Connect with us

Asia

ရုရှားနှင့် ဗင်နီဇွဲလား ရေနံများ ဝယ်ယူသည့် ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်း အိန္ဒိယ ထပ်လောင်းပြောကြား

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ အိန္ဒိယဂိတ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယ၏ ရေနံဝယ်ယူမှုမူဝါဒသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ် အစဉ်အမြဲ ထားရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Randhir Jaiswal က အိန္ဒိယက ရုရှားနှင့် ဗင်နီဇွဲလား ရေနံများ ဝယ်ယူမှုနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ထပ်လောင်းပြောကြားခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri သည် ထိုမတိုင်မီကလည်း အိန္ဒိယ၏ ရေနံဝယ်ယူမှု ရပ်တည်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ရာ ထိုရပ်တည်ချက်သည် ပြောင်းလဲမှုမရှိကြောင်း၊ အိန္ဒိယအနေဖြင့် “စီးပွားရေးလုပ်ငန်းအခြေအနေအရ ခွင့်ပြုသည့်” အခြေအနေအောက်တွင် ဗင်နီဇွဲလားမှ ရေနံဝယ်ယူရန် စူးစမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း Randhir Jaiswal က ပြောကြားခဲ့သည်။

Vikram Misri ဖေဖော်ဝါရီ ၉ ရက်တွင် သက်ဆိုင်ရာမေးမြန်းမှုအား ဖြေကြားရာ၌ အိန္ဒိယ၏ စွမ်းအင်မူဝါဒသည် “လုံလောက်သောထောက်ပံ့မှု၊ ဈေးနှုန်းသင့်လျော်မှု၊ အရင်းအမြစ်တည်ငြိမ်မှု” စသည့် အခြေခံမူများအား အစဉ်အမြဲလိုက်နာလျက်ရှိကြောင်း၊ အိန္ဒိယသည် အမျိုးသားအကျိုးစီးပွားအား ဦးတည်ချက်အဖြစ် ထားရှိကာ စွမ်းအင်ပံ့ပိုးမှု ကဏ္ဍစုံလင်ခြင်းအား ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုမတိုင်မီ အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းသည် ထိုနေ့တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ပြီး မိုဒီက အိန္ဒိယအနေဖြင့် ရုရှားရေနံများ ဝယ်ယူခြင်းကို ရပ်တန့်ရန်သဘောတူကြောင်း၊ အမေရိကန်က အိန္ဒိယကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် “အလားတူစည်းကြပ်ခွန်” ဟူသည်၏ အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ မိုဒီကလည်း ထိုနေ့တွင် အမေရိကန်က အိန္ဒိယအပေါ် စည်းကြပ်ခွန်များ လျှော့ချသွားမည်ကို အတည်ပြုခဲ့သည်။ (Xinhua)

—————–
(Chinese Version)
印度重申购买俄委石油的立场没有改变
新华社新德里2月21日电 印度媒体20日报道,印度外交部发言人兰迪尔·贾伊斯瓦尔就印度购买俄罗斯及委内瑞拉石油一事回答记者提问时重申,印度的石油购买策略始终以国家利益为导向。
贾伊斯瓦尔表示,印度外交秘书唐勇胜此前已就印度石油采购立场进行说明,这一立场没有改变。印度将在“商业条件允许”的情况下探索从委内瑞拉购买石油。
据印媒此前报道,唐勇胜在2月9日回答相关问题时说,印度的能源政策始终遵循“供给充足、价格合理、来源稳定”等原则。印度将以国家利益为导向,致力于能源供给多样化。
美国总统特朗普2月2日在社交媒体发文,称其当天与印度总理莫迪通话,并称莫迪同意印度停止购买俄罗斯石油、美国将把对印度商品加征的所谓“对等关税”税率从25%降至18%。莫迪同日确认美将下调对印关税。(完)
图说:这是2025年8月20日在印度首都新德里拍摄的德里门。新华社记者伍岳摄