Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် အာဆင်နယ်က ကျဉ်းမြောင်းသော အနိုင်ရလဒ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိ၊ ဝက်စ်ဟမ်းနှင့် တော့တင်ဟမ်တို့လည်း အရေးပါသည့် နိုင်ပွဲများရယူနိုင်ခဲ့

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က အာဆင်နယ်နှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အာဆင်နယ်ကစားသမားများ စုဝေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဧပြီ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်- ၃၄ တွင် အာဆင်နယ်က နယူးကာဆယ် ယူနိုက်တက်ကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် သည်းထိတ်ရင်ဖို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။အာဆင်နယ်အနေဖြင့် ပွဲချိန် ၉ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ခြင်းဖြစ်ပြီး အီဘာရီချီ အီဇီက ဂိုးအပေါ်ထောင့်ထဲသို့ လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။လတ်တလော စွမ်းဆောင်ရည်များ၏ သက်ရောက်မှု၊ ကိုင်ဟာဗက်ဇ်နှင့် အီဇီတို့လည်း အသီးသီး ဒဏ်ရာရရှိခဲ့မှုကြောင့် အာဆင်နယ်က သွင်းဂိုးရရှိပြီးနောက်တွင် အနိုင်ရလဒ်ကို ထိန်းကစားသည့် ဗျူဟာကို အသုံးပြုသွားခဲ့ပြီး အဆိုပါ ကစားသမားနှစ်ဦးလုံးမှာ အက်သလက်တီကို မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားမည့် ဧပြီ ၂၉ ရက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲစဉ်၌ ပါဝင်နိုင်ရန် မသေချာတော့ပေ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ မစ်ကယ် မယ်ရီနို ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လက်ရှိတွင် အာဆင်နယ်က တစ်ပွဲလျော့ မန်ချက်စတာစီးတီးထက် သုံးမှတ်အသာ ရရှိထားပြီး မန်စီးတီးအနေဖြင့် ဧပြီ ၂၅ ရက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဒုတိယတန်းကလပ် ဆောက်သမ်တန်ကို နောက်မှလိုက်ကစားကာ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ပရီးမီးယားလိဂ်ပွဲစဉ်-၃၄ ၏ အခြားပွဲစဉ်များတွင် ဝက်စ်ဟမ်းက ကယ်လမ် ဝီလ်ဆင်၏ ၉၂ မိနစ် အနိုင်ဂိုးဖြင့် အဲဗာတန်ကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးသုံးသင်းထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် တိုမတ်စ် ဆူဆက်ခ်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ကီယာနန် ဒူးစ်ဘရီဟောလ်က ၈၉ မိနစ်တွင် ပြန်လည်ချေပခဲ့ပြီး အိမ်ရှင်ပရိသတ်များကို တိတ်ဆိတ်သွားစေခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က မန်ချက်စတာစီးတီးနှင့် ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ နီကို ဂွန်ဇာလက်ဇ် (ဝဲ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းတွင် ယှဉ်ပြိုင်ကစားနေသည့် တော့တင်ဟမ် ဟော့စပါးနှင့် ဝူလ်ဗာဟမ်တန်အသင်း၏ ပွဲစဉ်၌ တော့တင်ဟမ်က အဝေးကွင်း၌ အနိုင်ရရှိနေသည့်အတွက် ဒူးစ်ဘရီဟောလ်၏ သွင်းဂိုးကြောင့် ဝက်စ်ဟမ်းအသင်းမှာ တန်းဆင်းဇုန်ထဲသို့ ခေတ္တရောက်ရှိသွားသော်လည်း ဝီလ်ဆင်၏ နောက်ကျအနိုင်ဂိုးကြောင့် စပါးစ်၏အထက်သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။
မည်သို့ဆိုစေကာမူ တော့တင်ဟမ်အနေဖြင့် နည်းပြ ရောဘတ်တို ဒီဇာဘီလက်ထက်၌ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပြီဖြစ်ကာ တန်းဆင်းသွားပြီဖြစ်သော ဝုဗ်နှင့် အကြိတ်အနယ်ကစားခဲ့ရသည့် အဆိုပါပွဲစဉ်၌ ဂျာအို ပယ်လင်ညာက ၈၂ မိနစ်တွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

