News
“စစ်အေးတိုက်ပွဲသစ်” ပုံစံ မည်သည့် ဖန်တီးလုပ်ဆောင်မှုမျိုးကို တရုတ်နိုင်ငံက လက်မခံကြောင်း ဝမ်ရိပြောကြား
ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆင်ဟွာသတင်းဋ္ဌာန နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် တရုတ်နိုင်ငံအနေဖြင့်“ စစ်အေးတိုက်ပွဲသစ်”ပုံစံ မည်သည့် ဖန်တီးကြိုးပမ်းလုပ်ဆောင်မှုမျိုးကိုမဆို လက်မခံကြောင်း ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံရှိပြည်သူများအားလုံး၏ အခြေခံရပိုင်ခွင့်များ အကျိုးစီးပွားများကို ထိခိုက်ပျက်စီးစေရုံသာမကဘဲ တစ်ကမ္ဘာလုံး၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလည်း သွေဖယ်စေနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့် ထိုအခြေအနေမျိုးကို လက်မခံကြောင်း ဝမ်ရိက ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)