North America
အမေရိကန်-အီရန် သဘောတူညီချက် ရနိုင်ခြေ အလွန်များသည်ဟု ထရမ့် ပြောကြား
ဝါရှင်တန်၊ မေ ၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အီရန်နှင့် သဘောတူညီချက်ရရှိနိုင်မှုအပေါ် အကောင်းမြင်ကြောင်း မေ ၆ ရက်တွင် ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အောင်မြင်မှု ရလဒ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြီးသတ် သဘောတူညီချက် ရရှိနိုင်ခြေ အလွန်များကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်အနေဖြင့် ယခုအခါတွင် သဘောတူညီချက်ရရန် စိတ်အားထက်သန်နေကြောင်း၊ အကယ်၍ သဘောတူညီချက် အမှန်တကယ်ရရှိပါက ၎င်းတို့အနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့် လုံးဝရှိမည် မဟုတ်ကြောင်း ထရမ့်က ယင်းနေ့ အိမ်ဖြူတော်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ မီဒီယာများအား ပြောကြားခဲ့သည်။ ထို့အပေါ် အီရန်ဘက်ကလည်း သဘောတူညီကြောင်း ဖော်ပြပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆွေးနွေးမှုများသည် လက်ရှိတွင် အဆင်ပြေချောမွေ့မှုရှိကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ရသင့်ရထိုက်သော အကျိုးစီးပွားကို ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ ဖြစ်မြောက်လာခြင်းမရှိပါက ပို၍ တင်းမာသည့် အစီအမံများ မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်ဘက်၏ နောက်ဆုံးအဆိုပြုချက်အပေါ် အီရန်ဘက်မှ အဖြေပေးရန် နောက်ဆုံးကာလကန့်သတ်ချက် ရှိ၊ မရှိကို မီဒီယာများက ထပ်မံမေးမြန်းသည့်အပေါ် ထရမ့်က “နောက်ဆုံးကာလ ကန့်သတ်ချက် မရှိဘူး” ဟု ပြောကြားခဲ့သည်။
“သဘောတူညီချက် ရနိုင်ခြေက အလွန်များတယ်လို့ ကျုပ်ထင်တယ်” ၊ အမေရိကန်-အီရန် နှစ်ဖက်အနေဖြင့် စစ်ပွဲအဆုံးသတ်ရန် လာမည့်သီတင်းပတ်တွင် သဘောတူညီချက်ရနိုင်ကြောင်း ထရမ့်က ယင်းနေ့ နံနက်အစောပိုင်း အမေရိကန် PBS ရုပ်သံဌာန၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
အမေရိကန် မီဒီယာများ၏ ယင်းနေ့ အစောပိုင်း သတင်းများအရ ထရမ့်အစိုးရက အီရန်နှင့် စာမျက်နှာ တစ်မျက်နှာစာရှိသော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် နီးစပ်ပြီဟု ယူဆကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် အချက် ၁၄ ချက် ပါဝင်ပြီး စစ်ပွဲအဆုံးသတ်ရန်နှင့် ပိုမိုအသေးစိတ်ဖြစ်သော နျူကလီးယားအရေးဆွေးနွေးမှုအတွက် မူဘောင်သတ်မှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
သို့သော် ထို့နောက်မကြာမီတွင်ပင် အီရန် ISNA သတင်းအေဂျင်စီက ခိုင်လုံသောသတင်းအရင်းအမြစ်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့ရာ အမေရိကန် မီဒီယာများ၏ သက်ဆိုင်ရာသတင်းများသည် “မီဒီယာများ၏ ခန့်မှန်းချက်နှင့် လူထုသဘောထားအမြင် ဖန်တီးမှုများ” ဖြစ်ကြောင်း၊ အီရန် ဆွေးနွေးမှုကိုယ်စားလှယ်အဖွဲ့ လက်ရှိ ဆွေးနွေးနေသည်မှာ “စစ်ပွဲအဆုံးသတ်ရေး” ဖြစ်ပြီး နျူကလီးယားအရေးကို လက်ရှိဆွေးနွေးမှုအဆင့်တွင် ဆွေးနွေးခြင်းမရှိသေးကြောင်း သိရသည်။
ထရမ့်က မေ ၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များက ဘက်စုံအပြီးသတ် သဘောတူညီချက်ရရှိရန် ကြီးမားသော တိုးတက်မှုများ ရှိနေကြောင်း၊ အမေရိကန်အနေဖြင့် ယမန်နေ့က စတင်ခဲ့သော ဟော်မုဇ်ရေလက်ကြား၌ ပိတ်မိနေသည့် သင်္ဘောများ ဖြတ်သန်းသွားလာရေးအတွက် “လမ်းညွှန်ပေးခြင်း” ဖြစ်သည့် “လွတ်လပ်ရေးအစီအစဉ်” လှုပ်ရှားမှုကို ကာလတို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် မေ ၆ ရက်တွင် ၎င်းက အကယ်၍ အမေရိကန်၏ တောင်းဆိုချက်များကို အီရန်အနေဖြင့် သဘောမတူပါက ဗုံးကြဲမှုများ စတင်သွားမည် ဖြစ်ပြီး အတိုင်းအတာပမာဏနှင့် ပြင်းထန်မှုက ယခင်ထက် များစွာ ကျော်လွန်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြန်သည်။
မီဒီယာမေးမြန်းမှုကို လက်ခံဖြေကြားရာတွင်လည်း ၎င်းက ယခု အမေရိကန်-အီရန် သဘောတူညီချက် ရရှိခြင်းကို ပြောကြားရန် အချိန်အလွန်စောနေသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
特朗普称美伊“很有可能”达成协议
新华社华盛顿5月6日电(记者黄强 徐剑梅)美国总统特朗普6日多次对能否同伊朗达成协议表示乐观,称美伊过去24小时内进行了“富有成效”的对话,最终达成协议“很有可能”。
特朗普当天在白宫进行的一场活动中对媒体说,伊朗现在“迫切想要达成协议”,如果真能达成,那“他们就绝不能拥有核武器”。他称,伊朗方面已对此表示同意。
特朗普还称,谈判目前进展顺利,“我们要争取到我们应得的利益”,如果无法如愿,“那就不得不采取更进一步的强硬措施”。
当媒体追问伊朗就美方最新提议给出答复是否有最后期限,特朗普称“没有最后期限”。
特朗普当天早些时候接受美国公共广播公司电话采访时说,“我认为达成协议的几率非常大”,美伊双方有可能下周达成协议以结束这场战事。
据美国媒体当天早些时候报道,特朗普政府认为,与伊朗接近达成一份一页纸长的谅解备忘录。该备忘录包含14点条款,旨在结束战事,并为更详细的核问题谈判设定框架。不过,伊朗学生通讯社随后援引“可靠信源”报道,美媒相关报道属于“媒体猜测和舆论造势”。伊朗谈判团队当前讨论的是“结束战争”问题,核问题在现阶段谈判中尚未讨论。
特朗普5日傍晚在社交媒体发文宣布,美伊代表“朝着达成一项全面且最终的协议方向取得重大进展”,美方前一天启动的“引导”霍尔木兹海峡被困船只通行的“自由计划”行动将短期暂停。6日,他又说,如果伊朗不同意美方要求,轰炸就会开始,规模和强度将远超以往。接受媒体采访时,他表示,现在谈美伊达成协议“为时过早”。
1. 5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
