China
ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တွေ့ဆုံဆွေးနွေး
ဖနွမ်းပင်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့သည် ဧပြီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပခဲ့ခြင်းကို ဂုဏ်ပြုခဲ့ပြီး ကမ္ဘောဒီးယားဘက်က ယင်းအတွက် ကြိုးပမ်းမှုများကို တန်ဖိုးထားချီးကျူးကြောင်း ဆိုခဲ့သည်။
မတည်ငြိမ်၍ ပြောင်းလဲရှုပ်ထွေးမှုများ ရောယှက်နေသည့် နိုင်ငံတကာအခြေအနေနှင့် ဆက်တိုက်ပေါ်ထွက်နေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်စီမံရာတွင် တရုတ်-ကမ္ဘောဒီးယားက အေးအတူ ပူအမျှ အသိုက်အဝန်းအနေဖြင့် “၂+၂” မဟာဗျူဟာမြောက် ဆွေးနွေးမှုယန္တရား စတင်ခြင်းသည် အချိန်သင့်အခါသင့်ဖြစ်ကြောင်း၊ ယခုအကြိမ်အစည်းအဝေးသည် အကြောင်းအရာပြည့်ဝပြီး အရေးကြီးသဘောတူညီချက်များရရှိခဲ့ရာ တရုတ်-ကမ္ဘောဒီးယား မဟာဗျူဟာမြောက် ညှိနှိုင်းမှုကို တွန်းအားပေးရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုအား နက်ရှိုင်းစေရန် အင်တိုက်အားတိုက် ဖော်ဆောင်လိုက်ကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အပြန်အလှန်၏ ရေရှည် ယုံကြည်အားထားရသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ခိုင်မြဲစွာလုပ်ဆောင်ရန် အတည်ပြုခဲ့ကြပြီး တရုတ်-ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရေးကို တစ်ဆင့်တိုး တွန်းအားပေးကာ နှစ်ဖက်က အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအတွက် အနှစ်သာရအသစ် ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားဘက်နှင့်အတူ သမ္မတ ရှီကျင့်ဖိန်၏ ယမန်နှစ် ကမ္ဘောဒီးယားနိုင်ငံခရီးစဉ် ရလဒ်၊ ကမ္ဘောဒီးယားအကြီးအကဲနှင့် ရရှိထားသော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုကို စုစည်းစီမံဖော်ဆောင်ရန်၊ နှစ်နိုင်ငံ ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဖော်ဆောင်ရန်၊ “စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုစင်္ကြံ” ၊ “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်းစင်္ကြံ” တည်ဆောက်မှုကို အဓိကထားမြှင့်တင်ရန်၊ အစိမ်းရောင်လုပ်ငန်း၊ စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ လူငယ် စသည့်ကဏ္ဍများ၌ ဖလှယ်မှုကို တိုးချဲ့ရန်၊ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒအခြေခံအား ခိုင်မြဲစေရန် ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံမှုနှင့်စပ်လျဉ်းနေရာ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုဖြင့် အားဖြည့်၍ အဆိုပါ အဆိပ်အမြစ်ပွားများကို ခိုင်ခိုင်မာမာ ပြည့်ပြည့်ဝဝ အမြစ်ဖြတ်ရှင်းလင်းရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် “အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်(TAC)” လက်မှတ်ရေးထိုးခြင်း နှစ် ၅၀ ပြည့်နှင့် တရုတ်-အာဆီယံ ဆွေးနွေးမှုဆက်ဆံရေး ထူထောင်မှု ၃၅ နှစ်ပြည့်မြောက်ခြင်းအား အခါအခွင့်အဖြစ်ထားရှိကာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စသည့် နိုင်ငံစုံယန္တရားများအောက်တွင် ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိနည်းလမ်းဖြင့် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက် အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ရာ ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်ချိတ်ဆက်မှုအတွက် ပိုမိုများပြားသော ပလက်ဖောင်း ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Prak Sokhonn က ကမ္ဘောဒီးယား-တရုတ် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာ ဆွေးနွေးမှုယန္တရားအစည်းအဝေး အောင်မြင်စွာကျင်းပမှုသည် နှစ်ဖက်နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်လိုက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက်လည်း အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးစွာ ဆင့်ကဲပြောင်းလဲနေသည့် အခြေအနေအောက်တွင် ကမ္ဘောဒီးယား-တရုတ် နိုင်ငံရေးလုံခြုံမှု၊ ကာကွယ်ရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် ပြည်သူများစိတ်နှလုံးတွင် အမြစ်တွယ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ကြဉ်းပေးလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် တရုတ်နိုင်ငံက အခြေခံအဆောက်အဦတည်ဆောက်ရေး၊ သန့်ရှင်းစွမ်းအင်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဘဏ္ဍာရေး စသည့်ကဏ္ဍများ၌ ကမ္ဘောဒီးယားအတွက် အဖိုးတန်သော ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ဘက်နှင့်အတူ ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်နက်ရှိုင်းစေကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုများကို ပြတ်သားစွာတိုက်ဖျက်သွားလိုကြောင်း၊ ပြည်ပနှောင့်ယှက်မှုများကို အတူခုခံကာကွယ်ကာ ကိုယ်စီနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းပြီး ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုများပြားသောရလဒ်များရရှိရန် တွန်းအားပေးလိုကြောင်း ၎င်းကပြောကြားခဲ့သည်။
Prak Sokhonn က ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ဒေသ ပဋိပက္ခအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ကြိုးပမ်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်က အတူတကွဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
王毅同柬埔寨副首相兼外交大臣布拉索昆会谈
新华社金边4月23日电(记者吴长伟)中共中央政治局委员、外交部长王毅23日在金边同柬埔寨副首相兼外交大臣布拉索昆举行会谈。
王毅祝贺中柬外长、防长“2+2”战略对话机制首次会议取得成功,赞赏柬方为此所作的努力。王毅表示,面对变乱交织的国际形势和接踵而来的全球性挑战,中柬作为命运共同体启动“2+2”战略对话机制正当其时。此次会议内容丰富,达成重要共识,有力推进中柬战略协调,深化战略互信。双方确认坚定做彼此长期可靠的好朋友好伙伴,将进一步推动中柬全面战略合作伙伴关系迈上新台阶,为双方共建命运共同体增添新内涵。
王毅说,中方愿同柬方一道,落实好习近平主席去年访柬成果及同柬领导人达成的重要共识,统筹推进发展与安全,深化两国全方位合作,重点加强“工业发展走廊”、“鱼米走廊”建设,扩大绿色产业、农产品贸易、金融、青年等领域交流,夯实中柬友好民意基础。打击网赌电诈关乎人民群众生命财产安全,要持续合作发力,坚决彻底铲除这一毒瘤。双方要以《东南亚友好合作条约》签署50周年和中国东盟建立对话关系35周年为契机,加强在中国-东盟合作、澜湄合作等多边机制下协调配合。中方将以自己的方式持续为柬泰双方重建互信、转圜关系而努力,愿为柬泰直接沟通提供更多平台。
布拉索昆表示,柬中外长、防长“2+2”战略对话机制会议的成功召开增进了双方政治互信,也为深化两国合作发挥重要作用。在国际形势复杂演变背景下,柬中加强政治安全、防务安全合作具有重要意义。柬中友好深入人心,造福两国人民。柬方感谢中方在基础设施建设、清洁能源、农业和金融等领域为柬提供宝贵支持,愿同中方持续深化各领域合作,坚决打击网赌电诈,共同抵御外部干扰,维护各自主权、安全和发展利益,推动构建新时代全天候柬中命运共同体取得更多成果。布拉索昆介绍了柬泰边境冲突情况,感谢中方斡旋努力,期待中方发挥更大作用。
双方还就共同关心的国际和地区问题交换了意见。(完)
图说:4月23日,中共中央政治局委员、外交部长王毅在金边同柬埔寨副首相兼外交大臣布拉索昆举行会谈。 新华社发(万坡摄)
