Connect with us

Economy

“မြန်မာနိုင်ငံ၌ CITIC ကုမ္ပဏီ၏ လူမှုအကျိုးပြုလုပ်ငန်းများ ၁၀ နှစ်ပြည့် လှုပ်ရှားမှု” အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား တက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

CITIC Myanmar ကုမ္ပဏီသည် “မြန်မာနိုင်ငံ၌ CITIC ကုမ္ပဏီ၏ လူမှုအကျိုးပြုလုပ်ငန်းများ ၁၀ နှစ်ပြည့် လှုပ်ရှားမှု” အခမ်းအနားကို ဒီဇင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား၊ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ CITIC Myanmar ကုမ္ပဏီ အထွေထွေမန်နေဂျာ ဖျောင်ပေါ စသည့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မာကျားက CITIC Myanmar လူမှုအကျိုးပြုလုပ်ငန်းများတွင် ရရှိထားသော အပြုသဘောဆောင်သည့် ရလဒ်များကို များစွာတန်ဖိုးထားချီးကျူးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်ပသို့ တံခါးဖွင့်လှစ်သည့် မဟာဗျူဟာအား ခိုင်မာစွာကျင့်သုံး၍ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအား အတူမျှဝေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများအနေဖြင့် လူမှုရေးတာဝန်ကို တက်ကြွစွာထမ်းဆောင်ရန်၊ ဒေသန္တရလူမှုအသိုက်အဝန်းအား ပြန်လည်အကျိုးပြုရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း စာမျက်နှာသစ်အား အတူရေးခြယ်ရန် ထောက်ခံအားပေးကြောင်း အလေးထား ပြောကြားခဲ့သည်။
ဦးကိုကိုလှိုင်က ၁၀ နှစ်တာကာလအတွင်း CITIC Myanmar ၏ လူမှုအကျိုးပြုလုပ်ငန်း လုပ်ဆောင်ချက်များကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူများအနေဖြင့် ပိုမိုရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးသည် ကျောက်ဆောင်ပမာ ခိုင်မြဲသည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် CITIC Myanmar ကုမ္ပဏီနှင့် ၎င်း၏မြန်မာနိုင်ငံရှိ လူမှုအကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းများက လူမှုအကျိုးပြုလုပ်ငန်းအကြောင်းအရာနှင့် အတွေးအမြင်များကို မျှဝေခဲ့ရာ အခမ်းအနားတွင် ချစ်ကြည်ရင်းနှီးသော အငွေ့အသက်များဖြင့် ကြိုင်လှိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
马珈大使出席中信在缅公益十周年交流活动
12月5日,中信缅甸公司在仰光举办“中信在缅公益十周年交流活动”,马珈大使、缅甸总统府二部部长戈戈莱出席并致辞。皎漂特区管理委员会主席觉瑞吞、中信缅甸总经理朴波等中缅双方各界200余人参加。
马珈高度评价中信缅甸公益活动所取得的积极成果,强调中方坚定奉行对外开放战略,与世界各国共享发展和繁荣。支持和鼓励在缅中国企业积极履行社会责任、回馈当地社会,共同谱写中缅命运共同体新篇章。
戈戈莱衷心感谢中信缅甸十年来的公益善举,希望中缅两国人民开展更加亲密合作,坚信中缅友谊坚如磐石。
中信缅甸及其在缅公益合作方分别分享了公益故事和思考,现场气氛热烈友好。

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.