Connect with us

Videos

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်ချက် ၁၅ ချက် ချနိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်ချက် ၁၅ ချက် ချနိုင်ခဲ့ကြောင်း JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က မီဒီယာများ နှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးအား ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ စက်တင်ဘာ ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်အထိ ၃ ရက်တာကျင်းပခဲ့သည်။ JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က “ဒီတစ်ခေါက်က အလှူရှင်တွေ နဲ့ အလုပ်လုပ်ရတော့ ဒီစက်တင်ဘာလကုန်ဆိုရင် ပဋိဉာဉ်သဘောတူညီမှုကပြီးပြီ။ နောက်၁ နှစ်အတွက် အောက်တိုဘာ ၁ ရက်နေ့က စမယ့် ကိစ္စအတွက် ဆွေးနွေးခဲ့ပါတယ်။ နော်ဝေခရီးစဉ် ရှိခဲ့တယ်။ အဲ့ဒါတွေ ကို ဖလှယ်မှု တွေ လုပ်ခဲ့တယ်။ ဆုံးဖြတ်ချက် ၁၅ ချက် နဲ့ ပြီးသွားပါတယ်။ Local Civilian Monitar (ဒေသခံအရပ်သားစောင့်ကြည့်ရေး)ကိစ္စက လောလောဆယ်မှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မှာ ရှေ့ပြေးလုပ် သွားဖို့ ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ ၃ ရက် တာ အစည်းဝေးက ဆုံးဖြတ်ချက် ၁၅ ခု နဲ့ပြီးသွားပါတယ်။” ဟုမီဒီယာများအားပြောပြခဲ့သည်။

JMC-U ၏ ပြောရေးဆိုခွင့်ရှိသူအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ”JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများနဲ့ JMC အဆင့်ဆင့်သို့ ရောက်ရှိလာသော အငြင်းပွားမှုနှင့် တိုင်ကြားစာများအား ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်” ဟု မီဒီယာများအားပြောကြားခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် JMC ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဒေသရှိ ပြည်သူလူထုတို့ တွေ့ဆုံ၍ JMC ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများနှင့် JMC လုပ်ငန်းစဉ်အတွင်း ပြည်သူလူထုက ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည့် လူထုတွေ့ဆုံပွဲ ဆောင်ရွက်မှု လုပ်ငန်းများကိုလည်း အထောက်အကူပြု အဖွဲ့က ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.