China
သမ္မတရှီက SCO စိမ်းလန်းစိုပြည်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ စိမ်းလန်းစိုပြည်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်သို့ ဧပြီ ၂၉ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
“စိမ်းလန်းစိုပြည်သော တောတောင်ရေမြေများက အဖိုးမဖြတ်နိုင်သည့် ပိုင်ဆိုင်မှုများဖြစ်၏” ဟူသော အယူအဆကို တရုတ်နိုင်ငံက လက်ကိုင်ပြုကျင့်သုံးလျက်ရှိကာ ဂေဟဗေဒဆိုင်ရာ ကာကွယ်ထိန်းသိမ်းမှုနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဦးစားပေးအဖြစ် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မမှိတ်မသုန် လျှောက်လှမ်းနေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒ ယဉ်ကျေးမှုကို မြှင့်တင်ရာတွင် ကိုယ်တိုင်ပါဝင်သူ၊ အားဖြည့်ပံ့ပိုးသူနှင့် ဦးဆောင်ဦးရွက်ပြုသူဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာ၌ ရှီက ထည့်သွင်းရေးသားထားသည်။
ယခုနှစ်သည် SCO ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ်ကာလ ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) စတင်သည့်နှစ်လည်းဖြစ်ကြောင်း ရှီက ထောက်ပြပြောဆိုခဲ့ကာ တရုတ်နိုင်ငံအနေဖြင့် ရှန်ဟိုင်းစိတ်ဓာတ်ကို မြှင့်တင်ရန်၊ SCO ၏ တာဝန်များကို တိုးမြှင့်ထမ်းဆောင်ရန်၊ မူဝါဒချင်း ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် စီမံကိန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများ ဖန်တီးရယူရန်၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ် အဆင့်မြှင့်တင်ခြင်းကို ဆက်လက်ဖော်ဆောင်ရန်၊ သန့်ရှင်းလှပ၍ ရေရှည်တည်တံ့သော ကမ္ဘာကြီးကို တည်ဆောက်ရန်အတွက် ဘက်အသီးသီးနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့၌ ဧပြီ ၂၉ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် အဆိုပါဖိုရမ်အား SCO အိမ်နီးချင်းကောင်းပီသရေး၊ ချစ်ကြည်ရင်းနှီးမှုရှိရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၊ တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ကျဲ့ကျန်းပြည်နယ် ပြည်သူ့အစိုးရတို့က ကမကထပြု၍ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်၌ ရှုံအန်းဧရိယာသစ် အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဆင့်တိုး ဆောင်ရွက်ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲအား သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Xi sends congratulatory message to SCO green, sustainable development forum
BEIJING, April 29 (Xinhua) — Chinese President Xi Jinping on Wednesday sent a congratulatory message to the Green and Sustainable Development Forum of the Shanghai Cooperation Organization (SCO).
Xi said in the message that China upholds the concept of “lucid waters and lush mountains are invaluable assets,” and unswervingly follows the path of prioritizing ecological conservation and green development, adding that China is a participant, contributor and leader in promoting global eco-civilization.
Noting that this year marks the 25th anniversary of the establishment of the SCO and the opening year of China’s 15th Five-Year Plan period (2026-2030), Xi said China is ready to work with all sides to promote the Shanghai Spirit, step up to take the SCO responsibility, strengthen policy alignment, experience exchanges and project cooperation, advance the improvement of the global environmental governance system, and build a clean, beautiful and sustainable world.
Opened on Wednesday in Ningbo, east China’s Zhejiang Province, the forum is co-hosted by the SCO Good-Neighborliness, Friendship and Cooperation Commission, the Ministry of Ecology and Environment, and the People’s Government of Zhejiang Province.
English Caption 1
This photo taken on April 29, 2026 shows a scene during the opening ceremony of the Green and Sustainable Development Forum of the Shanghai Cooperation Organization (SCO) in Ningbo, east China’s Zhejiang Province. (Xinhua/Jiang Han)
English Caption 2
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, chairs a symposium on further advancing the high-quality construction and development of the Xiong’an New Area in the Xiong’an New Area, north China’s Hebei Province, March 23, 2026. (Xinhua/Xie Huanchi)
