Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် ဘဏ်ဓားပြတိုက်ရန်ကြိုးပမ်းမှု၌ အနည်းဆုံး လူ ၁၂ ဦးသေဆုံး

ဘရာဇီးနိုင်ငံရှိ ရဲကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ဘက်တွင် ဒီဇင်ဘာလ ၇ ရက်က ဘဏ်ဓားပြများဟု စွပ်စွဲခြင်းခံရသူ အဖွဲ့တစ်ဖွဲ့နှင့် ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်သည်။

အဆိုပါ ပစ်ခတ်မှုသည် Ceara ပြည်နယ် Milagres မြို့တွင် လက်နက်များကိုင်ဆောင်လာသည့် လူ ၃၀ ပါ အုပ်စုတစ်စုက ဓားစာခံများအား အကာအကွယ်ယူပြီး ဘဏ်နှစ်ခုအား ဓားပြတိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ဘဏ်ဓားပြများသည် ဓားပြတိုက်ရန်အတွက် မြို့လယ်သို့မရောက်မီ ယင်းမြို့၏ အဓိကလမ်းမတစ်ခုအား ပိတ်ဆို့ရန် ထရပ်ကားတစ်စီးအား ခိုးယူခဲ့ကြောင်း Milagres မြို့တော်ဝန် Lielson Landim က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ရှာဖွေတွေ့ရှိချက်အရ သေနတ်သမားတစ်ဦးသည် မိနစ် ၂၀ ကြာအောင်ပစ်ခတ်နေခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် မိဘများနှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ကလေးငယ် ၃ ဦးလည်းသေဆုံးခဲ့သည်။ ဘဏ်ဓားပြများက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ၎င်းတို့အား ပြန်လည်ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိသည်။သေဆုံးသူများအနက် ဓားပြ ၆ ဦးထက်မနည်းပါဝင်ပြီး ကျန်လူများမှာ ဓားစာခံများဖြစ်သည်ဟု Landim က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.