Connect with us

China

ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ ဟွန်ဆင်နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်တို့ ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်နှင့် ဧပြီ ၂၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဟွန်ဆင်က သမ္မတ ရှီကျင့်ဖိန်ထံသို့ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့သလို ကမ္ဘောဒီးယား-တရုတ် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေး အပြည့်အဝ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအား ဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အရင်းနှီးဆုံး၊ ယုံကြည်အားထားရဆုံးသော မိတ်ဆွေဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာပတ်ဝန်းကျင် မည်သို့ပင် ပြောင်းလဲစေကာမူ ကမ္ဘောဒီးယားပြည်သူ့ပါတီနှင့် အစိုးရသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောမူဝါဒ လက်ကိုင်ထားကျင့်သုံးသည့် သန္နိဋ္ဌာန်ကို ပြောင်းလဲမည် မဟုတ်သလို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် သန္နိဋ္ဌာန်မှာလည်း ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်သွားရန်၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများ နီးနီးကပ်ကပ်ရှိစေရန်၊ နိုင်ငံရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန်၊ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန်၊ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှု ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရေးအား သေချာစေရန်၊ ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းအား မြှင့်တင်ဆောင်ရွက်ရာတွင် အောင်မြင်မှုရလဒ်သစ်များ စဉ်ဆက်မပြတ် ရရှိရန် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများသည် နိုင်ငံအသီးသီးပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရာ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆုံးထိ တိုက်ဖျက်နှိမ်နှင်းသွားရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားလိုကြောင်း ဟွန်ဆင်က ပြောကြားခဲ့သည်။

ဝမ်ရိက ဟွန်ဆင်ထံသို့ သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့ရာ မကြာမီရက်ပိုင်းက အဆွေတော်၏ ပေကျင်းခရီးစဉ်သည် တရုတ်-ကမ္ဘောဒီးယား အစဉ်အလာချစ်ကြည်ရေးအား ဆက်ခံ၍ မြှင့်တင်ဆောင်ရွက်ရန် ရှင်းလင်းပြတ်သားသည့်သဘောထားနှင့် ခိုင်မာသည့်သဘောဆန္ဒကို ပြင်ပသို့ ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲ၏ ဂရုစိုက်မှုနှင့် ပံ့ပိုးမှုအောက်တွင် ယမန်နေ့က တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” မဟာဗျူဟာ တွေ့ဆုံဆွေးနွေးမှု ယန္တရား ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့ရာ ဘုံသဘောတူညီချက်များ ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကိုယ်စီ ပင်မအကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရာတွင် အခိုင်အမာ ထောက်ခံအားပေးရန်၊ ဘက်စုံထောင့်စေ့ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ မြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများတွင် နီးနီးကပ်ကပ်ရှိစေရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါယန္တရားသည် နှစ်ဖက် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာအားကောင်းစွာ မြှင့်တင်ပေးပြီး တရုတ်-ကမ္ဘောဒီးယား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအတွက် အဓိကဆောင်ရွက်ချက်သစ်များကို ပံ့ပိုးပေးမည်ဟုလည်းကောင်း၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အနှစ်သာရအသစ် ဖြည့်တင်းပေးမည်ဟုလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းရေးရာစိန်ခေါ်မှုများကို နှစ်ဖက်လက်တွဲတုံ့ပြန်မှုအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟုလည်းကောင်း စသဖြင့် ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဖက်အနေဖြင့် အရေးကြီးသည့် နိုင်ငံတကာနှင့်ဒေသတွင်းအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့သည်။

အဆိုပါ ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
——————
(Chinese Version)
柬埔寨代理国家元首洪森会见王毅
新华社金边4月23日电(记者吴长伟)中共中央政治局委员、外交部长王毅23日在金边会见柬埔寨代理国家元首、参议院主席洪森。
洪森请王毅转达对习近平主席的诚挚问候,祝贺柬中外长、防长“2+2”战略对话机制首次会议取得圆满成功,表示中国是柬最亲密、最信赖的朋友。不管国际环境如何变化,柬人民党和政府奉行友华政策的决心不变,坚定推进对华合作的决心不变,愿同中方加强战略沟通,密切战略合作,维护政治安全,增强经济韧性,确保柬中友好代代相传,推动柬中命运共同体不断取得新成果。网赌电诈危害各国人民生命财产安全和柬国家形象,柬方已下定决心打击到底,愿同中方继续密切合作。
王毅转达习近平主席对洪森的亲切问候,表示阁下日前北京之行对外发出传承弘扬中柬传统友谊的明确态度和坚定意愿。在两国领导人关心支持下,昨天中柬外长、防长“2+2”战略对话机制首次会议成功召开,达成广泛共识。我们都同意坚定支持对方维护核心利益,深入推进全方位合作,加强执法与防务合作,密切多边协调配合,相信机制将有力增进双方战略互信,为中柬全面战略合作伙伴关系提供新的抓手,为新时代全天候中柬命运共同体建设注入新的内涵,为双方携手应对全球和地区性挑战发挥重要作用。
双方还就重大国际和地区形势深入交换意见。
访问期间,王毅还会见了柬埔寨首相洪玛奈并同柬副首相兼外交大臣布拉索昆举行了会谈。(完)
1. 4月23日,中共中央政治局委员、外交部长王毅在金边会见柬埔寨代理国家元首、参议院主席洪森。 新华社发(万坡摄)