Connect with us

မြန်မာ-ENG

၂၀၄၅ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ပညာရေးစနစ် ၂၀ အတွင်း အဆင့်သတ်မှတ်ခံရရန် ဗီယက်နမ် ရည်မှန်း

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ စာမေးပွဲကျင်းပရာနေရာတစ်နေရာမှ လမ်းလျှောက်ထွက်လာသော စာမေးပွဲဖြေဆိုသူတစ်ဦးအား ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က‌ တွေ့ရစဥ် (ဓာတ်ပုံ - VNA/Handout via Xinhua)

ဟနွိုင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုမှ ချမှတ်ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်အသစ်အရ ၂၀၄၅ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းပညာရေးစနစ် ၂၀ အတွင်း ဗီယက်နမ်နိုင်ငံကို အဆင့်သတ်မှတ်ခံရရန် ရည်မှန်းထားကြောင်း ပြည်တွင်းမီဒီယာ VNExpress က ဩဂုတ် ၂၇ ရက်၌ ဖော်ပြခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်တွင် တက္ကသိုလ်များ၏ ၁၀၀ ရာခိုင်နှုန်းက အမျိုးသားစံနှုန်းများနှင့်ပြည့်မီ‌ရေး၊ တက္ကသိုလ်များ၏ ၂၀ ရာခိုင်နှုန်းက နိုင်ငံတကာစံနှုန်းများ ပြည့်မီရေးနှင့် ဗီယက်နမ်တက္ကသိုလ် တစ်ခုထက်မနည်းက ၂၀၃၀ ပြည့်နှစ်တွင် ရွေးချယ်ထားသောနယ်ပယ်များ၌ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ အတွင်း အဆင့်သတ်မှတ်ခံရ‌ရေးအပါအဝင် အဓိကပန်းတိုင်များကို မီးမောင်းထိုးပြထားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
ထိုဆုံးဖြတ်ချက်က အထက်တန်းပညာ သင်ယူပြီးမြောက်ထားသူများအကြား ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ဉာဏ်ရည်တု (AI) စွမ်းရည်များ အားကောင်းလာစေရန် တောင်းဆိုထားပြီး အရည်အချင်းပြည့်မီသူများ၏ ၇၄ ရာခိုင်နှုန်းကို အထက်တန်းလွန်ပညာရေးအား ဆက်လက်သင်ယူရန်နှင့် အရည်အချင်းပြည့်မီသူများ၏ အနိမ့်ဆုံး ၃၅ ရာခိုင်နှုန်းကို အခြေခံသိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်များတွင် စာရင်းသွင်းရန် မျှော်မှန်းထားသည်။
အဆိုပါစီမံကိန်းက ချို့တဲ့သော ဒေသများရှိ ဆရာ၊ ဆရာမအတွက် ထောက်ပံ့မှုများကို နှစ်ဆတိုးပေးပြီး ပညာရေးအတွက် ပြည်သူ့အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ စွမ်းဆောင်ရည်နိမ့်ကျနေသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ အထက်တန်းစား သုတေသန တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံက ၂၁ ရာစုအလယ်တွင် ဝင်ငွေမြင့်မားကာ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော တိုးတက်မှုနောက် လိုက်ပါဆောင်ရွက်နေသည်နှင့်အညီ အဆိုပါပြုပြင်ပြောင်းလဲမှုများက သင်ရိုးညွှန်းတမ်းများကို ခေတ်မီစေရန်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖတ်စာအုပ်များကို တစ်ညီတစ်ညွတ်တည်း ဖြစ်စေကာ ၂၀၃၀ ပြည့်နှစ်တွင် အခမဲ့ဖတ်စာအုပ်များ ရရှိနိုင်စေရန်နှင့် ဗီယက်နမ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအနှီးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)
…………………
(English Version)
Vietnam aims to rank among world’s top 20 education systems by 2045
HANOI, Aug. 27 (Xinhua) — Vietnam aims to rank among the world’s top 20 education systems by 2045 under a new resolution issued by the Politburo of the Communist Party of Vietnam Central Committee on Friday, local media VNExpress reported Wednesday.
The resolution highlighted major goals, including 100 percent of universities meeting national standards, 20 percent reaching international benchmarks, and at least one Vietnamese university ranking in the world’s top 100 in selected fields by 2030, the report said.
It also calls for strengthening digital literacy, English proficiency, and artificial intelligence (AI) skills among high school graduates, and envisions 74 percent of eligible individuals pursuing post-high school education, with a minimum of 35 percent enrolled in fundamental sciences, engineering, and technology disciplines.
The roadmap mandates doubling teacher allowances in disadvantaged areas, increasing public spending on education to 20 percent of the state budget, and restructuring underperforming higher education institutions to develop elite research universities, according to the report.
The reforms also aim to modernize curricula, unify textbooks nationwide, provide free textbook access by 2030, and enhance Vietnam’s human capital as the country pursues high-income, innovation-driven growth by the middle of the 21st century, the report added. ■
English Caption
An examinee walks out of an exam site in Hanoi, Vietnam, June 28, 2023. (VNA/Handout via Xinhua)