်ရိုက်ရထားများ ပြေးဆွဲခြင်းဖြင့် အစိမ်းရောင်လမ်းကြောင်းဖွင့်လှစ်

“ဇေဘရူဂါ-မန်ဟိန်း” ပထမအခေါက် တိုက်ရိုက်ရထားကြီး ဘယ်လ်ဂျီယမ်နိုင်ငံ ဘရုဂါတ်စ်မြို့ရှိ ဇေဘရူဂါဆိပ်ကမ်းမှ ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရုဂါတ်စ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
မော်တော်ယာဉ်အစိတ်အပိုင်းနှင့် စက်ကိရိယာ အစိတ်အပိုင်း စသည့် ကုန်စည်ပစ္စည်းများ တင်ဆောင်ထားသော တိုက်ရိုက်ပြေးဆွဲသည့် ရထားတစ်စင်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရုဂါတ်စ်မြို့ရှိ ဇေဘရူဂါ (Zeebrugge) ဆိပ်ကမ်းမှ ဂျာမနီနိုင်ငံ မန်ဟိန်းမြို့သို့ ဒေသစံတော်ချိန် ဩဂုတ် ၂၅ ရက် နေ့လည်ပိုင်းတွင် ထွက်ခွာသွားခဲ့သည်။ ယင်းမှာ အနောက်မြောက် ဥရောပ ပြတင်းပေါက်နှင့် ဂျာမနီနိုင်ငံတောင်ပိုင်း စက်မှုလုပ်ငန်း အချက်အချာနေရာကို တွဲ၍ချိတ်ဆက်သည့် အစိမ်းရောင်သယ်ယူပို့ဆောင်မှုစင်္ကြံ တရားဝင် ဖွင့်လှစ်လိုက်သည့် အမှတ်သင်္ကေတဖြစ်ပေသည်။

“ဇေဘရူဂါ-မန်ဟိန်း” တိုက်ရိုက်ရထားသည် China COSCO Shipping Group ၏ “ရေကြောင်းပို့ဆောင်မှု + ဆိပ်ကမ်း + ကုန်စည်ပို့ဆောင်ရေး” တစ်သားတည်း အားသာချက်ဖြင့် တည်ဆောက်ထားသည့် ထောက်ပံ့ရေးကွင်းဆက် ထုတ်ကုန်တစ်ခုလုံး၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည်။ ယင်းတိုက်ရိုက်ရထားသည် အပတ်စဉ် အစုန်အဆန် ခရီးစဉ် နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြေးဆွဲလျက်ရှိသည်။ ဂျာမနီနိုင်ငံ မန်ဟိန်းမြို့သို့ ရောက်ပြီးနောက် ကုန်စည်ပစ္စည်းများသည် ကားလမ်းဖြင့် Rhine-Neckar ဒေသအထိ ရောက်ရှိနိုင်ရာ Ludwigshafen ဆိပ်ကမ်း၊ Heidelberg ၊ Karlsruhe ၊ Mainz စသည့် ဂျာမနီနိုင်ငံ စက်မှုအဓိက မြို့နယ်များကို လွှမ်းခြုံထားသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ Antwerp-Bruges ဆိပ်ကမ်းရေးရာဌာန ကက်စတန်မာဆက်ဆံရေး ဒါရိုက်တာ William Demoor က “အဲဒီတိုက်ရိုက်ရထားက တဖြည်းဖြည်းနဲ့ ကုန်တင်ကားသယ်ယူပို့ဆောင်မှုကို အစားထိုးနိုင်မယ်၊ ဆိပ်ကမ်းနဲ့ အနီးတစ်ဝိုက်က လမ်းပန်းဆက်သွယ်ရေးကျပ်တည်းမှုကို လျှော့ချနိုင်မယ်၊ ဥရောပထောက်ပံ့ရေးကွင်းဆက်ကို အစိမ်းရောင်အသွင်ပြောင်းဖို့ တွန်းအားပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

China COSCO Shipping (ဥရောပ) ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဝမ်မင်ဖုန်းက ယင်းတိုက်ရိုက်ရထားသည် သယ်ယူပို့ဆောင်ရေး၏ ထိရောက်မှုနှုန်းကို သိသိသာသာ မြှင့်တင်လိုက်ရုံသာမက စွမ်းအင်ချွေတာမှုနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချသည့် ကဏ္ဍတွင်လည်း အားသာချက်က သိသာထင်ရှားကြောင်း၊ China COSCO Shipping အနေဖြင့် ဥရောပတွင် ပို၍များပြားသော အချက်အချာလမ်းကြောင်းနှင့် အစိမ်းရောင် ကုန်စည်ပို့ဆောင်မှုလမ်းကြောင်းများ ခင်းကျင်းကာ ဥရောပသမဂ္ဂ၏ ၂၀၂၅၀ ပြည့်နှစ် “ကာဗွန်ထုတ်လုပ်မှု မျှခြေအဆင့် ရောက်ရှိရေး (Carbon Neutrality)” ရည်မှန်းချက် ဖော်ဆောင်ရေးအတွက် အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
中企打造直达铁路班列打通西北欧至德国南部绿色通道
新华社比利时布鲁日8月26日电(记者丁英华 马志异)当地时间25日中午,一列装载汽车配件和机械配件等货物的直达铁路班列从比利时布鲁日的泽布吕赫港驶往德国城市曼海姆,标志着这条联动西北欧门户与德国南部工业腹地的绿色物流走廊正式打通。
“泽布吕赫-曼海姆”直达铁路班列是中远海运集团发挥“航运+港口+物流”一体化优势打造的全程供应链产品的重要组成部分。该铁路直达班列每周双向定班运行两至三趟。抵达曼海姆后,货物通过公路配送可辐射莱茵-内卡都会区,覆盖路德维希港、海德堡、卡尔斯鲁厄、美因茨等多个德国工业重镇。
比利时安特卫普-布鲁日港务局客户关系总监威廉·德莫尔说,“我们希望该直达铁路班列能够逐步取代卡车运输,减少港区及周边的交通拥堵,推动欧洲供应链实现绿色转型”。
中远海运(欧洲)有限公司总裁王明峰介绍,该直达铁路班列不仅能显著提升运输效率,在节能减排方面也优势突出。中远海运将在欧洲布局更多枢纽通道和绿色物流线路,为欧盟到2050年实现“碳中和”目标贡献力量。(完)
1. 8月25日,首趟“泽布吕赫-曼海姆”直达铁路班列从比利时布鲁日的泽布吕赫港码头驶出。新华社记者 吕优 摄