Connect with us

China

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရား ပထမအကြိမ် အစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရား ပထမအကြိမ် အစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့သည် ဧပြီ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟွန်မန်နက်က တရုတ်နိုင်ငံအကြီးအကဲအပေါ် ရင်းနှီးသောနှုတ်ခွန်းဆက်စကားအား ဝမ်ရိမှ တစ်ဆင့်ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံက ကြီးမားသောအောင်မြင်မှုများ ရရှိခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ တရုတ်ဘက်က ကမ္ဘောဒီးယား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံပံ့ပိုးပေးမှုနှင့် ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်မိသားစု ဆေးကုသမှုနှင့် ဆေးစစ်မှုအတွက် ကောင်းမွန်သော အာမခံမှု ထောက်ပံ့ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဟွန်မန်နက်က ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံအား အရေးအကြီးဆုံး၊ ယုံကြည်အားထားအထိုက်ဆုံး မိတ်ဆွေကောင်းအဖြစ်ရှုမြင်ကြောင်း၊ ယမန်နှစ်က သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘောဒီးယားနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်မှုသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအဆင့်ကို အင်တိုက်အားတိုက် မြှင့်တင်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရားကို များစွာအလေးထားကြောင်း၊ ယခုအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပခြင်းသည် နှစ်ဖက်က အပြန်အလှန်ယုံကြည်မှုမြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီး ပလက်ဖောင်းဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသောမူဝါဒကို မမှိတ်မသုန် ခိုင်မြဲစွာ လက်ကိုင်ထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လိုက်နာစောင့်ထိန်းကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို နီးနီးကပ်ကပ်ဆောင်ရွက်ရန်၊ ယန္တရားအသွင် တွေ့ဆုံဆွေးနွေးမှုကို တိုးချဲ့ရန်၊ သန့်ရှင်းစွမ်းအင်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ၊ လူရည်ချွန်ပျိုးထောင်မှု စသည့်ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကမ္ဘောဒီးယားတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို ခိုင်မာစွာ တိုက်ဖျက်သွားမည် ဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားလိုကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် တရုတ်နိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စများတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်မှုကို များစွာတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ စသည့် နိုင်ငံစုံစင်မြင့်ထက်တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အတူတကွ ကာကွယ်သွားရန် ဆန္ဒရှိကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံ အကြီးအကဲ၏ ကောင်းမွန်သော နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်-ကမ္ဘောဒီးယားသည် စိတ်ရင်းအမှန်ဖြင့်ဆက်ဆံကြသော မိတ်ဆွေကောင်း၊ ကာလကြာရှည် ပူးပေါင်းနိုင်သော မိတ်ဖက်ကောင်းဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးသည် စမ်းသပ်မှုများကို ကျော်လွန်ခဲ့ပြီး အချိန်ကာလနှင့်အမျှ ခိုင်မြဲနေသဖြင့် သံမဏိပမာ ဖောက်ဖျက်၍မရကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘောဒီးယားနိုင်ငံ သမိုင်းဝင်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အဆင့်သစ်ဆီသို့ ဝင်ရောက်ရန် ဦးဆောင်ခဲ့ကြောင်း၊ လှိုင်းဒဏ်လေဒဏ်ပြင်းထန်ပြီး မတည်ငြိမ်မှုများ ရှုပ်ထွေးနေသည့် ပြင်ပအခြေအနေအား ရင်ဆိုင်ရာတွင် တရုတ်-ကမ္ဘောဒီးယားသည် ယခင်မည်သည့်အချိန်ကထက်မဆို စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလိုအပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲတို့ ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကိုလိုက်နာ၍ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “2+2” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေးအား