Videos
5G နည်းပညာဖြင့်ဆေးဝါးကဏ္ဍ အားအဆင့်မြှင့်တင်ပြုပြင်ပြောင်းလဲ
ဟဲနန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့တွင် 5G နည်းပညာအသုံးပြုကာ ဆေးဘက်ဆိုင်ရာ ကုသရေးကဏ္ဍတွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသည့် ဆေးရုံတစ်ရုံ၏ လုပ်ငန်းစဉ်များကို ဆင်ဟွာသတင်းထောက်တစ်ဦးက သွားရောက်ရိုက်ကူးတင်ဆက်ခဲ့ပါသည်။
ဒီနေ့ ကျွန်မတို့ တရုတ်နိုင်ငံ ကျန်းကျိုးတက္ကသိုလ်မှာရှိတဲ့ ပထမဆုံး အဆင့်မြှင့်တင်ထား တဲ့ဆေးရုံသို့သွားရောက်ရိုက်ကူးခဲ့ပါတယ် ဒီဆေးရုံမှာ 5G နည်းပညာကိုအသုံးပြုပြီး ဆေးဘက်ဆိုင်ရာကဏ္ဍမှာ ဘယ်လို အဆင့်မြှင့်တင်ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်မ လိုက်လံ ပြသသွားပါမယ်။
အားလုံးမြင်တွေ့နေရတဲ့အတိုင်း မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးဆရာဝန်တွေဟာ 5G နည်းပညာကို အသုံးပြုပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အစည်းအဝေးပြုလုပ်နေကြတာဖြစ်ပါတယ်။ညွှန်ကြားရေးမှူး Zhang Qian က “5G နည်းပညာ ကနေ ကျွန်မတို့ အတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့ပါတယ် အထူးသဖြင့်ကျွန်မတို့ရဲ့ နေ့စဉ် တာဝန်ကျ အချိန်ဇယားတွေ နဲ့ ပုံမှန်မဟုတ်ဘဲ ခက်ခဲတဲ့ ကုသမှုဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ရတဲ့နေရာတွေမှာပေါ့ ကျွန်မတို့အချင်းချင်း ဆက်သွယ်ရတဲ့ အချိန်ကြာမြင့်မှုမရှိတော့ဘူးပေါ့လေ” ဟုဆိုသည်။
ဒီ ရွေ့လျားစက်ရုပ်တွေရဲ့ အကူအညီနဲ့ ဆရာဝန်တွေဟာ အတွင်းလူနာအဆောင်တွေကို ပြင်ပကနေတစ်ဆင့် ကြည့်ရှုစစ်ဆေးပေးနိုင်ပါတယ်။ဒေါက်တာ Liu Xianzhi က“ ဒီလူနာက နေကောင်းနေပြီပဲ သူမကြာခင်ဆေးရုံဆင်းရတော့မှာပါ CT ကို နောက်ထပ်တစ်ကြိမ်ထပ်စစ်ပေးလိုက်ဖို့မမေ့နဲ့နော်” ဟု ဆိုသည်။
ထို့အပြင် ဆေးရုံရှိ ဆရာဝန်များက တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန့်ဒေသရှိ ဝေးလံခေါင်ဖျားဒေသတွင်နေထိုင်သည့် လူနာများကိုလည်း 5G နည်းပညာရဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးနဲ့ အင်တာနက် မြန်နှုန်းများ ကိုအသုံးပြုကာ ကြည့်ရှုစစ်ဆေးပေးလျက်ရှိသည်။
သူနာပြုအုပ် Dang Ronglun က “ဟာမီမြို့ဟာလူဦးရေနည်းပြီးတော့ ဦးနှောက်အကျိတ်ယောင်ရောဂါ ဖြစ်ပွားသူဦးရေလည်း နည်းပါးပါတယ်ကျွန်မတို့အနေနဲ့လည်း ဒီလိုရောဂါမျိုးကို စစ်ဆေး ကုသဖို့အတွက် အတွေ့အကြုံသိပ်မရှိပါဘူး ဒီလို ဝေးလံခေါင်ဖျားဒေသက လူနာတွေအတွက် ဆွေးနွေးတိုင်ပင်မှုသာမရှိခဲ့ဘူးဆိုရင် ဒီရောဂါ လက္ခဏာဟာ တိတိကျကျ သိရမှာမဟုတ်ဘဲ ကုသမှုတွေလည်းနှောင့်နှေးသွားနိုင်ပါတယ်” ဟုဆိုသည်။
“ကျွန်တော်တို့ရဲ့ အခြား ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နေရတဲ့အခါမျိုးမှာ ပါဝင်ကူညီနိုင်ဖို့ 5G နည်းပညာရဲ့ အခန်းကဏ္ဍဟာဆိုရင် အင်မတန်မှ အရေးပါလှပါတယ်” 5G နည်းပညာနဲ့ ဆေးဝါးကုသမှုတွေဟာ ပိုမိုကျယ်ပြန့်စွာ တိုးတက်လာနိုင်ပါတယ်။
အဲဒီနည်းပညာကို ခေတ်သစ် ဆက်သွယ်ရေး ကဏ္ဍနဲ့ ပူးပေါင်းကာ အဆင့်မြှင့်တင်လိုက်တဲ့အခါမှာတော့ ဆေးဝါးကုသရေးမှာ ပြည်သူများစွာကို ပိုမိုကယ်ဆယ်နိုင်မယ့်အပြင် မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလည်း ဖြစ်လာနိုင်တဲ့အထိ ကောင်းမွန်တဲ့ ဆေးဘက်ဆိုင်ရာအရွေ့တစ်ခုကို ရောက်ရှိလာတော့မယ်ဆိုတာမလွဲဧကန်ပင်ဖြစ်ပါတယ်။ (Xinhua)