China
၂၀၂၅ ခုနှစ် ကမ္ဘာ့စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ညီလာခံကို လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် ဖွင့်လှစ်ကျင်းပ

စိန်ရန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၅ ကမ္ဘာ့စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ညီလာခံကို တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် စိန်ရန်မြို့၌ စက်တင်ဘာလ ၆ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ညီလာခံသည် “ဒစ်ဂျစ်တယ် အခန်းသစ်ဖွင့်လှစ်ခြင်း၊ စမတ် အရည်အသွေးသစ်ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သုတေသနနှင့် လုပ်ငန်းနယ်ပယ်များမှ ဧည့်သည်များက စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဆွေးနွေးခဲ့ကြသည်။ ယခုနှစ်ညီလာခံကို စက်တင်ဘာလ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားကာလအတွင်း စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက် ထောက်ပံ့ရေးနှင့် ဝယ်လိုအား နှစ်ဖက်၏ အကြီးစားကုမ္ပဏီလုပ်ငန်းများသည် စိန်ရန်မြို့ရှိ တရုတ်စက်မှုပြတိုက်တွင် စုဝေးခဲ့ကြပြီး ဉာဏ်ရည်တု၊ စက်မှုနယ်ပယ်တွင် အကြီးစားမော်ဒယ်များစသည့် နောက်ဆုံးပေါ်နည်းပညာများနှင့် ပစ္စည်းကိရိယာများ၏ အသုံးချမှုအခြေအနေများ ပြသခဲ့ပြီး ညီလာခံသည် သက်ဆိုင်ရာ လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ပြောင်း၊ စမတ်အသွင်ပြောင်း၊ အစိမ်းရောင် အသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားအာရုံစိုက်ခဲ့ပြီး ဖိုရမ်နှင့် သီးခြားခေါင်းစဉ်ဖြင့် ဖလှယ်ရေးပွဲ ၂၀ ကျော် ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

၂၀၂၅ ကမ္ဘာ့စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ညီလာခံ ဖွင့်လှစ်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
新华全媒+丨2025全球工业互联网大会在辽宁沈阳开幕
新华社照片,沈阳,2025年9月6日
9月6日,2025全球工业互联网大会在沈阳开幕。大会以“数启新章 智造新质”为主题,来自政商学研企等领域的嘉宾共话工业互联网创新发展。 本届大会将持续至9月8日。
活动期间,工业互联网供需两侧头部企业云集沈阳中国工业博物馆,展示人工智能、大模型等前沿技术和设备在工业领域的应用场景,大会聚焦相关行业数字化、智能化、绿色化发展,将举行20多场论坛和专题交流活动。
图说1:这是9月6日在2025全球工业互联网大会展览区展示的机器人。 新华社记者 潘昱龙 摄
图说2:9月6日拍摄的2025全球工业互联网大会开幕式现场。新华社记者 潘昱龙 摄