ကောင်းမွန်စွာကျင်းပကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး ကိစ္စကြီးနှစ်ရပ်အား စီမံခန့်ခွဲပြီး ပြည်သူ့လူနေမှုဘဝနှင့် ပြည်သူ့ဆန္ဒဟူသည့် အရင်းခံနှစ်ရပ်ကို ခိုင်မာစွာစောင့်ထိန်းသွားမည်ဖြစ်ကြောင်း၊ ပြည်ပအနှောင့်အယှက်များကို အစွမ်းကုန်ဖယ်ရှားကာ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု အဆက်မပြတ်နက်ရှိုင်းစေပြီး ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းဖြင့် ကိုယ်စီနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အားဖြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံယခင်အကြီးအကဲများ စတင်ဖော်ဆောင်ခဲ့သော တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရင်းနှီးသောလမ်းစဉ်ကို ခိုင်မြဲစွာလျှောက်လှမ်းသွားပြီး အေးအတူပူအမျှ အသိုက်အဝန်းအယူအဆကို နှစ်နိုင်ငံဆက်ဆံရေး၏ ကဏ္ဍစုံတွင် ဖော်ဆောင်သွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းထားကာ “စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု စင်္ကြံ” ၊ “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” တည်ဆောက်မှုကို အတူတကွ တွန်းအားပေးကာ ကမ္ဘောဒီးယားနိုင်ငံက မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်မြှင့်တင်မှုကို အားဖြည့်ပေးရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် လိမ်လည်မှုနှင့် လောင်းကစားသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေသဖြင့် ပြတ်ပြတ်သားသား တိုက်ဖျက်၍ အပြည့်အဝ အမြစ်ပြတ်ရှင်းလင်းရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံတကာ နိုင်ငံစုံကိစ္စရပ်များတွင် ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေး၍ တရုတ်-ကမ္ဘောဒီးယား မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုဖြင့် ဆိုးရွားသောပြည်ပစိန်ခေါ်မှုများအား ကိုင်တွယ်စီမံကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို လက်တွဲကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက တရုတ်-ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို မိတ်ဆက်ပြောကြားခဲ့သည်။
ဟွန်မန်နက်က ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ သက်ဆိုင်ရာအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းမှုကို တွန်းအားပေးရန်အတွက် ကြိုးပမ်းမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး ကမ္ဘောဒီးယား-ထိုင်း သွားလာဆက်ဆံမှု ပြန်လည်ဖော်ဆောင်ရန်၊ တိုက်ရိုက်ဆွေးနွေးမှုအတွက် ပိုမိုများပြားသောပလက်ဖောင်းများ တည်ဆောက်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
柬埔寨首相洪玛奈会见王毅一行
新华社金边4月22日电(记者吴长伟)柬埔寨首相洪玛奈22日在金边会见出席中柬外长、防长“2+2”战略对话机制首次会议的外交部长王毅、国防部长董军。
洪玛奈请王毅转达对中国领导人的亲切问候,祝贺中国在习近平主席和中国共产党领导下取得巨大成就,感谢中方给予柬经济社会发展全方位支持以及为柬王室治疗查体提供良好保障。洪玛奈表示,柬方视中国为最重要、最可信赖的好朋友,去年习近平主席历史性访柬有力提升两国关系发展水平。柬方高度重视两国外长、防长“2+2”战略对话机制,相信本次会议将成功举行,成为双方增进互信、促进合作的重要平台。柬方坚定不移奉行对华友好政策,坚定不移恪守一个中国原则,期待同中方密切高层交往,扩大机制性对话,深化清洁能源、农业、基础设施、人才培养等领域务实合作,推动构建新时代全天候柬中命运共同体。柬方欢迎中方企业来柬投资,坚决打击网赌电诈,愿就此同中方加强合作。柬方高度赞赏中国在国际和地区事务中发挥的积极作用,愿同中方密切在联合国等多边舞台协调配合,共同捍卫多边主义。
王毅转达中国领导人的良好祝愿,表示中柬是以心相交的真朋友、可长可久的好伙伴,两国友谊历经考验、历久弥坚,堪称铁杆、牢不可破。去年习近平主席历史性访柬,引领两国关系迈入构建新时代全天候中柬命运共同体新阶段。面对风高浪急、乱象丛生的外部环境,中柬两国比以往任何时候都更需要加强团结协作。中方将遵照习近平主席同柬领导人达成的重要共识,开好中柬外长、防长“2+2”战略对话机制首次会议,统筹发展与安全两件大事,坚守民生与人心两个根本,全力排除外部干扰,不断深化战略互信,推进全方位合作,助力各自国家的发展振兴和长治久安。
王毅说,中方愿同柬方沿着两国老一辈领导人开辟的中柬友好之路坚定不移地走下去,把命运共同体理念落实到两国关系的各方面。双方要保持高层交往,共同推进“工业发展走廊”“鱼米走廊”建设,助柬提升自主发展能力。跨境赌诈危害人民生命财产安全,要坚决打击,彻底铲除。双方要坚定在国际多边事务中相互支持,以中柬战略协作和战略韧性应对外部严峻挑战,携手维护公平正义。
董军介绍了中柬国防部门间合作情况。
洪玛奈通报柬泰边境冲突有关情况,感谢中方为推动谈判所作努力,期待中方发挥更大作用。王毅表示,中方愿继续为柬泰恢复交往、直接对话搭建更多平台。(完)
图说:4月22日,柬埔寨首相洪玛奈在金边会见出席中柬外长、防长“2+2”战略对话机制首次会议的外交部长王毅、国防部长董军。新华社发(万坡摄)