Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်ကထောင် စစ်ဆေးရေးဂိတ်၌ ေ ကျာက်စိမ်းအရိုင်းတုံး၁၅ ပိဿာကျော် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူ၂ ဦးအား သိမ်းဆည်းရမိသည့် ကျောက်စိမ်းတုံးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား- တနိုင်း ကားလမ်းမပေါ်ရှိ မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီက ဆိုင်ကယ်ဖြင့် တင်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၁၅ ပိဿာကျော် သိမ်းဆည်းရမိကြောင်း သိရသည်။

သိမ်းဆည်းရမိ

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် မြစ်ကြီးနား- တနိုင်း ကားလမ်းမပေါ်ရှိ မရမ်ကထောင် ပူးပေါင်းစစ်ဆေးရေးဂိတ် တာဝန်ကျ နမ္မတီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ယာဉ်အဝင်အထွက်များ စစ်ဆေးဆောင် ရွက်နေစဉ် ဖားကန့်မြို့နယ် ရှဒူးဇွတ် ကျေးရွာနေ မောင်မောင်စန်း(၂၇ နှစ်) မောင်းနှင်ပြီး မိုးကောင်းမြို့ အရှေ့ ရပ်ကွက်နေ ကျော်မင်းစိုး (၄၄ နှစ်) စီးနင်းလိုက်ပါလာသည့် SHAYAN- 125 မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် ပီနံအိတ်ဖြင့်ထည့်၍ သယ်ဆောင်လာ သည့် ကျောက်စိမ်းအရိုင်းတုံး ၁၅ ပိဿာ ခန့်တစ်တုံးနှင့် သုံးကျပ်သားခန့်နှစ်တုံး အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင် သူ မောင်မောင်စန်းနှင့် ကျော်မင်းစိုးတို့ နှစ်ဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.