Business
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ဆန်တင်ပို့မှုတိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်အတွက် တစ်လလျှင် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃၀၀,၀၀၀ တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း MRF မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ဖြစ်သော ဧပြီလမှ စက်တင်ဘာလမှအထိ တစ်လလျှင် ဆန်တန်ချိန် ၂၀၀,၀၀၀ ပုံမှန်တင်ပို့ခဲ့ပြီး၊ စုစုပေါင်းတန်ချိန် ၂ သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဘဏ္ဍာနှစ်၏ ဒုတိယနှစ်ဝက်ဖြစ်သော ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်လလျှင် တန်ချိန် ၃၀၀၀,၀၀ ခန့်အထိ တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ပြောသည်။
မြန်မာ့ဆန်စပါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဖွဲ့ချုပ်အနေဖြင့် မြန်မာ့ဆန်စပါးကဏ္ဍ ပြည်ပသို့တင်ပို့မှု တိုးတက်စေရန် ဆက်လက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ ထိုသို့ကြိုးပမ်းမှုသည် နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့် ပို့ကုန်မြှင့်တင်မည့် အစိုးရမူဝါဒများနှင့် ကိုက်ညီကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို အဓိကတင်ပို့နေရသည့်နိုင်ငံများမှာ ဥရောပ၊ တရုတ်၊ အာဆီယံနိုင်ငံများ၊ အထူးသဖြင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အပြင် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေရကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်သည် မုတ်သုံသီးနှံ ရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်ပြီး နွေသီးနှံ ရိတ်သိမ်းချိန်ကာလနှင့် တစ်ချိန်တည်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ယင်းကာလတွင် စျေးကွက်အတွင်း၌ ဆန်များ အများအပြားရှိသည့်အတွက် ဈေးနှုန်းများကျဆင်းမည့် ဖိအားများရှိနေကြောင်း သိရသည်။ ထို့အတူ နိုင်ငံတကာ ဈေးကွက်တွင်လည်း ဆန်ဈေးနှုန်းများ ကျဆင်းကြောင်း သိရသည်။
တောင်သူလယ်သမားများ၊ ဆန်ကုန်သည်ကြီးများနှင့်အခြားသောပါဝင်ပတ်သက်သူများ၏ ဝင်ငွေရရှိမှု လျှော့ကျမှုမရှိစေရန် ဆန်ဈေးနှုန်းကျဆင်းသည့် ယင်းကာလအတွင် ပြည်ပသို့ ဆန်တင်ပို့မှုကို ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
……………………..
(English Version)
Myanmar to increase rice exports in H2 of FY25-26
YANGON, Sept. 23 (Xinhua) — The Myanmar Rice Federation (MRF) has set an ambitious export target of 300,000 tons of rice and broken rice per month for the second half of the 2025-2026 fiscal year, according to the federation on Tuesday.
During the first half of the fiscal year, from April to September, Myanmar exported about 200,000 tons per month, totaling around 1.2 million tons. For the second half, from October 2025 to March 2026, the plan is to increase exports to about 300,000 tons per month, U Ye Min Aung, MRF chairman, told Xinhua.
He emphasized that the federation continues to prioritize export-led growth to ensure the comprehensive development of Myanmar’s rice sector. This effort is fully aligned with national guidelines and government policies that promote exports, he said.
At present, Myanmar’s key export markets are Europe, China, the Association of Southeast Asian Nations countries, especially the Philippines and Indonesia, as well as Africa, he added.
The second half of the fiscal year coincides with the harvest of the monsoon crop and occurs close to the summer crop harvest period, he said.
During this time, market stock levels are very high, resulting in downward pressure on prices. International rice prices are also at relatively low levels.
To safeguard the income of farmers and other stakeholders, it is essential to actively promote rice exports during this period of price weakness, he said. ■