Eastern Europe
ရုရှားနှင့် ယူကရိန်းက နှစ်နိုင်ငံပဋိပက္ခတွင်း ဖမ်းဆီးခံခဲ့ရသည့် အကျဉ်းသား ၁၉၃ ဦးစီကို အပြန်အလှန်လဲလှယ်
မော်စကို/ကိဗ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံက နှစ်နိုင်ငံပဋိပက္ခတွင်း ဖမ်းဆီးခံခဲ့ရသည့် အကျဉ်းသား ၁၉၃ ဦးစီကို ဧပြီ ၂၄ ရက်၌ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းစစ်သည် ၁၉၃ ဦးနှင့် လဲလှယ်သောအားဖြင့် ရုရှားစစ်သည် စုစုပေါင်း ၁၉၃ ဦးမှာ ယူကရိန်းအစိုးရထိန်းချုပ်ထားသည့် နယ်မြေမှ ပြန်ရောက်လာခဲ့ကြကြောင်း၊ လွတ်မြောက်လာသည့် ရုရှားစစ်သည်များမှာ လက်ရှိတွင် ဘီလာရုစ်နိုင်ငံ၌ ဆေးဘက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ ရယူလျက်ရှိကြောင်း၊ ထို့နောက် ၎င်းတို့အား ဆက်လက်ကုသရေးနှင့် ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးအတွက် ရုရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါအကျဉ်သားလဲလှယ်မှုကို အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အမေရိကန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြားဝင်စေ့စပ်ပေးမှုဖြင့် အဆင်ပြေချောမွေ့စေခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းစစ်သားများအား ပြန်လည်ရောက်ရှိလာခြင်းကိုလည်း ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ထိုနေ့၌ပင် အတည်ပြုခဲ့ပြီး အဆိုပါပြန်လွှတ်ပေးခဲ့သည့် စစ်သည်များတွင် ဒဏ်ရာရစစ်သည်များနှင့် ရုရှားဘက်မှ အမှုဖွင့်ထားသူများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အကျဉ်းသားလဲလှယ်မှုမှာ ၂၀၂၂ ခုနှစ် မတ်မှစ၍ နှစ်ဖက်အကြား ၇၃ ကြိမ်မြောက် အကျဉ်းသားလဲလှယ်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

ယူကရိန်းနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်လာသော စစ်သားတစ်ဦးကို ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်လာသည့် ဆွေမျိုးများအား လာရောက်စောင့်ဆိုင်းနေကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်လာသည့် ဆွေမျိုးများအား လာရောက်စောင့်ဆိုင်းနေကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဧရိယာရှိ ဆေးရုံတစ်ရုံတွင် ဆွေမျိုးနှင့် ပွေ့ဖက်နှုတ်ဆက်နေသည့် လွတ်မြောက်လာသော ယူကရိန်းအကျဉ်းသားတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဧရိယာရှိ ဆေးရုံတစ်ရုံသို့ ရောက်ရှိလာသည့် လွတ်မြောက်လာသော ယူကရိန်းအကျဉ်းသားတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………..
(English Version)
Russia, Ukraine exchange 193 prisoners of conflict each
MOSCOW/KIEV, April 24 (Xinhua) — Russia and Ukraine on Friday exchanged 193 prisoners of conflict each, Russia’s Defense Ministry said.
A total of 193 Russian servicemen were returned from territory controlled by Kiev in exchange for 193 Ukrainian troops, the ministry said, adding that the released Russian soldiers are currently in Belarus receiving medical and psychological assistance before being transferred to Russia for further treatment and rehabilitation.
The Russian ministry said the exchange was facilitated through humanitarian mediation by the United Arab Emirates and the United States.
On the same day, Ukrainian President Volodymyr Zelensky confirmed the return of Ukrainian servicemen, saying those released include wounded troops as well as individuals against whom Russia has initiated criminal proceedings.
The exchange marks the 73rd prisoner swap between the two sides since March 2022. ■
English Caption 1, 2
A soldier released from captivity is transferred to a hospital for medical treatment in northern Ukraine on April 11, 2026. (Photo by Peter Druk/Xinhua)
English Caption 3, 4
People wait for their relatives released from captivity at a hospital in northern Ukraine on April 11, 2026. (Photo by Peter Druk/Xinhua)
English Caption 5
A released Ukrainian prisoner hugs with his relative at a hospital on the border area in northern Ukraine on April 11, 2026. (Photo by Peter Druk/Xinhua)
English Caption 6
Released Ukrainian prisoners arrive at a hospital on the border area in northern Ukraine on April 11, 2026. (Photo by Peter Druk/Xinhua)
