Connect with us

Videos

တရုတ်နိုင်ငံ၏ C919 ဂျက်လေယာဉ်ကို စမ်းသပ်ပျံသန်း (ရုပ်သံ)

နန်ချန်း ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ရုပ်သံတည်းဖြတ်/ စုဝင့်

၂၀၂၀ နန်ချန်းလေကြောင်းပြပွဲ (2020 Nanchang Flight Convention) ကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် နန်ချန်းမြို့တွင် အောက်တိုဘာ ၃၁ ရက် မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။ယင်းပြပွဲတွင် တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သည့် C919 ဂျက်လေယာဉ်လည်း ပထမဆုံးပါဝင် ပျံသန်းပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့သော ပြည်တွင်းဖြစ် ဂျက်လေယာဉ်ကြီးဖြစ်သည့် C919 လေယာဉ်ကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံး ပွဲဦးထွက် စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်ကို လေကြောင်းစံနှုန်းမျိုးစုံတွင် လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ လေဆိပ်အမျိုးမျိုး၌ စမ်းသပ်ပျံသန်းမောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.