Connect with us

International Organizations

လူ ၁၀ ဦးဖြင့်ကစားသည့် ဆော်ပေါ်လိုအသင်း ဘရာဇီးထိပ်တန်းလိဂ်တွင် ဖော်တာလီဇာအသင်း ကိုအနိုင်ရ

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အောက်တိုလာ ၂ ရက် ဘရာဇီး စီးရီးအေပွဲစဥ်တွင် Gonzalo Tapia နှင့် Luciano Neves တစ်ဂိုးစီသွင်းယူခဲ့ပြီး ကစားသမား ၁၀ ယောက်ဖြင့်ယှဥ်ပြိုင်ခဲ့ရသော ဆော်ပေါ်လိုအသင်းက အဝေးကွင်းတွင် ဖွန်တာလီဇာအသင်းကို ၂-၀ ရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။
ချီလီတိုက်စစ်မှူး Tapia က တစ်ဖက်နောက်ခံလူများ လွတ်သွားသည့် ဘောလုံးကိုလျင်မြန်စွာရယူကာ မြန်မြန်ဆန်ဆန်ပဲ ဂိုးတိုင် ဘယ်ဘက်အောက်ခြေထောင့်ကို ကန်သွင်းလိုက်ပြီး ဆော်ပေါ်လိုအသင်းက ပထမဆုံးတစ်ဂိုးရရှိခဲ့သည်။
Emiliano Rigoni က တစ်ဖက် တိုက်စစ်မှူး Deyverson ကိုဆောင့်နင်းသည့်အတွက် တိုက်ရိုက်အနီကတ်ပြခံရခဲ့သောကြောင့် ဧည့်သည်အသင်းသည် ပွဲကစားချိန် ၂၂ မိနစ်တွင် ထိခိုက်ခဲ့ရသည်။
ထို့နောက်တွင် ဖွန်တာလီဇာအသင်းက ဘောလုံးပိုင်ဆိုင်မှုတွင် လွှမ်းမိုးခဲ့သော်လည်း ဂိုးရရှိရန် စွမ်းဆောင်နိုင်မှုတွင်မူ အားနည်းခဲ့သည်။
ဆော်ပေါ်လိုအသင်းအတွက် ဒုတိယမြောက်ဂိုးကိုမူ ကောင်တာတိုက်စစ်မှတစ်ဆင့် Luciano က စတင်ပေးပို့ခဲ့သည့်ဘောလုံးကို Enzo Diaz ၏ ပြန်လည်ဖြတ်ပို့ခဲ့ပြီးနောက် Luciano ကပင် အနီးကပ် အသာအယာဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါရလဒ်ကြောင့် ဆော်ပေါ်လိုအသင်းသည် စီးရီး‌အေ အသင်း ၂၀ တွင် ၃၈ မှတ်ဖြင့် နံပါတ်၇ နေရာရရှိ ထားပြီး နံပါတ် ၁၉ နေရာ ဖွန်တာလီဇာအသင်းထက် ၁၇ မှတ်အသာရရှိထားခြင်းဖြစ်သည်။
အောက်တိုဘာ ၂ ရက် ဘရာဇီးစီးရီးအေ အခြားပွဲစဥ်များအနေဖြင့် ဗစ်တိုးရီးယားကအိမ်ကွင်းတွင် Ceara ကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး ဇယားထိပ်ဆုံးအသင်း ဖလာမင်ဂို က Cruzeiro ကို အိမ်ကွင်းတွင် ဂိုးမရှိ သရေရလဒ် ဖြစ်ခဲ့ကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
Ten-man Sao Paulo beats Fortaleza in Brazil’s top flight
RIO DE JANEIRO, Oct. 2 (Xinhua) — Gonzalo Tapia and Luciano Neves scored in each half as 10-man Sao Paulo registered a 2-0 away win over Fortaleza in Brazil’s Serie A on Thursday.
Chilean forward Tapia opened the scoring by pouncing on a loose ball before turning and, in the same motion, firing the ball into the bottom-left corner.
But the visitors suffered a blow in the 22nd minute when Emiliano Rigoni was shown a straight red card for stamping on forward Deyverson.
Fortaleza dominated possession thereafter but lacked incisiveness in the final third.
Sao Paulo added a second goal with a counterattacking move that began and ended with Luciano, who tapped in from point-blank range after Enzo Diaz’s cross.
The result leaves Sao Paulo seventh in the 20-team Serie A standings with 38 points, 17 ahead of 19th-placed Fortaleza.
Elsewhere in Brazil’s Serie A on Thursday, Vitoria won 1-0 at home to Ceara, and leaders Flamengo was held to a goalless home draw by Cruzeiro.