International Organizations
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးက စိုက်ပျိုးရေးလုပ်ငန်းကို ရိုက်ခတ်နေ၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်း သုံးလဆက်တိုက် မြင့်တက်
ရောမ၊ မေ ၉ ရက် (ဆင်ဟွာ)
စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာမှုနှင့် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးကြောင့် ဖြစ်ပေါ်လာသော ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်မှုများကြောင့် ဧပြီလ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းသည် သုံးလဆက်တိုက် မြင့်တက်လာခဲ့ကြောင်း FAO ၏ မေ ၈ ရက်က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
FAO ၏ စားသောက်ကုန်ဈေးနှုန်းညွှန်းကိန်းသည် ဧပြီလတွင် ၁၃၀.၇ မှတ်အထိ ရောက်ရှိခဲ့ပြီး မတ်လတွင် ပြင်ဆင်ထားသော အဆင့်ထက် ၁.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို ယမန်နှစ်ထက် ၂.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းအနက် ကောက်ပဲသီးနှံဈေးနှုန်းညွှန်းကိန်းသည် ယခင်လထက် ၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အဆိုပါအချက်အလက်တွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသ စစ်ရေး သက်ရောက်မှုကြောင့် လယ်သမားများသည် ဓာတ်မြေဩဇာအသုံးပြုမှု ပမာဏ အတန်အသင့်နည်းပါးသော သီးနှံများ ပြောင်းလဲစိုက်ပျိုးလာကြမည်ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် ဂျုံစိုက်ပျိုးရေး ဧရိယာ လျော့ကျလာမည်ဖြစ်ပြီး ဂျုံဈေးနှုန်းများကို တစ်ဆင့်တိုးမြင့်တက်စေမည်ဟု FAO က သုံးသပ်ခဲ့သည်။ FAO သည် ယခုလတွင် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဂျုံထုတ်လုပ်မှုပမာဏ ခန့်မှန်းချက်ကို အနည်းငယ် လျှော့ချခဲ့ပြီး ယခုနှစ် ထုတ်လုပ်မှုပမာဏသည် ယမန်နှစ်ထက် ၂ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် အဆိုပါနေ့တွင် FAO က ပုံမှန်လစဉ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေး အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ဟော်မုဇ်ရေလက်ကြား “ပိတ်ဆို့မှု” က ဓာတ်မြေဩဇာထောက်ပံ့မှုကို စဉ်ဆက်မပြတ် နှောင့်ယှက်နေပြီး ယူရီးယားနှင့် ဖော့စဖိတ်ဈေးနှုန်းကို မြှင့်တင်ခဲ့ရာ ဓာတ်မြေဩဇာ ဝယ်ယူနိုင်စွမ်း တစ်ဆင့်တိုး လျော့နည်းသွားစေပြီး လတ်တလောကာလ စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်မှုအန္တရာယ်များ တိုးပွားစေမည်ဟု ယင်းအစီရင်ခံစာတွင် အလေးထား ဖော်ပြခဲ့သည်။ (Xinhua)
………………….
(Chinese Version)
中东战事冲击农业生产 全球粮价连续第三个月上涨
新华社罗马5月8日电 联合国粮食及农业组织(粮农组织)8日发布的数据显示,受能源成本上涨和中东战事导致物流中断影响,4月粮农组织食品价格指数连续第三个月上涨。
数据显示,4月粮农组织食品价格指数达到130.7点,比3月修正后水平上涨 1.6%,比一年前上涨2.0%。其中,谷物价格指数环比上涨0.8%,同比上涨0.4%。
粮农组织分析,由于中东战事的影响,农民会转而种植化肥用量较低的作物,导致2026年小麦种植面积减少,进一步推高小麦价格。粮农组织本月小幅下调2026年全球小麦产量预期,预计今年产量比去年下降约2%。
另外,粮农组织当天还发布了一份常规月度市场监测报告,强调霍尔木兹海峡“梗阻”持续扰乱化肥供应,推升尿素和磷酸盐价格,进一步削弱化肥可负担性,增加近期农业生产风险。(完)
图说:5月6日,在土耳其安卡拉郊外的一处农场,工人驾驶拖拉机在农田里作业。新华社发(穆斯塔法·卡亚摄)
