Europe
ပေါ်တူဂီနိုင်ငံက စစ်လေယာဉ်များ တိုးချဲ့ဝယ်ယူ

လစ္စဘွန်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ပေါ်တူဂီနိုင်ငံသည် ဆဋ္ဌမမြောက် KC-390 Millennium စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ဝယ်ယူရန်အတွက် ဘရာဇီးလေကြောင်းအာကာသကုမ္ပဏီ Embraer နှင့် စက်တင်ဘာ ၁၈ ရက်၌ စာချုပ်တိုးချဲ့ချုပ်ဆိုခဲ့ပြီး ပေါ်တူဂီလေတပ်က ယင်းလေယာဉ်၏ နောက်ထပ်အစီးရေများကို မှာယူသည့် ပထမဆုံးသော လက်ရှိအော်ပရေတာဖြစ်လာခဲ့သည်။
စာချုပ် တိုးချဲ့ချုပ်ဆိုမှု၌ အခြားနိုင်ငံများ၏ အလားအလာရှိသော အနာဂတ်ဝယ်ယူမှုများအတွက် ထပ်တိုးဝယ်ယူမှုရွေးချယ်စရာ ၁၀ ခု ပါဝင်သည်။ ပေါ်တူဂီနိုင်ငံသည် ဘရာဇီးနိုင်ငံထုတ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သော ထို KC-390 လေယာဉ်ကို အသုံးပြုသည့် ပထမဆုံးနေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ၎င်းလေယာဉ်ကို အသုံးပြုခြင်းအား ၂၀၂၃ ခုနှစ်၌ စတင်ခဲ့သည်။
လက်ရှိတွင် ပေါ်တူဂီလေတပ်သည် ၎င်း၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် KC-390 လေယာဉ်ငါးစီးကို အသုံးပြုလျက်ရှိသည်။
စာချုပ် တိုးချဲ့ချုပ်ဆိုမှုအရ မြို့တော်လစ္စဘွန်း၏ အရှေ့ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာ၌ တည်ရှိသည့် အမှတ် ၁၁ လေတပ်စခန်းကိုလည်း KC-390 မောင်းနှင်မှုများအတွက် လေ့ကျင့်ရေး အဆောက်အအုံအဖြစ် ထူထောင်မည်ဖြစ်သည်။
အဆိုပါလေယာဉ်အား ဥရောပရှစ်နိုင်ငံနှင့် နေတိုးအဖွဲ့ဝင် ခုနစ်နိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လေတပ် ၁၁ နိုင်ငံက ရွေးချယ်ထားကြကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Portugal expands purchase of military aircraft fleet
LISBON, Sept. 17 (Xinhua) — Portugal and Brazilian aerospace company Embraer signed a contract expansion on Wednesday for the acquisition of a sixth KC-390 Millennium military transport aircraft, with the Portuguese Air Force becoming the first existing operator to order additional units of the aircraft.
The expansion includes 10 additional purchase options for potential future acquisitions by other nations. Portugal began operating the KC-390 aircraft in 2023 as the first NATO member to deploy the Brazilian-made transport plane.
The Portuguese Air Force currently operates five KC-390 aircraft as part of its fleet of military transport aircraft.
The contract expansion will also establish Air Base No. 11, located approximately 150 kilometers east of the capital Lisbon, as a training facility for KC-390 operations.
The aircraft has been selected by 11 air forces worldwide, including eight European countries and seven NATO members. ■
English Caption
Aircrafts perform during an air show in celebration of the 70th anniversary of the Portuguese Air Force at an air base in Beja, Portugal, July 3, 2022. (Xinhua/Wen Xinnian)