China
ရှီကျင့်ဖိန်က ကင်ဂျုံအန်း ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမျူးချုပ် ရှီကျင့်ဖိန်က ကင်ဂျုံအန်းထံသို့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ကာ မြောက်ကိုရီးယားနိုင်ငံ၏ ၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံ၌ WPK အထွေထွေအတွင်းရေးချုပ်အဖြစ် ၎င်းရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မြောက်ကိုရီးယားနိုင်ငံ၏ ၈ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံမှစ၍ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ခေါင်းဆောင်သော ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီသည် မြောက်ကိုရီးယားပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်ကာ ကြိုးပမ်းအားထုတ်ခဲ့ကြရာ မြောက်ကိုရီးယား ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုအသစ်များ စဉ်ဆက်မပြတ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ရဲဘော် ကင်ဂျုံအန်း အနေဖြင့် ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံ ရွေးချယ်တင်မြှောက်ခံရခြင်းက မြောက်ကိုရီးယားနိုင်ငံ၏ ပါတီ၊ အစိုးရ၊ ပြည်သူများက ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်အပေါ် မြင့်မားသည့် ယုံကြည်မှုနှင့် စိတ်ရင်းအမှန်ဖြင့် ထောက်ခံခြင်းကို ပြသခဲ့ကြောင်း၊ ၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံသည် မြောက်ကိုရီးယားနိုင်ငံ၏ ပါတီနှင့် နိုင်ငံရေးရာလုပ်ငန်းများကို ဆက်ခံ၍ ရှေ့သို့တက်လှမ်းသည့် အရေးကြီးကာလအပိုင်းအခြားတွင် အောင်မြင်စွာ ကျင်းပခြင်းဖြစ်ရာ အရေးကြီးသည့်အနက်အဓိပ္ပာယ်ဆောင်ကြောင်း၊ ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ် ခေါင်းဆောင်သည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ၏ ခိုင်မြဲသော ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားနိုင်ငံ ပါတီနှင့် ပြည်သူများသည် ယခုအကြိမ် ညီလာခံကို အခွင့်အလမ်းအဖြစ် ထားရှိကာ မြောက်ကိုရီးယား၏ ဆိုရှယ်လစ်ဝါဒ လုပ်ငန်းစဉ်များတွင် ကဏ္ဍသစ်များကို အစဉ်တစိုက် တွန်းအားပေး ဖော်ဆောင်သွားမည်ဟု မျှော်လင့်ဆုတောင်းကြောင်း ၎င်းက ဖော်ပြခဲ့သည်။
တရုတ်-မြောက်ကိုရီးယားသည် အပြန်အလှန် ဖေးမကူညီကြသည့် ဆိုရှယ်လစ်ဝါဒ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းများ ဖြစ်ကြကြောင်း၊ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်း၊ ကောင်းမွန်စွာ ခိုင်မာမြဲမြံစေခြင်း၊ ကောင်းမွန်စွာ တိုးတက်စေခြင်းသည် တရုတ်နိုင်ငံ၏ ပါတီနှင့် အစိုးရတို့၏ အစဉ်တစိုက် မယိမ်းမယိုင် ခိုင်မာမြဲမြံသည့် လမ်းစဉ်ဖြစ်ကြောင်း၊ ယခုနှစ်များတွင် မိမိနှင့် ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်တို့အတူ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးကာ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ကောင်းမွန်သော ဦးတည်ချက်သို့ တိုးတက်စေရန် အားကောင်းစွာ ဦးဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆင့်ကဲဖြစ်ပေါ်နေခြင်း၊ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးနေခြင်းတို့ကို ရင်ဆိုင်ရာတွင် မိမိအနေဖြင့် ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ မိမိတို့ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို နှစ်ဖက် သက်ဆိုင်ရာ ဌာနနှင့် ဒေသများက ကောင်းမွန်စွာ ဖော်ဆောင်ရန် လမ်းညွှန်ကာ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး သစ်လွင်တောက်ပသည့် အခန်းကဏ္ဍကို ရေးဆွဲရန်၊ နှစ်နိုင်ငံ ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးလုပ်ငန်းကို ဝန်ဆောင်မှုပေးရန်၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ရန်၊ ဒေသတွင်းသာမက ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် တက်ကြွစွာ အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ဖော်ပြခဲ့သည်။ (Xinhua)
—————–
(Chinese Version)
习近平致电祝贺金正恩被推举为朝鲜劳动党总书记
新华社北京2月23日电 2月23日,中共中央总书记习近平致电金正恩,祝贺他在朝鲜劳动党第九次代表大会上被推举为朝鲜劳动党总书记。
习近平在贺电中说,朝党八大以来,以金正恩总书记为首的朝鲜劳动党中央团结带领朝鲜人民努力奋斗,在朝鲜社会主义建设事业中不断取得新成就。金正恩同志再次被推举为朝鲜劳动党总书记,体现了朝鲜党、政府、人民对总书记同志的高度信任和衷心拥护。朝党九大在朝鲜党和国家事业步入承前启后的关键阶段胜利召开,具有重要意义。祝愿在以总书记同志为首的朝鲜劳动党中央坚强领导下,朝鲜党和人民将以此次大会为契机,推动朝鲜社会主义事业不断开创新局面。
中朝是守望相助的社会主义友好邻邦。维护好、巩固好、发展好中朝关系,始终是中国党和政府坚定不移的方针。近年来,我同总书记同志多次会晤,有力引领中朝关系向好发展。面对百年变局加速演进、国际形势变乱交织,我愿同总书记同志一道,指导双方有关部门和地方落实好我们达成的重要共识,谱写中朝友谊崭新篇章,服务两国社会主义建设事业,增进两国人民福祉和友谊,为促进地区乃至世界和平稳定和发展繁荣作出积极贡献。(完)
1. 2025年9月4日晚,中共中央总书记、国家主席习近平在北京人民大会堂同来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的朝鲜劳动党总书记、国务委员长金正恩举行会谈。新华社记者 黄敬文 摄
