Connect with us

China

တရုတ် AI မော်ဒယ်များက ကမ္ဘာတစ်ဝန်းတွင် လူကြိုက်အများဆုံး Open-source ဖြေရှင်းမှုနည်းလမ်းများ ဖြစ်လာကြောင်း ရုရှားမီဒီယာ ဖော်ပြ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၊ ဟိုင်ခိုမြို့ရှိ ဟိုင်နန် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ ကျင်းပသော ၆ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲတစ်နေရာရှိ AI အခင်းအကျင်းရှေ့မှ ဖြတ်လျှောက်သွားသူများအား ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဉာဏ်ရည်တု (AI) မော်ဒယ်များသည် ကမ္ဘာတစ်ဝန်းတွင် လူကြိုက်အများဆုံး Open-source ဖြေရှင်းမှုနည်းလမ်းများ ဖြစ်လာခဲ့ပြီး နိုင်ငံတကာကျော်ကြားသည့် Open-source ပလက်ဖောင်းဖြစ်သော “Hugging Face” တွင် တရုတ် Open-source AI မော်ဒယ် ဒေါင်းလုတ်ယူမှု ပမာဏသည် အမေရိကန်မော်ဒယ်များကို ကျော်လွန်သွားပြီဖြစ်ရာ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်မှု အင်အား အခင်းအကျင်း ပြောင်းလဲနေမှုကို ထင်ဟပ်နေကြောင်း ရုရှားနိုင်ငံ mainstream media ဖြစ်သော “Rossiyskaya Gazeta” ဝက်ဘ်ဆိုက်၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံသည် Open-source ဂေဟစနစ်ကို အစဉ်အမြဲ ဦးစားပေးဖွံ့ဖြိုးတိုးတက်စေခဲ့ရာ ယင်းမှာ တရုတ် AI မော်ဒယ်များကို စီမံကိန်းအမျိုးမျိုးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ရုရှားနိုင်ငံ Higher School of Economics တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Dmitry Soshnikov ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။ မကြာသေးမီနှစ်များအတွင်း တရုတ် AI မော်ဒယ်များသည် နည်းပညာနယ်ပယ်တွင် အရှိန်မြင့် ကျော်တက်သွားပြီး အဆိုပါကဏ္ဍ၌ ယှဉ်ပြိုင်မှုအလွန်အမင်းအားကောင်းသော အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
လက်ရှိတွင် တရုတ်နှင့် အမေရိကန်သည် AI ယှဉ်ပြိုင်မှု၏ အဓိကပါဝင်သူများဖြစ်ကြောင်း၊ အဆင့်မြင့်လေ့ကျင့်ရေးပစ္စည်းများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သော်လည်း တရုတ်နိုင်ငံသည် တွက်ချက်မှု စွမ်းဆောင်ရည်ကို ကျွမ်းကျင်စွာ မြှင့်တင်ခြင်းဖြင့် အရည်အသွေးတူညီသော မော်ဒယ်များကို လေ့ကျင့်ပေးလျက်ရှိကြောင်း Soshnikov က ပြောကြားခဲ့သည်။
Open-source မော်ဒယ်များကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ပေးခြင်းသည် လုပ်ငန်းသစ်များ စတင်ထူထောင်ရန် အခက်အခဲများကို လျော့ကျစေခဲ့ကြောင်း၊ တရုတ် AI မော်ဒယ်များသည် ၎င်းတို့၏ တံခါးဖွင့်လှစ်မှုနှင့် မြင့်မားသည့် ထိရောက်မှုများဖြင့် လုပ်ငန်းဆိုင်ရာ လက်တွေ့အသုံးချမှုများ စုစည်းခြင်း စသည့်ကဏ္ဍများအား မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပညာရှင်များက ယူဆကြသည်။ (Xinhua)
………………………
(Chinese Version)
全球瞭望|俄媒:中国AI模型已成为全球最受欢迎开源解决方案
新华社莫斯科4月22日电(记者包诺敏)俄罗斯主流媒体《俄罗斯报》网站日前刊文说,中国人工智能(AI)模型已成为全球最受欢迎的开源解决方案,在国际知名开源平台“抱抱脸”(Hugging Face)上,中国开源AI模型下载量已超过美国模型,这反映出全球AI发展力量格局正发生转变。
报道援引俄罗斯国立高等经济大学副教授德米特里·索什尼科夫的话说,中国一直以来优先发展开源生态,这是中国AI模型被广泛应用于各类项目的重要原因。近年来,中国AI模型在技术层面加速赶超,已成为该领域极具竞争力的力量。
索什尼科夫表示,当前中国与美国是AI竞赛的主要参与者。尽管在先进训练设备方面仍面临挑战,但中国正通过巧妙提高计算效率,训练出质量相当的模型。
专家认为,开源模型的普及降低了创业门槛。中国AI模型凭借其开放性与高效性,在推动行业应用集成等方面发挥重要作用。(完)
图说:4月14日,人们走过第六届消博会主会场海南国际会展中心一处AI主题布景。新华社记者 辛悦卫 摄