China
တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ၏ ပထမအသုတ် နိုင်ငံခြားသား အာကာသယာဉ်မှူး ရွေးချယ်ရေးလုပ်ငန်းပြီးစီး၊ ပါကစ္စတန်နိုင်ငံသား နှစ်ဦး နောက်ဆုံးရွေးချယ်ခံရ
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ၏ ပထမအသုတ် နိုင်ငံခြားသား အာကာသယာဉ်မှူး ရွေးချယ်ရေးလုပ်ငန်းသည် ဧပြီလ လဆန်းပိုင်းတွင် ပြီးစီးခဲ့ရာ ပါကစ္စတန်နိုင်ငံသားနှစ်ဦးဖြစ်သည့် Muhammad Zeeshan Ali နှင့် Khurram Daud တို့ နောက်ဆုံးတွင် ရွေးချယ်ခံရကြောင်း သိရသည်။
လတ်တလောရက်ပိုင်းတွင် ၎င်းတို့သည် အရန်အာကာသယာဉ်မှူးအနေဖြင့် တရုတ်နိုင်ငံသို့လာရောက်ကာ လေ့ကျင့်မှုလုပ်ဆောင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုအသီးသီးလုပ်ဆောင်ပြီးကာ အရည်အချင်းစစ်ဆေးမှု အောင်မြင်ပြီးနောက် ၎င်းတို့အနက်တစ်ဦးသည် Payload ကျွမ်းကျင်သူ အနေဖြင့် ပျံသန်းမှုမစ်ရှင်၌ ပါဝင်၍ တရုတ်အာကာသစခန်းအား ဝင်ရောက်သည့် ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်ကြောင်း CMSA ရုံးခန်း၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-ပါကစ္စတန်က ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်၌ “ပါကစ္စတန် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်၍ တရုတ်အာကာသစခန်း ပျံသန်းမှုမစ်ရှင်၌ ပါဝင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” အား လက်မှတ်ရေးထိုးခဲ့ပြီး မကြာမီတွင်ပင် ပါကစ္စတန် အာကာသယာဉ်မှူး ရွေးချယ်ရေးလုပ်ငန်းကို စတင်ခဲ့သည်။ ပဏာမရွေးချယ်မှု၊ ထပ်မံရွေးချယ်မှု၊ အဆုံးသတ်ရွေးချယ်မှု အဆင့်သုံးဆင့်ဖြင့် တင်းကျပ်စွာစိစစ်ခြင်းနှင့် ရွေးချယ်အတည်ပြုခြင်းပြီးနောက် နောက်ဆုံးတွင် ပါကစ္စတန် အရန်အာကာသယာဉ်မှူးနှစ်ဦးကို ရွေးချယ်ခဲ့သည်။
ယခုအကြိမ် ပါကစ္စတန်ဘက်အတွက် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ပေးခြင်းသည် တရုတ်နိုင်ငံ အာကာသ သမိုင်းတွင် မှတ်ကျောက်တင်ထိုက်သော အနက်အဓိပ္ပာယ်ရှိပြီး တရုတ်အာကာသစခန်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အမှတ်သင်္ကေတပြုဖွယ်ရလဒ်ဖြစ်သလို တရုတ်-ပါကစ္စတန် အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက အာကာသကဏ္ဍတွင် အကောင်အထည်ဖော်သည့် နောက်ထပ်အောင်မြင်သော စံပြနမူနာတစ်ခုဖြစ်ရာ တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အာကာသလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုရလဒ်အား မျှဝေလိုသည့် တံခါးဖွင့်လှစ်ထားသော သဘောထားကို အပြည့်အဝထင်ဟပ်စေကြောင်း မိတ်ဆက်ပြောကြားမှုအရ သိရသည်။
အာကာသအား ငြိမ်းချမ်းစွာအသုံးပြုခြင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးအား အကျိုးပြုခြင်းသည် တရုတ်နိုင်ငံက အာကာသလုပ်ငန်းတိုးတက်ရေးကို အင်တိုက်အားတိုက်ဖော်ဆောင်ခြင်း၏ ကနဦးရည်မှန်းချက် အစဉ်အမြဲဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသလုပ်ငန်းသည် အစဉ်အမြဲ တံခါးဖွင့်လှစ်ထားပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တရုတ်အာကာသစခန်း၏ သိပ္ပံနည်းကျစမ်းသပ်မှု၊ နည်းပညာစမ်းသပ်မှုနှင့် အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်မှု စသည့်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာပါဝင်ရန်၊ စကြဝဠာအပေါ် လူသားမျိုးနွယ်၏ နားလည်သိရှိမှုကို အတူတိုးချဲ့ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် အတူလက်တွဲ၍ ဉာဏ်ပညာအင်အား ဆောင်ကြဉ်းပေးရန် ကြိုဆိုလျက်ရှိပေသည်။ (Xinhua)
——————
(Chinese Version)
中国载人航天工程首批外籍航天员选拔工作顺利完成 2名巴基斯坦籍候选对象最终入选
新华社北京4月22日电(李国利、邓孟)中国载人航天工程首批外籍航天员选拔工作于4月上旬结束,2名巴基斯坦籍候选对象穆罕默德·齐尚·阿里(Muhammad Zeeshan Ali)和胡拉姆·达乌德(Khurram Daud)最终入选。
据中国载人航天工程办公室介绍,近日,他们将作为预备航天员来华参加训练,在完成各项训练并通过考核后,其中1人将以载荷专家身份参加飞行任务,成为首位进入中国空间站的外籍航天员。
2025年2月,中巴在伊斯兰堡签署《关于选拔、训练巴基斯坦航天员并参与中国空间站飞行任务的合作协议》,随即正式启动巴基斯坦航天员选拔工作。经过初选、复选、定选三个阶段的严格筛选和评定,最终选拔出2名巴基斯坦预备航天员。
据介绍,本次为巴方选拔训练航天员,在中国航天史上具有里程碑意义,是中国空间站国际合作的标志性成果,也是中巴全天候战略合作伙伴关系在航天领域落地落实的又一成功范例,充分彰显了中国政府愿与国际社会分享航天发展成果的开放态度。
和平利用太空、造福全人类,始终是中国大力发展航天事业的初心使命。中国载人航天将始终敞开大门,欢迎世界各国积极参与中国空间站的科学实验、技术试验和航天员选拔训练等领域合作,共同拓展人类对宇宙的认知,携手为构建人类命运共同体贡献智慧力量。(完)
图说:这是4月16日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员武飞在舱外工作的画面。新华社发(张帆 摄)
