Connect with us

CHINA

ဝူဟန်မြို့ နှင့် ဆိုလ်းမြို့အကြား ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် Xiangyang မြို့ရှိ Liuji လေဆိပ်ရှိ လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါမည့် ခရီးသည်များအား နေရာချပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း၊ တစ်ချိန်က COVID-19 ကူးစက်ပျံနှံ့မှု ပြင်းထန်ခဲ့သည့် ဝူဟန့်မြို့သည် ကူးစက်ရောဂါကြောင့် ခုနစ်လကျော် ဆိုင်းငံ့ခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် ပထမဆုံး နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ် ပြန်လည်ဆင်းသက်ခဲ့ကြောင်း သိရသည်။

T’way လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် TW615 လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ပျံသန်းထွက်ခွာလာခဲ့ပြီး တရုတ်နိုင်ငံ ဝူဟန့်မြို့ ထျန်းဟော်နိုင်ငံတကာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀:၄၈ နာရီ တွင် ဆိုက်ရောက်လာခဲ့သည်။ ယင်းမှာ ဆိုးလ်မြို့နှင့် ဝူဟန့်မြို့အကြား ပုံမှန်ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်လိုက်ခြင်းလည်းဖြစ်သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၆၀ ဦးသည် လေဆိပ်တွင် အပူချိန်စစ်ဆေးမှုများ ကူးစက်ရောဂါပျံ့နှံမှုဆိုင်ရာစစ်ဆေးမှုများ၊ သွေးစစ်ခြင်းများနှင့် nucleic acid စစ်ဆေးမှုများ ခံယူပြီးနောက်  ကျန်းမာရေးစောင့်ကြည့်မှုအတွက် ၁၄ ရက်နေထိုင်ရန် သတ်မှတ်ထားသောဟိုတယ်များသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဟူပေလေဆိပ်များကုမ္ပဏီအုပ်စုအဆိုအရ ဗုဒ္ဓဟူးနေ့တိုင်း ဘိုးရင်း B737-800 လေယာဉ်ဖြင့် သုံးနာရီခရီးစဉ် ပုံမှန်ပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။

ဝူဟန့်-ဆိုးလ် ခရီးစဉ် ပြန်လည်စတင်ခြင်းသည် ဝူဟန့်နှင့်ဟူပေပြည်နယ်တွင် ကူးစက်ရောဂါ တိုက်ဖျက်ရေး အောင်မြင်မှုများကို ပြသခြင်းလည်း ဖြစ်ပြီး ဝူဟန့်တွင် အလုပ်အကိုင်နှင့်ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် မြှင့်တင်ရာ၌ အကူအညီလည်းပေးနိုင်မည်ဟု ဝူဟန့် သယ်ယူပို့ဆောင်ရေးဗျူရို တာဝန်ရှိသူတစ်ဦး Li Yizhuo က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ဝူဟန့် ထျန်းဟော်နိုင်ငံတကာလေဆိပ်တွင် ပြည်တွင်းခရီးစဉ် ၇၃ ခုမှ ခရီးသည်များဆင်းသက်လျက်ရှိပြီး တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်း ၅၀၀ ခန့် ဆိုက်ရောက်လျက်ရှိရာ နေ့စဉ်ပြည်တွင်းခရီးသည်ရောက်ရှိမှုနှုန်းသည် ယမန်နှစ်အလားတူကာလ၏ ၉၀ ရာခိုင်နှုန်း ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.