China
ဝမ်ရှောင်ဟုန်နှင့် ဗြိတိန်အမျိုးသားရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Graeme Biggar တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီ ၂၃ ရက်က ဗြိတိန်အမျိုးသားရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Graeme Biggar နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် စီးပွားရေးနှင့် ဘဏ္ဍာရေး ရာဇဝတ်မှုများ၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးစသည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့စသည့် ဘက်ပေါင်းစုံမူဘောင်များအတွင်း လှုပ်ရှားမှု ညှိနှိုင်းဆောင်ရွက်ခြင်းအား မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးစွမ်းဆောင်ရည်များ အားကောင်းစေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်မှုများ တည်ဆောက်ရန်၊ တရုတ်-ဗြိတိန် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း အစဉ်မဆက်ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးသုခများကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Graeme Biggar က တရုတ်နိုင်ငံနှင့် နီးကပ်သော ဆွေးနွေးညှိနှိုင်းမှုကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အတူတကွမြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
王小洪会见英国国家打击犯罪总局总局长格雷姆·比格
新华社北京4月23日电(记者曹嘉玥)国务委员、公安部部长王小洪23日在京会见英国国家打击犯罪总局总局长格雷姆·比格。
王小洪表示,中方愿同英方在两国领导人战略指引下,深化打击经济金融犯罪、电信网络诈骗、非法移民活动和禁毒等领域务实合作,加大在联合国、国际刑警组织等多边框架下的行动协调力度,加强执法能力建设合作和经验交流,不断推动中英执法合作深入发展,共同守护两国人民福祉。
格雷姆·比格表示,愿同中方保持密切沟通,共同提升两国执法合作水平。(完)
图说:4月23日,国务委员、公安部部长王小洪在北京会见英国国家打击犯罪总局总局长格雷姆·比格。 新华社记者 刘彬 摄
