Connect with us

China

မက္ကဆီကိုနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းများကို လိုက်နာရန်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော် ဟဲဖေရှိ Anhui Ankai Automobile ကုမ္ပဏီလီမိတက်၏ စက်ရုံတွင် မက္ကဆီကိုနိုင်ငံသို့ လွှဲပြောင်းမည့် ခရီးသည်တင်ဘတ်စ်ကားများကို ၂၀၂၂ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံအနေဖြင့် ဈေးကွက်ဖျက်စုပုံတင်ပို့ရောင်းချမှု တိုက်ဖျက်ရေး (Anti-Dumping) စုံစမ်းစစ်ဆေးမှုအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို လိုက်နာရန်နှင့် တရုတ်စီးပွားရေးကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
ရေပေါ်ဖန်သားပြင်နှင့် PVC တာပေါ်လင်များ အပါအဝင် တရုတ်ထုတ်ကုန်များအား မက္ကဆီကိုနိုင်ငံ၏ လတ်တလော Anti-Dumping စုံစမ်းစစ်ဆေးမှု လေးခုနှင့်စပ်လျဉ်း၍ မီဒီယာကမေးမြန်းခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးအစီအမံများကို ကန့်ကွက်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မှုကို အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယခုနှစ်တွင် မက္ကဆီကိုနိုင်ငံက တရုတ်ထုတ်ကုန်များအား anti-dumping စုံစမ်းစစ်ဆေးမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ကာ အကြိမ်ရေသည် ယမန်နှစ်ကထက် နှစ်ဆဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်များ အလွန်အကျွံအသုံးပြုမှု၏ နောက်ခံအကြောင်းတရားကို ဆန့်ကျင်လျက် တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်သတ်ဝါဒကို ကန့်ကွက်ရန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပျံ့နှံ့မှုကို တားဆီးရန်၊ ပြင်ပအကျပ်ကိုင်မှုကြောင့် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် တရုတ်နိုင်ငံအား ကန့်သတ်ချက်များ သတ်မှတ်ခြင်းကို ရှောင်ကြဉ်ရန် နိုင်ငံများအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မက္ကဆီကိုနိုင်ငံက အဆိုပြုထားသော စည်းကြပ်ခွန် တိုးမြှင့်ခြင်းများနှင့် အခြားသောကန့်သတ်ချက်များကို တုံ့ပြန်သောအားဖြင့် ဝန်ကြီးဌာနက ဆက်စပ်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ စုံစမ်းစစ်‌ဆေးမှုကို လုပ်ဆောင်ခဲ့သည်။
“မိမိတို့ရဲ့ တွေ့ရှိမှုနဲ့ လက်တွေ့အခြေအနေများကို အခြေခံပြီး တရုတ်နိုင်ငံက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအမံများ အပါအဝင် တရုတ်ကုမ္ပဏီများရဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေ အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လိုအပ်တဲ့ အစီအမံတွေအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)
……………………………………..
(English Version)
China urges Mexico to follow WTO rules, protect interests of Chinese firms
BEIJING, Oct. 3 (Xinhua) — China urges Mexico to comply with the rules of the World Trade Organization (WTO) in its anti-dumping investigations, and safeguard the legitimate rights and interests of Chinese companies, the Ministry of Commerce said on Friday.
A spokesperson for the ministry made the remarks in response to a media inquiry about Mexico’s recent four anti-dumping investigations into Chinese products, including float glass and PVC tarpaulins.
China firmly opposes protectionist measures that harm its legitimate rights and interests, and will monitor the development of the investigations closely, the spokesperson said.
It was noted that this year, Mexico has opened 11 anti-dumping investigations into Chinese products to date — nearly twice last year’s total.
Against the backdrop of the United States’ excessive use of tariffs, China holds that all countries should work together to oppose unilateralism, curb the spread of protectionism, and refrain from imposing restrictions on China under various pretexts due to external coercion, according to the spokesperson.
In response to Mexico’s proposed tariff increases and other restrictions, the ministry has launched an investigation into trade and investment barriers in accordance with relevant laws and regulations.
“Based on our findings and actual circumstances, China will take all necessary measures to resolutely safeguard the legitimate rights and interests of Chinese companies, including measures in trade and investment,” the spokesperson said.
Photo: Aerial photo taken on March 8, 2022 shows the passenger buses to be delivered to Mexico at a factory of Anhui Ankai Automobile Co., Ltd. in Hefei, capital of east China’s Anhui Province. (Xinhua/Liu Junxi)