Connect with us

Videos

စက်ရုပ်နဲ့ ဆံပင်ပြန်စိုက်ကြမလား

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ၅ ရက်မှ ၁၁ ရက်အထိကျင်းပပြုလုပ်လျက်ရှိသည့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ဆံပင်များကို ပြန်စိုက်ပေးနိုင်သည့် စက်ရုပ်ကိုပြသထားသည်။ ၎င်းစက်ရုပ်ကို အမေရိကန်နိုင်ငံအခြေစိုက် Restoration Robotics ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဆံပင်အရေအတွက် ထောင်ပေါင်းများစွာကို တစ်ပင်ချင်းစီ စိတ်ရှည်လက်ရှိ စိုက်‌ပေးသည့် စက်ရုပ်လည်းဖြစ်သည်။ ARTAS ဆံပင်စိုက် စက်ရုပ်တွင် ထည့်သွင်းထားသည့်စနစ်မှာ  ခေတ်မီ ဒစ်ဂျစ်တယ်နည်းပညာစနစ်နှင့် ဆံပင်စိုက်သည့်အရှိန်နှုန်းတိုးမြှင့်ရန်၊တိကျမှုရှိရန်နှင့် ဆံပင်များကို ဆက်တိုက်စိုက်သွားနိုင်ရန် အသိဉာဏ်မြင့် အယ်လ်ဂိုရမ်သမ် စနစ်တို့ပါဝင်သည်။ ဆံပင်ပေါင်း ၁၅၀၀ ပင်ကိုစိုက်ရန် အချိန် ၁နာရီကြာမြင့်ပြီး ထိုဆံပင်များ၏ ၉၅ ရာခိုင်နှုန်းမှာ သန်စွမ်းကျန်းမာသည့်ဆံပင်များ ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.