Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်က ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် အားကိုးအားထားပြုရာ အင်အားစုတစ်ရပ်ဖြစ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် အများပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ်ပေးထားသည့် အခမ်းအနား၌ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်သင်္ဘော ဖုယန်ပေါ်သို့ လာရောက်လေ့လာနေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် ဖွဲ့စည်းတည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် အခါသမယ၌ ယင်း၏ ခေတ်မီတိုးတက်မှုကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသူအဖြစ်လည်းကောင်း၊ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် အများအကျိုးဆောင်သူအဖြစ်လည်းကောင်း ပိုမိုအရေးပါ၍ ပိုမိုအားကောင်းသော အခန်းကဏ္ဍမှ ပါဝင်လာမှုကိုလည်း မုချ အသိအမှတ်ပြုရမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် ကာကွယ်ရေး သဘောသဘာဝရှိသည့် အမျိုးသားကာကွယ်ရေးမူဝါဒတို့ကို တစ်သဝေမတိမ်း လက်ကိုင်ပြုလျက် ကျယ်ကျယ်ပြန့်ပြန့်ရှိ၍ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော ဘုံလုံခြုံရေး မျှော်မှန်းချက်ကို ရပ်တည်ကာကွယ်လျက်ရှိပေသည်။ တရုတ်ရေတပ်အနေဖြင့်လည်း အဆိုပါ မူဘောင်အတွင်းမှပင် ပင်လယ်ရေကြောင်း စည်းစနစ်နှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပထဝီနိုင်ငံရေး ပဋိပက္ခများ အရှိန်မြင့်တက်လာခြင်းကြောင့် တည်ငြိမ်မှုအားနည်းနေသော ကမ္ဘာကြီးတွင် တရုတ်ရေတပ်သည် ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို အစဉ်တစိုက် မြှင့်တင်ဖော်ဆောင်ခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း တရုတ်ရေတပ်၏ ခိုင်မာသော လုပ်ဆောင်ချက်များက ထိုအချက်အား ပေါ်လွင်စွာ ညွှန်ပြနိုင်ပေလိမ့်မည်။
အထင်ရှားဆုံး သာဓကများအနက် တစ်ခုမှာ အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာ ကမ်းလွန်တို့၌ ပင်လယ်ဓားပြရန်မှ ကာကွယ်စောင့်ရှောက်ပေးသော တရုတ်နိုင်ငံ၏ မစ်ရှင်ဆောင်ရွက်မှုများပင်ဖြစ်သည်။ အဆိုပါ ဒေသများသို့ ၂၀၀၈ ခုနှစ်တွင် ဖြန့်ကြက်စေလွှတ်ခဲ့ချိန်မှစ၍ တရုတ်ရေတပ်သင်္ဘောများသည် ပုံမှန် ကာကွယ်စောင့်ရှောက်ရေးတာဝန်များ ထမ်းဆောင်ခဲ့ရာ တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ သင်္ဘော အစင်းရေ ၇,၃၀၀ ကျော်ကို အကျိုးပြုနိုင်ခဲ့သည်။ ယင်းသည် အလွန်အရေးပါသော နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများကို အကာအကွယ်ပေးရာတွင် တရုတ်ရေတပ်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြလျက်ရှိသည်။
တရုတ်ရေတပ်အနေဖြင့် လုံခြုံရေးဆောင်ရွက်မှုများအပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရည်ရွယ်သော နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ဥပမာဆိုရသော် တရုတ်ရေတပ်သင်္ဘောများက စစ်ဒဏ်သင့်နိုင်ငံအချို့မှ တရုတ်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများအား ရွှေ့ပြောင်းကယ်ဆယ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သလို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် နိုင်ငံအများအပြားအတွက်လည်း အကူအညီပစ္စည်းများ ပေးပို့ခဲ့သည်။

အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုအရ ကျန်းမာရေးစောင့်ရှောက်မှု‌များပေးခြင်းမှာ တရုတ်ရေတပ်၏ ထင်ရှားသော ဝိသေသလက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။ တရုတ်ရေတပ်မှ ဆေးရုံသင်္ဘောများသည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်သို့ သွားရောက်ကာ လူပေါင်း ၄၀၀,၀၀၀ ခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။ ထိုကဲ့သို့ ကြိုးပမ်းမှုများမှာ ဒေသခံလူထု၏ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းခံခဲ့ရသည့်အတွက် ငြိမ်းချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် စိတ်ရင်းစေတနာထားမှုတို့ကို ဖော်ညွှန်းနေသော အမှတ်သင်္ကေတများနှင့် လုပ်ဆောင်ချက်များဖြစ်ပေသည်။

ထို့ပြင် တရုတ်ရေတပ်က ဆိပ်ကမ်းများ၌ ဆိုက်ကပ်ရပ်နားခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုကိုလည်း ချဲ့ထွင်ခဲ့သည်။ တရုတ်ရေတပ်က ပြည်ပမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ ၃၀၀ ကျော်ကို လက်ခံတွေ့ဆုံခဲ့သလို တရုတ်ရေတပ်သင်္ဘောများကလည်း နိုင်ငံပေါင်း ၉၀ ကျော်သို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် လေ့ကျင့်ရေးလုပ်ဆောင်မှုများက အပြန်အလှန်ယုံကြည်မှုနှင့် စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးခဲ့ရာ ထိုသို့သော ကူးလူးဆက်ဆံမှုများက ပိုမိုတည်ငြိမ်သော ပင်လယ်ရေကြောင်းလုံခြုံရေး ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ရာတွင် အထောက်အကူပေးလျက်ရှိသည်။

