Connect with us

China

သမ္မတ ရှီနှင့် လာအိုနိုင်ငံ ထိပ်တန်းခေါင်းဆောင် Thongloun တို့ နှစ်နိုင်ငံဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith အား တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့သည် တရုတ်-လာအို သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဧပြီ ၂၅ ရက်က အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။
အေးအတူပူအမျှ အသိုက်အဝန်းတွင် ဆိုရှယ်လစ်အိမ်နီးချင်းများအနေဖြင့် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ဘုံရည်မှန်းချက်နှင့် ယုံကြည်ချက်များ၊ ထပ်တူကျသော ဆိုရှယ်လစ်စနစ်များနှင့် တူညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများဖြင့် စည်းလုံးညီညွတ်မှုရှိကြောင်း၊ နှစ်နိုင်ငံ ပါတီနှစ်ရပ်၏ ယခင်မျိုးဆက်ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းတည်ဆောက်ခဲ့ကြသော “ရဲဘော်ရဲဘက်၊ ညီရင်းအစ်ကို” ချစ်ကြည်ရင်းနှီးမှုမှာလည်း အချိန်ကာလအလျောက် ခိုင်မာအားကောင်းလာခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံသည် စံနှုန်းမြင့်၊ အရည်အသွေးမြင့်၊ အဆင့်မြင့် တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ အလွှာအသီးသီး၌ ကူးလူးဖလှယ်မှုများမှာလည်း ပိုမိုနီးကပ်လာသလို နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်လည်း ဆက်လက်နက်ရှိုင်းလျက်ရှိကြောင်း၊ ကိုယ်စီနိုင်ငံ၏ ပင်မအကျိုးစီးပွားများ၊ အဓိကစိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအနေဖြင့် အချင်းချင်း အခိုင်အမာ ထောက်ခံအားပေးလျက်ရှိကာ ဒေသတွင်းနှင့် ကမ္ဘာကြီးကို အဖိုးထိုက်တန်သော တည်ငြိမ်မှုနှင့် သေချာရေရာမှုကို ဖြည့်တင်းပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် CPC နှင့် တရုတ်နိုင်ငံ အစိုးရသည် တရုတ်-လာအို ဆက်ဆံရေးကို ဗျူဟာမြောက်၊ ရေရှည်ရှုထောင့်မှု အစဉ်သဖြင့်ရှုမြင်လျက်ရှိသလို လာအိုနိုင်ငံကိုလည်း တရုတ်နိုင်ငံ၏ အိမ်နီးချင်း သံတမန်ရေးတွင် ဦးစားပေးနေရာ၌ထားရှိကြောင်းလည်း သမ္မတ ရှီက ပြောခဲ့သည်။
ထို့နောက် ရှီက တရုတ်-လာအို သံတမန်ဆက်ဆံရေး ၆၅ နှစ်မြောက်နှင့် တရုတ်-လာအို ချစ်ကြည်ရေးနှစ်ကို အခွင့်အလမ်းအဖြစ်မှတ်ယူလျက် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရန်၊ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ဖော်ဆောင်ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အလို့ငှာ နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်ကောင်းများ ပိုမိုထွက်ပေါ်လာရေး တွန်းအားပေးဖော်ဆောင်ရန် Thongloun နှင့်အတူတကွ ဆောင်ရွက်သွားလိုကြောင်းလည်း သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ၆၅ နှစ်အတွင်း ပါတီနှစ်ရပ်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးမှာ ပိုမိုမြင့်မားသော အဆင့်များဆီ မြှင့်တင်နိုင်ခဲ့ကာ တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာ၌ အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် CPC ၊ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ရေရှည် အဖိုးထိုက်တန်သော အားပေးပံ့ပိုးမှု၊ အကူအညီပေးမှုများအတွက်လည်း ‌ကျေးဇူးတင်ရှိကြောင်း ၎င်းက သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone တို့ကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို ဧပြီ ၂၅ ရက်၌ပင် အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260425/d63d993557cc4435b66fe8fd818d472e/c.html
……………………………………..
(English Version)
Xi exchanges congratulations with top Lao leader Thongloun on 65th anniversary of ties
BEIJING, April 25 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president, exchanged congratulations on Saturday with Thongloun Sisoulith, general secretary of the Lao People’s Revolutionary Party Central Committee and Lao president, on the 65th anniversary of China-Laos diplomatic relations.
Xi said that as socialist neighbors in a community with a shared future, China and Laos are united by shared ideals and beliefs, identical social systems and similar development paths and that their “comradely and brotherly” bond, personally forged by the older generation of leaders of both parties and countries, has grown ever stronger over time.
At present, the two sides are accelerating efforts to build a high-standard, high-quality, and high-level China-Laos community with a shared future. Exchanges at all levels have become closer, and cooperation across various fields continues to deepen. On issues concerning each other’s core interests and major concerns, the two sides firmly support one another, injecting valuable stability and certainty into the region and the world, he said.
The CPC and the Chinese government have always viewed China-Laos ties from a strategic and long-term perspective and regard Laos as a priority in China’s neighborhood diplomacy, he said.
Xi voiced willingness to work with Thongloun to take the 65th anniversary of China-Laos diplomatic relations and the Year of China-Laos Friendship as an opportunity to enhance strategic mutual trust, carry forward the traditional friendship, and push for more outcomes in practical cooperation across various fields, so as to deliver more benefits to the two peoples.
For his part, Thongloun said that over the 65 years since the establishment of diplomatic relations, the friendly ties between the two parties, the two countries and the two peoples — marked by solidarity in times of difficulty — have been lifted to higher levels, with fruitful outcomes in building the Laos-China community with a shared future.
He expressed gratitude for the long-standing valuable support and assistance provided by the CPC, the Chinese government and people.
Also on Saturday, Chinese Premier Li Qiang and Lao Prime Minister Sonexay Siphandone exchanged congratulations.
https://english.news.cn/20260425/d63d993557cc4435b66fe8fd818d472e/c.html
Photo: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, meets with Thongloun Sisoulith, general secretary of the Lao People’s Revolutionary Party Central Committee and Lao president, at the Great Hall of the People in Beijing, capital of China, Sept. 4, 2025. (Xinhua/Huang Jingwen)