Connect with us

Videos

အမြင့် ၁၁၀ မီတာ ရှိသည့် ကရိန်းကြီးပေါ်သို့ ယှဉ်ပြိုင်တက်ရောက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်စွမ်းရည်ပြပွဲ

စီချွမ်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ် emeishan မြို့တွင် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၄ ဦး မှ အမြင့် ၁၁၀ မီတာ ရှိသည့် ကရိန်းကြီးပေါ်သို့ ကြိုးတစ်ချောင်းစီ သာ အသုံးပြုပြီး ယှဉ်ပြိုင်တက်ရောက်ခဲ့သည့် video ဖိုင်ဖြစ်ပါသည်။ ၎င်းမှာ လက်ရွေးစင် မီးသတ်သူရဲကောင်း ဆုရအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ကရိန်းပေါ်သို့ ကြိုးဖြင့် လျှင်မြန်စွာအတက်အဆင်းလုပ်နိုင်စွမ်းရည် ကို ပြသခဲ့ကြခြင်းဖြစ်သည်။ အမြန်ဆုံးကြာချိန်မှာ အချိန် ၁၂ မိနစ်နှင့် ၃၄ စက္ကန့်အတွင်း အတက်အဆင်းလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကို အချိန် ၁၀ နာရီကြာ ကျင်းပခြင်းဖြစ်သည်။မီးသတ်တပ်ဖွဲ့ဝင်များ၏ ကယ်ဆယ်ရေးစွမ်းရည်ကိုမြှင့်တင်နိုင်ရန် ထိုသို့ ပြိုင်ပွဲများကို ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.