Connect with us

NPC

ကမ္ဘာ့စီးပွားရေး အားလျော့နေချိန် ၂၀၂၆ ခုနှစ်နှင့် အလွန်ကာလတွင် တရုတ်နိုင်ငံက အရည်အသွေးရှိစွာ တိုးတက်မှုရှိရန် ရည်မှန်းထား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မတ် ၅ ရက်က ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုရည်မှန်းချက်ကို ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိရှိရန် ချမှတ်ခဲ့ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းချမှတ်ပြီး အကျပ်အတည်းကြုံတွေ့နေရသော ကမ္ဘာ့စီးပွားရေးကို ပိုမိုလိုအပ်နေသောတည်ငြိမ်မှုများ ဖြည့်တင်းရန် ရည်ရွယ်သည့် ငါးနှစ်စီမံကိန်းအသစ်ကို ကောင်းမွန်စွာအစပြုနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ဂျီဒီပီတိုးတက်မှုရည်မှန်းချက်သည် ၂၀၃၅ ခုနှစ် တရုတ်နိုင်ငံ၏ ရေရှည်ရည်မှန်းချက်များနှင့် ကောင်းစွာကိုက်ညီမှုရှိသလို တရုတ်နိုင်ငံ၏ စီးပွားရေး ‌ကာလရှည်တိုးတက်မှုအလားအလာနှင့် အခြေခံအားဖြင့် လိုက်လျောညီထွေမှုရှိကြောင်း ဆွေးနွေးသုံးသပ်ရန် တရုတ်နိုင်ငံ ဥပဒေပြုအဖွဲ့ထံ တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုရည်မှန်းချက်သည် တက်ကြွမှုရှိသလို လက်တွေ့လည်းကျကြောင်း၊ ပြည်တွင်းအခြေအနေများနှင့် ပြင်ပပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ကျယ်ကျယ်ပြန့်ပြန့်အကဲဖြတ်မှုအား ထင်ဟပ်လျက်ရှိကြောင်း ယခုနှစ်၏ အစိုးရလုပ်ငန်းအစီရင်ခံစာမူကြမ်းထုတ်ပြန်ရေး တာဝန်ရှိအဖွဲ့ အကြီးအကဲ စိန်သန်းယန်က ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260306/42d1bb0eebd54ebba5aca2d3b8499d2b/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ထန်ဆန်းဆိပ်ကမ်းရှိ ကွန်တိန်နာရပ်နားသောနေရာတွင် ကွန်တိန်နာများ အတင်အချ ပြုလုပ်နေသည့် သင်္ဘောများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ China Telecom Quantum Group ၏ သိပ္ပံနှင့် နည်းပညာလက်တွေ့စမ်းသပ်မှုစင်တာတွင် ကွမ်တမ်သိပ္ပံဂြိုဟ်တု Mozi နမူနာပုံစံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China targets quality growth in 2026 and beyond amid weakening global economy
BEIJING, March 5 (Xinhua) — China on Thursday set an economic growth target of 4.5 to 5 percent for 2026, aiming for a good start to the new five-year plan that charts the course for high-quality development and offers much-needed certainty to a troubled world economy.
The GDP growth target is well aligned with China’s long-range objectives through the year 2035 and broadly in line with the long-term growth potential of China’s economy, said a government work report submitted to the country’s top legislature for deliberation.
China’s economic growth target for 2026 is proactive and pragmatic, reflecting a broad assessment of domestic conditions and shifts in the external environment, said Shen Danyang, head of the group responsible for drafting this year’s government work report.
Photo 1: The opening meeting of the fourth session of the 14th National People’s Congress is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Wang Ye)
Photo 2: An aerial drone photo taken on Dec. 15, 2025 shows vessels loading and unloading containers at a container dock of Tangshan Port in Tangshan, north China’s Hebei Province. (Photo by Liu Mancang/Xinhua)
Photo 3: This photo taken on July 1, 2025 shows a model of the quantum science satellite Mozi at the science and technology experience center of China Telecom Quantum Group in Hefei, east China’s Anhui Province. (Xinhua/Zhang Cheng)