Connect with us

China

တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်တွင် ပုံမှန်ကင်းလှည့်မှုပြုလုပ်

တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ် (CCG) ရေယာဉ် ဆန်းတူး ပေါ်၌ ဆန်းစစ်အကဲဖြတ်ရေးနှင့် ထိန်းချုပ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသကြီး ရေတပ်က တောင်တရုတ်ပင်လယ်တွင် ပုံမှန်ကင်းလှည့်မှုကို ဧပြီ ၂၈ ရက်၌ ပြုလုပ်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ပြဿနာဖန်တီးရန် ကြိုးပမ်းသည့်အနေဖြင့် ပူးတွဲကင်းလှည့်မှုများ အမည်ခံ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေသော လုပ်ရပ်များကို စီစဉ်ရန် ဒေသတွင်းပြင်ပနိုင်ငံများအား ရွေးချယ်အသုံးချခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသကြီး၏ပြောရေးဆိုခွင့်ရှိသူ ကျိုင်စစ်ချန် က ထောက်ပြခဲ့သည်။
တောင်ပိုင်းစစ်ဒေသကြီး၏တပ်ဖွဲ့များအနေဖြင့် တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသားကာကွယ်မည်ဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခိုင်မာစွာထိန်းသိမ်းမည်ဖြစ်ကြောင်း ကျိုင် က အလေးပေးပြောကြားခဲ့သည်။ (Xinhua)

တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Chinese navy carries out routine patrol in South China Sea
BEIJING, April 28 (Xinhua) — The Chinese People’s Liberation Army Southern Theater Command Navy conducted a routine patrol in the South China Sea on Tuesday, said a military spokesperson.
Zhai Shichen, the command’s spokesperson, pointed out that the Philippines, in an attempt to stir up trouble in the South China Sea, co-opted countries outside the region to organize so-called joint patrols, disrupting peace and stability in the region.
Zhai emphasized that forces of the command will resolutely safeguard China’s territorial sovereignty as well as maritime rights and interests, and firmly uphold regional peace and stability. ■
English Caption 1
Law enforcers conduct access and control training aboard the China Coast Guard (CCG) vessel Sandu in the South China Sea on March 8, 2026. (Xinhua/Mao Jun)
English Caption 2
An aerial drone photo taken on March 24, 2026 shows a reef in the South China Sea. (Xinhua/Mao Jun)