China
ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက အခက်အခဲကို ကျော်လွှာပြီး တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို အနိုင်ယူ
လန်ဒန်၊ မေ ၈ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ စွန်းရင်ဆားက မေ ၇ ရက်၌ ကျင်းပသည့် ဒုတိယပွဲစဉ်တွင် ကစားပွဲငါးပွဲကစားခဲ့ရကာ ရှုံးနိမ့်နေခဲ့ရာမှ ပြန်လည်အနိုင်ရရှိခဲ့သဖြင့် တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိပြီး အမျိုးသမီး အသင်းလိုက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
တရုတ်အသင်းက အုပ်စုအဆင့်တွင်လည်း တောင်ကိုရီးယားအသင်းကို ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိထားခဲ့သည်။
ဝမ်မန့်ယွိက တရုတ်အသင်းကို အားကောင်းသည့် အစပျိုးမှု ပေးခဲ့ပြီး Shin Yu-bin ကို ရမှတ် ၁၁-၁၊ ၁၁-၄၊ ၁၁-၄ တို့ဖြင့် အနိုင်ရရှိခဲ့သည်။
“ကျွန်မတို့ရဲ့ အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပြီးတော့ ပထမပွဲစဉ်မှာ အစွမ်းကုန် ကြိုးစားခဲ့တာပါ” ဟု ဝမ်က ပြောကြားခဲ့သည်။ “နည်းဗျူဟာနဲ့ စိတ်ဓာတ် နှစ်မျိုးလုံးမှာ အပြည့်အဝ ပြင်ဆင်ပြီး တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
စွန်းမှာ Kim Na-yeong နှင့် အုပ်စုအဆင့်တွေ့ဆုံပြီးနောက် ထပ်မံတွေ့ဆုံရာ၌ ပိုမိုပြင်းထန်စွာ ဖိအားပေးခံခဲ့ရသည်။
အဖွင့်ကစားပွဲကို ရမှတ် ၁၁-၇ နဲ့ အနိုင်ရပြီးနောက် စွန်းက နောက်ထပ် ကစားပွဲနှစ်ပွဲကို ရမှတ် ၁၁-၇၊ ၁၁-၇ တို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး စတုတ္ထကစားပွဲ၌ ရမှတ် ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ၎င်းက ၁၀ မှတ်ဆက်တိုက် ရရှိခဲ့ပြီး ကစားပွဲအခြေအနေကို ညီမျှစေကာ အဆုံးအဖြတ်ပေးမည့် ကစားပွဲသို့ ရောက်ရှိစေခဲ့သည်။
ယင်းပဉ္စမကစားပွဲတွင် Kim က အမှတ်ကွာဟမှု ၉-၅ မှ တစ်မှတ်အကွာအခြေအနေသို့ ရောက်ရှိကာ နောက်ထပ် အနိုင်ယူရန် ခြိမ်းခြောက်ခဲ့သော်လည်း စွန်းက ရမှတ် ၁၁-၉ ဖြင့် အနိုင်ရရှိခဲ့သည်။
“သူ့အနေနဲ့ အုပ်စုအဆင့်တုန်းကထက် ပိုကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်မ မျှော်လင့်ခဲ့တယ်” ဟု စွန်းက ပြောကြားခဲ့သည်။ “ဒုတိယနဲ့ တတိယကစားပွဲတွေမှာ ကျွန်မရဲ့ ကစားပုံကစားနည်းတွေကို နည်းနည်းသတိထားပြီး ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ စတုတ္ထပွဲမှာ ပြန်လည်ကောင်းမွန်လာတာက ကျွန်မရဲ့ နည်းဗျူဟာတွေအပေါ် ယုံကြည်မှု ပိုရှိစေခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
တတိယပွဲစဉ်၌ ဝမ်ရိသီကလည်း Park Ga-hyeon ကို ရမှတ် ၁၁-၅၊ ၁၁-၃၊ ၁၀-၁၂၊ ၁၁-၂ တို့ဖြင့် အနိုင်ရရှိခဲ့ပြီး တရုတ်အသင်းအား အနိုင်ရရှိစေခဲ့ခြင်းဖြစ်သည်။
“ဒါက ဒီမှာ ကျွန်မတို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုပါ။ ကျွန်မအနေနဲ့ မြန်မြန်စတင်ခဲ့ပေမဲ့ တတိယကစားပွဲမှာ ရမှတ် ၉-၅ နဲ့ ဦးဆောင်ပြီးတော့ စိတ်မရှည်ဖြစ်လာပြီး စည်းချက်ပျက်သွားခဲ့ပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။ “စတုတ္ထကစားပွဲမှာ ကျွန်မ မြန်မြန် လိုက်လျောညီထွေဖြစ်အောင် ကစားခဲ့ပြီး ကိုယ့်ကစားပုံကိုပဲ အာရုံစိုက်ခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
တရုတ်အသင်းအနေဖြင့် ဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်း သို့မဟုတ် ရိုမေးနီးယားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့၏ အမျိုးသမီးအသင်းလိုက် ကွာတားဖိုင်နယ်ပြိုင်ပွဲအတွင်း တောင်ကိုရီးယားအသင်းမှ Shin Yubin နှင့် တစ်ဦးချင်းပွဲစဉ်၌ အမှတ်ရရှိပြီးနောက် အောင်ပွဲခံနေသည့် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
World No. 1 Sun survives scare as China sweeps S. Korea at table tennis team worlds
LONDON, May 7 (Xinhua) — China beat South Korea 3-0 on Thursday to advance to the women’s team semifinals at the 2026 ITTF World Team Table Tennis Championships Finals, with world No. 1 Sun Yingsha surviving a five-game scare in the second match.
China had also defeated South Korea 3-0 in the group stage.
Wang Manyu gave China a strong start, beating Shin Yu-bin 11-1, 11-4, 11-4.
“I went all out in the first match, hoping to boost our team’s morale,” Wang said. “I made full preparations, both on tactics and mentality, and executed as well as I could.”
Facing Kim Na-yeong again after their group meeting, Sun was pushed much harder.
After taking the opening game 11-7, Sun dropped the next two 11-7, 11-7 and trailed 4-1 in the fourth. She then won 10 straight points to level the match and force a decider.
Kim threatened another upset in the fifth, closing from 9-5 down to within one point, but Sun held on to win 11-9.
“I expected her to perform better than in the group stage,” Sun said. “I was a bit conservative with my adjustments in the second and third games. The comeback in the fourth gave me more confidence in my tactics.”
In the third match, Wang Yidi beat Park Ga-hyeon 11-5, 11-3, 10-12, 11-2 to seal the tie.
“It was our second meeting here. I started quickly, but after leading 9-5 in the third game, I became impatient and lost my rhythm,” Wang said. “I adjusted quickly in the fourth and stayed focused on my own game.”
China will face either France or Romania in the semifinals. ■
English Caption 1
Sun Yingsha of China hits a return in the singles match against Kim Nayeong of South Korea during the women’s teams quarterfinal match between China and South Korea at the ITTF World Team Table Tennis Championships Finals in London, Britain, May 7, 2026. (Xinhua/Li Ying)
English Caption 2
Wang Manyu of China celebrates in the singles match against Shin Yubin of South Korea during the women’s teams quarterfinal match between China and South Korea at the ITTF World Team Table Tennis Championships Finals in London, Britain, May 7, 2026. (Xinhua/Li Ying)