ဧပြီ ၂၄ ရက် ညပိုင်းပွဲစဉ်၌ နော်တင်ဟမ်ဖောရက်စ်က ဆန်းဒါးလန်းကို အဝေးကွင်း၌ ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ယင်းတို့အနက် ၄ ဂိုးကို ပထမပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်ကာ တန်းဆင်းဇုန်မှလွတ်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။ ထရိုင် ဟျူးမ် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဖောရက်စ်က အဖွင့်ဂိုးရရှိခဲ့ကာ ထို့နောက် ခရစ္စဝုဒ်၊ မော်ဂန် ဂစ်ဘ်ဝှိုက်နှင့် အီဂေါ ဂျေးဆူးတို့က ခြောက်မိနစ်အတွင်း သုံးဂိုးထပ်မံသွင်းယူခဲ့သည်။ ပွဲချိန် ၉၅ မိနစ်တွင် အဲလိယော့ အန်ဒါဆန်၏ ပဥ္စမဂိုးဖြင့် အလွန်ကောင်းမွန်သည့် ညတစ်ညကို အဆုံးသတ်နိုင်ခဲ့သော်လည်း ဝက်စ်ဟမ်းနှင့် တော့တင်ဟမ်တို့ကလည်း အသီးသီး နိုင်ပွဲရရှိခဲ့သည့်အတွက် ဖောရက်စ်အနေဖြင့် တန်းမဆင်းရရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမည်ဖြစ်သည်။

ဖူလ်ဟမ်က အက်စတွန်ဗီလာကို ပွဲချိန် ၄၃ မိနစ်တွင် သွင်းယူခဲ့သည့် ရိုင်ယန် ဆက်စ်ဆက်နွန်၏ဂိုးဖြင့် အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဗီလာမှာ လာမည့်ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အခြေအနေကောင်းနေဆဲဖြစ်သည်။လီဗာပူးလ်အသင်းကလည်း ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အလားအလာ ပိုမိုအားကောင်းသွားပြီဖြစ်ကာ လီဗာပူးလ်အတွက် အနိုင်ဂိုးများကို ဒဏ်ရာမှပြန်လည်သက်သာလာသည့် အလက်ဇန်းဒါး အီဆက်ခ်၊ အန်ဒီ ရောဘတ်ဆန်နှင့် နာကျင်အချိန်ပိုတွင် ဖလော်ရီယန် ဗက်ဇ်တို့က အသီးသီးသွင်းယူခဲ့ကြသည်။ (Xinhua)
……………………………………………………………………..
(English Version)
Arsenal back on top with narrow win, West Ham and Tottenham take big wins
LONDON, April 25 (Xinhua) — Arsenal returned to the top of the Premier League on Saturday with a nervy 1-0 win at home to Newcastle United.
Arsenal took the lead after just nine minutes when Eberechi Eze unleashed a stunning strike that curled into the top corner.
Perhaps affected by recent performances, Arsenal was content to try and manage its lead, a strategy also shaped by injuries to both Kai Havertz and Eze, who went off with knocks that cast doubt over their availability for Wednesday’s Champions League semifinal first leg away to Atletico Madrid.
Arsenal now sits three points clear of Manchester City, who on Saturday reached the FA Cup final after coming from behind to edge second-tier Southampton.
Callum Wilson scored a 92nd-minute winner to give West Ham a dramatic 2-1 home victory over Everton and keep them out of the bottom three. Tomas Soucek put West Ham ahead in the 51st minute, but Kiernan Dewsbury-Hall silenced the home crowd by levelling in the 89th minute.
With Tottenham Hotspur having just gone in front away to Wolverhampton Wanderers in a simultaneous fixture, Dewsbury-Hall’s goal briefly dropped West Ham into the relegation zone before Wilson’s late strike lifted them back above Spurs.
Tottenham, however, claimed its first win under Roberto De Zerbi thanks to Joao Palhinha’s 82nd-minute goal in a tense match against already-relegated Wolves.
Nottingham Forest took a huge stride towards safety on Friday night with a stunning 5-0 win away to Sunderland, scoring four times before halftime. Trai Hume’s own goal opened the floodgates, with Chris Wood, Morgan Gibbs-White and Igor Jesus adding three more in a six-minute blitz. Elliot Anderson capped an extraordinary night with a fifth in the 95th minute, although West Ham and Tottenham’s victories mean Forest still have work to do.
Ryan Sessegnon’s 43rd-minute goal earned Fulham a 1-0 home win over Aston Villa, who nonetheless remain well-placed to secure Champions League qualification for next season.
Liverpool strengthened its chances of returning to the Champions League next season with a 3-1 win at home to Crystal Palace thanks to goals from fit-again Alexander Isak, Andy Robertson and an injury time finish from Florian Wirtz.
English Caption 1
Arsenal’s players form a pre-match huddle before the English Premier League match between Arsenal and Bournemouth in London, Britain, April 11, 2026. (Xinhua)
English Caption 2
Mikel Merino of Arsenal celebrates scoring with teammates during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 3
Nico Gonzalez (L) of Manchester City celebrates scoring during the FA Cup Semifinal match between Manchester City and Southampton in London, Britain, on April 25, 2026. (Xinhua)