Videos
ရုရှားစစ်ရေယာဉ် နှစ်စင်း ပင်လယ်နက်သို့ရောက်ရှိ
အစ္စတန်ဘူလ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ရုရှားစစ်ရေယာဉ် နှစ်စင်းသည် ဧပြီ ၁၇ ရက်က ဘောစ်ဖောရပ်စ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ကြောင်း ရုရှားပြည်တွင်းမီဒီယာများက ဖော်ပြထားကြသည်။
Alexander Otrakovsky နှင့် Kondopoga အမည်ရှိ ရုရှားစစ်သင်္ဘောနှစ်စင်းသည် ပြီးခဲ့သည့်စနေနေ့တွင် ပင်လယ်နက်သို့ ရောက်ရှိခဲ့သည်။တူရကီကမ်းခြေစောင့်တပ် မှ ရေယာဉ်များစွာက အဆိုပါ စစ်သင်္ဘောနှစ်စင်းအား ကီလိုမီတာ ၃၀ အရှည်ရှိ ဘောစ်ဖောရပ်စ် ရေလက်ကြား တစ်လျှောက် ခြံရံလိုက်ပါခဲ့ကြသည်။ ဘောစ်ဖောရပ်စ် ရေလက်ကြားမှာ ပင်လယ်နက်နှင့် မာမာရာပင်လယ်တို့အားချိတ်ဆက်ထားခြင်းဖြစ်ပြီးကမ္ဘာ့ ရေကြောင်းသွားလာမှုအများဆုံးရေလက်ကြားတစ်ခုလည်းဖြစ်သည်။
သောကြာနေ့တွင် ရုရှားစစ်သင်္ဘောနှစ်စင်းသည် Canakkale ပြည်နယ် Dardanelles ရေလက်ကြားအားဖြတ်သန်းကာ မာမာရာပင်လယ်သို့ အေဂျီယန်ပင်လယ်ဘက်မှ ဝင်ရောက်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန် စစ်သင်္ဘော (၂)စီးသည် ဧပြီ ၁၄ ရက်နှင့် ၁၅ ရက်တွင် Bosphorus ရေလက်ကြားကို ဖြတ်မည်ဟု အမေရိကန်က တူရကီကို သံတမန်ရေးအရ အကြောင်းကြားခဲ့ဖူးသည်။ ထိုခရီးစဉ်မှာနောင်တွင် ပျက်ပျယ်ခဲ့ကြောင်းသိရသည်။ (Xinhua)