China
တရုတ်နိုင်ငံမှ ဖန့် က အာရှကမ်းခြေအားကစားပြိုင်ပွဲတွင် ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူး
ဆန်းရမြို့၊ တရုတ်နိုင်ငံ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သော ဆန်းရမြို့တွင် ကျင်းပသော ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ ပထမဆုံးရွှေတံဆိပ်ကို တရုတ်နိုင်ငံသား ဖန့်ကျွင့်ကျယ် က ယနေ့ ဧပြီ ၂၃ ရက်၌ အမျိုးသား Aquathlon (ရေကူးနှင့်အပြေး ပေါင်းစပ်ထားသောအားကစားနည်း) ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းဖြင့် ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အဆိုပါ ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲကို ဧပြီ ၂၂ ရက်တွင် ရွှေတံဆိပ် ၆၂ ခုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုအားကစားပွဲကို ဧပြီ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကာ အာရှအိုလံပစ်ကောင်စီဝင် ၄၅ နိုင်ငံမှ အားကစားသမား ၁,၈၀၀ နီးပါးက အားကစားနည်း ၁၄ မျိုးတွင် အဆိုပါရွှေတံဆိပ်များအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသော ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်း Aquathlon (ရေကူးနှင့်အပြေး ပေါင်းစပ်ထားသောအားကစားနည်း) ပြိုင်ပွဲပြီးနောက် တရုတ်နိုင်ငံမှ ဖန့်ကျွင့်ကျယ် (ယာ) နှင့် တရုတ်နိုင်ငံမှ ထိန်ယွင်ဖုန်း တို့ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသော ၆ ကြိမ်မြောက် အာရှကမ်းခြေအားကစားပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်း Aquathlon (ရေကူးနှင့်အပြေး ပေါင်းစပ်ထားသောအားကစားနည်း) ပြိုင်ပွဲအတွင်း စတင်ယှဉ်ပြိုင်နေသည့် အားကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China’s Fan lands first gold in Asian Beach Games
SANYA, China, April 23 (Xinhua) — Chinese Fan Junjie claimed the first gold medal of the 6th Asian Beach Games in Sanya, a coastal city in south China’s Hainan Province, by winning the men’s aquathlon on Thursday.
The Games opened on Wednesday with 62 gold medals up for grabs. It will run through April 30, featuring nearly 1,800 athletes from 45 members of the Olympic Council of Asia competing for the gold medals across 14 sports. ■
English Caption 1
Fan Junjie of China competes during the men’s individual of aquathlon event at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 23, 2026. (Xinhua/Pan Yulong)
English Caption 2
Fan Junjie (R) and Teng Yunfeng of China react after during the men’s individual of aquathlon event at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 23, 2026. (Xinhua/Pan Yulong)
English Caption 3
Athletes start during the men’s individual of aquathlon event at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 23, 2026. (Xinhua/Pan Yulong)
