Media
ဒိန်းမတ်အသင်း နည်းပြဟောင်း ယူလ်မန်းက လေဗာကူဆင်အသင်းအား တာဝန်ယူ
ဘာလင်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
လေဗာကူဆင်အသင်း၏ နည်းပြချုပ်သစ်အဖြစ် ကက်စပါ ယူလ်မန်းအား ခန့်အပ်လိုက်ကြောင်း အဆိုပါ ကလပ်အသင်းက စက်တင်ဘာ ၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အချိန်တိုတောင်းသော်လည်း မတည်ငြိမ်သည့် အခြေအနေများနှင့် ကြုံခဲ့ရသည့် ယခင်နည်းပြ အဲရစ် တန်ဟက်ဂ်မှာ အသင်းအား နှစ်လတာအတွင်း သုံးပွဲကိုင်တွယ်ပြီးချိန်တွင် ထုတ်ပယ်ခံရပြီးနောက် အသက် ၅၃ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် နည်းပြဟောင်း ယူလ်မန်းက အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။ ယူလ်မန်းအနေဖြင့် စက်တင်ဘာ ၁၂ ရက်တွင် အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မတိုင်မီ စက်တင်ဘာ ၁၀ ရက် လေ့ကျင့်ခန်းအစီအစဉ်၌ လေဗာကူဆင်အသင်းအား စတင်တာဝန်ယူသွားမည်ဟု ဂျာမန်သတင်းဌာနများဖြစ်သည့် Kicker နှင့် Bild တို့၏ ဖော်ပြချက်အရ သိရသည်။
ယူလ်မန်းအနေဖြင့် ဂျာမန်ကလပ် ဘောလုံးလောက၏ အခက်ခဲဆုံး အလုပ်တာဝန်တစ်ခုကို ဆက်ခံခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားချန်ပီယံ လေဗာကူဆင်အသင်းမှာ နွေရာသီအစောပိုင်းက နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုအား ရီးရဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ်ခဲ့ရသလို ဖလော်ရီယန်ဗက်ဇ်၊ ဂျယ်ရမီ ဖရင်းပေါင်၊ ဂရန်းနစ် ရှာကာ၊ ဂျိုနသန်တားနှင့် ပီရဲရို ဟင်ကာပီ အပါအဝင် အဓိက ကစားသမားရှစ်ဦးမှာလည်း အသင်းမှထွက်ခွာသွားသဖြင့် အသင်းအား အလုံးစုံပြန်လည်တည်ဆောက်ရန် လိုအပ်လျက်ရှိသည်။ (Xinhua)
…………………….
(English Version)
Former Danish national coach Hjulmand takes over struggling Leverkusen
BERLIN, Sept. 8 (Xinhua) — Bayer Leverkusen has appointed Kasper Hjulmand as its new head coach, the club confirmed on Sunday.
The 53-year-old former Denmark national coach takes charge following the brief and turbulent tenure of Erik ten Hag, who departed after just two months and three competitive games. Hjulmand will lead his first training session on Wednesday ahead of Leverkusen’s Bundesliga home match against Eintracht Frankfurt on Friday, according to German outlets Kicker and Bild.
Hjulmand inherits one of the toughest assignments in German club football. The 2024 Bundesliga and German Cup winners lost coach Xabi Alonso to Real Madrid earlier in the summer, while eight key players – including Florian Wirtz, Jeremie Frimpong, Granit Xhaka, Jonathan Tah and Piero Hincapie – also departed, leaving the squad in need of a complete rebuild.