Connect with us

China

တကယ့်လက်တွေ့ တရုတ်နိုင်ငံက ထင်ထားသည်ထက်ပင် ပို၍ ဆွဲဆောင်မှု များစွာရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တကယ့်လက်တွေ့ တရုတ်နိုင်ငံက ထင်ထားသည်ထက်ပင် ပို၍ ဆွဲဆောင်မှု များစွာရှိကြောင်း၊ ဗီဇာကင်းလွတ်ခွင့် အဆင်ပြေလွယ်ကူမှုကို ကောင်းမွန်စွာ အသုံးချကြရန် ပိုမိုများပြားသော နိုင်ငံခြားမိတ်ဆွေများအား ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်း စီးပွားရေးတန်ဖိုးသည် ယမန်နှစ်က ၉.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်း၏ နှစ်ဆကျော် ရှိပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ခရီးသွားစီးပွားရေးအုပ်စု ဖြစ်လာရန် ခန့်မှန်းထားသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC) မှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ပိုမိုများပြားသော နိုင်ငံခြား ခရီးသွားဧည့်သည်များသည် ၎င်းတို့၏ ခရီးသွားပုံစံကို ပြောင်းလဲလာကြပြီး၊ “လည်ပတ်ကြည့်ရှုရုံသက်သက်” မှ “နက်နက်ရှိုင်းရှိုင်း ကိုယ်တိုင်ပါဝင်ခံစားခြင်း” အဆင့်သို့လည်းကောင်း၊ “တရုတ်နိုင်ငံကို တွေ့ကြုံခံစားခြင်း” မှ “တရုတ်နိုင်ငံအတွင်း ပါဝင်ပေါင်းစည်းခြင်း” သို့လည်းကောင်း ပြောင်းလဲလာသည်ကို မိမိတို့ သတိပြုမိကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
ကောကျားခွန်းက လတ်တလောနှစ်များတွင် “China Travel” အကြောင်းအရာ ရေပန်းစားမှုမှာ လျော့နည်းမသွားဘဲ “လာရောက်လည်ပတ်ဖူးသူများ” မှ အပြုသဘောဆောင်သော တုံ့ပြန်ချက်များ အစဉ်မပြတ် ရရှိခဲ့ကြောင်း၊ “ဖုန်းတစ်လုံးဖြင့် တရုတ်နိုင်ငံ လည်ပတ်ခြင်း” ၏ အဆင်ပြေလွယ်ကူမှု၊ မြင့်မားသောတောင်တန်းများအကြား တစ်နေ့လျှင် မိုင်ထောင်ချီ ခရီးသွားလာနိုင်သော မြန်ဆန်အဆင်ပြေမှု၊ ညရှုခင်းကို စိတ်ချစွာ လည်ပတ်ကြည့်ရှုနိုင်သော ဘေးကင်းလုံခြုံမှုတို့သည် နိုင်ငံခြားခရီးသွားဧည့်သည်များအား မှတ်မိစွဲထင်စေခဲ့ကြောင်း၊ နောက်ဆုံးအချက်အလက်များအရ ယခုနှစ် ပထမ ၃လပတ်တွင် ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်ငံခြားသား ခရီးစဉ်အကြိမ်ရေမှာ ထပ်မံမြင့်တက်လာခဲ့ပြီး ယမန်နှစ်ကာလတူထက် ၃၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“တကယ့်လက်တွေ့ တရုတ်နိုင်ငံဟာ ထင်ထားတာထက်ကို ပိုပြီး အများကြီး ဆွဲဆောင်မှုရှိပါတယ်။ နွေဦး၊ နွေရာသီ ခရီးသွားကာလ စတင်နေပါပြီ၊ ဗီဇာကင်းလွတ်ခွင့် အဆင်ပြေလွယ်ကူမှုကို ကောင်းမွန်စွာ အသုံးချကြပြီး ရှေးခေတ်-မျက်မှောက်ခေတ် ခေတ်မီတဲ့ တရုတ်နိုင်ငံကို နက်နက်ရှိုင်းရှိုင်း လာရောက် ခံစားကြည့်ဖို့ ပိုမိုများပြားတဲ့ နိုင်ငံခြားမိတ်ဆွေတွေကို ကြိုဆိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
外交部:真实的中国远比想象中的更有魅力
新华社北京4月23日电(记者万倩仪、曹嘉玥)外交部发言人郭嘉昆23日表示,真实的中国,远比想象中的更有魅力,欢迎更多外国朋友用好免签便利。
当日例行记者会上,有记者问:世界旅游及旅行理事会发布最新数据显示,中国旅游业经济产值去年增长9.9%,是全球增速的两倍多,并预测中国有望在2030年前成为世界第一大旅游经济体。我们注意到,越来越多来华外国游客正在改变旅行方式,从“观光打卡”升级为“深度沉浸”、从“体验中国”转向“融入中国”。请问发言人对此有何评论?
郭嘉昆表示,这些年,“中国游”话题热度不减,“买家秀”好评不断。“一部手机游中国”的便利,在崇山峻岭中日行千里的快捷,放心游览夜景的安全,都给外国游客留下深刻记忆。最新数据显示,今年一季度免签入境外国人次再次上涨,同比增幅近30%。
“真实的中国,远比想象中的更有魅力。春夏旅游季已经开启,欢迎更多外国朋友用好免签便利,沉浸式感受一个既古老又现代的中国。”郭嘉昆说。(完)