တရုတ်ရေတပ်အနေဖြင့် ယင်း၏ နိုင်ငံတကာတာဝန်ဝတ္တရားများကို တက်ကြွစွာထမ်းဆောင်ခြင်း၊ နိုင်ငံတကာရေလမ်းကြောင်းများ၏ လုံခြုံရေးကို အကာအကွယ်ပေးခြင်းနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် အများအကျိုး ပိုမိုထမ်းဆောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ပင်လယ်သမုဒ္ဒရာများသည် လူသားတို့၏ အသက်ရှင်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့်နည်းတူ နိုင်ငံအသီးသီးမှ ပြည်သူများကိုလည်း အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် ပေါင်းစည်းချိတ်ဆက်ပေးလျက်ရှိသည်။ တရုတ်ရေတပ်၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် မစ်ရှင်များမှာ ပင်လယ်ရေကြောင်းဆိုင်ရာ အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်းနှင့်အတူ ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှု မြှင့်တင်ရန် ရည်ရွယ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် အပါအဝင် တရုတ်နိုင်ငံ၏ အစီအမံများ၊ မျှော်မှန်းချက်များနှင့်လည်း ကိုက်ညီမှုရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260423/20144a0852374a2b9979fcea1a0e87af/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် အများပြည်သူများ လေ့လာနိုင်ရန် ရေတပ်သင်္ဘောများအား ဖွင့်လှစ်ပေးထားသည့် အခမ်းအနား၌ ပါဝင်လေ့လာနေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က ဝေဟင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် တုန်းရင်မြို့တွင် အများပြည်သူများ လေ့လာနိုင်ရန် ရေတပ်သင်္ဘောများအား ဖွင့်လှစ်ပေးထားသည့် အခမ်းအနား၌ ပါဝင်လေ့လာနေသူများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
China’s navy a solid force for maritime security and peace
BEIJING, April 23 (Xinhua) — On the 77th anniversary of the founding of the Chinese People’s Liberation Army Navy, it is essential to recognize this force not merely for its development, but also for its important and growing role as a guardian of world peace and a provider of maritime public security services.
China has adhered to a path of peaceful development and a national defense policy that is defensive in nature, championing the vision of common, comprehensive, cooperative and sustainable security. Within this framework, the navy plays a vital role in maintaining maritime order and security.
In a turbulent world marked by intensifying geopolitical conflicts, the Chinese navy has consistently promoted peace, cooperation and friendship. This can be manifested by the concrete actions of the Chinese navy over the years.
One of the most notable examples is Chinese anti-piracy escort missions in the Gulf of Aden and off the coast of Somalia. Since 2008, Chinese naval ships deployed to these regions have carried out regular protection operations, benefiting more than 7,300 Chinese and foreign ships. This underscores the role of the Chinese navy in protecting critical international trade routes.
Besides security operations, the Chinese navy has played an active part in international efforts aimed at emergency evacuations and disaster relief. For example, Chinese naval ships participated in evacuations of Chinese citizens and foreign nationals from some war-torn countries. They have also delivered aid to multiple countries hit by natural disasters.
Humanitarian medical services, notably, have become a hallmark of the Chinese navy. China’s naval hospital ships have visited more than 50 countries and regions and provided health services to around 400,000 people. These efforts have been widely welcomed by local populations, serving as acts and symbols of peace, friendship and goodwill.
The Chinese navy has also expanded its international engagement through port visits and joint exercises. The Chinese navy has hosted over 300 foreign naval delegations, and its vessels have visited more than 90 countries. Joint exercises and training operations have enhanced mutual trust and operational cooperation. Such exchanges help contribute to a more stable maritime security environment.
The Chinese navy will continue to actively shoulder its international responsibilities, safeguard the security of international waterways, and provide more public goods for maritime security.
Oceans are vital to human survival and development and connect peoples of different countries into a community with a shared future. The activities and missions of the Chinese navy align with China’s initiatives and visions, including the Belt and Road Initiative that aims to promote connectivity, cooperation and exchange, along with the joint building of a maritime community with a shared future.
https://english.news.cn/20260423/20144a0852374a2b9979fcea1a0e87af/c.html
English Caption 1
People visit Chinese People’s Liberation Army (PLA) Navy ship Fuyang during an open-ship event in east China’s Shanghai, April 21, 2026. (Xinhua/Fang Zhe)
English Caption 2
This aerial drone photo taken on April 23, 2026 shows people participating in a navy open-day event in Qingdao, east China’s Shandong Province.. (Photo by Li Fengxiang/Xinhua)
English Caption 3
People participate in a navy open-day event in Dongying, east China’s Shandong Province, April 21, 2026. (Photo by Wang Guangjie/Xinhua)